သတင္း

ဘယ္အၿငႇဳိးနဲ႔ ဖ်က္ဆီးေနတာလဲ

ဘကေက်ာင္းေတြကို ဖ်က္သိမ္းခ်င္ေတာ့ အျပစ္အမ်ဳိးမ်ဳိးရွာၾကတယ္။ဧရာဝတီတုိင္းအစိုးရက ဆယ္တန္းေတြေအာင္ခ်က္မေကာင္းတာ ဘကေက်ာင္းေတြေၾကာင့္လို႔ အေၾကာင္းျပတယ္။အစုိးရစာသင္ေက်ာင္းေတြမွာ ေက်ာင္းသားေက်ာင္းသူမရွိတာ ဘကေက်ာင္းေတြေၾကာင့္လို႔ ရိုးမယ္ဖြဲ႔ၾကျပန္တယ္။ဒီတစ္ခါေတာ့ ဘကေက်ာင္းေတြ အလွဴမခံရအမိန္႔ ထုတ္လာျပန္တယ္။လႊတ္ေတာ္ထဲမွာ ဘကေက်ာင္းေတြ ဖ်က္သိမ္းဖို႔ အဆိုျပဳသူကျပဳလာတယ္။ကန္႔ကြက္တဲ့သူက အေၾကာင္းျပခုိင္လံုတာရယ္၊ သံဃာထုႏွင့္ လူထု လက္မခံတာရယ္ေၾကာင့္ တိတ္တိတ္ပုန္းေလး အမိန္႔ထုတ္ျပန္လာပါတယ္။

ပညာသားပါပါ ေကာက္က်စ္တဲ့နည္းလမ္းႏွင့္ ဘကေတြ အသစ္မတုိးေအာင္ ရွိၿပီးသားေတြ အဆင့္ထပ္ျမႇင့္လို႔မရေအာင္ ႀကံစည္အားထုတ္လာၾကတယ္။ဥပမာ ဘကေက်ာင္းအသစ္ (၅၀)ေလွ်ာက္ထားရင္ တစ္ေက်ာင္းေလာက္ပဲ ျပန္လည္စစ္ေဆးၿပီး လက္ခံဖုိ႔ ခြင့္ျပဳတာတုိ႔၊ မူလတန္းေက်ာင္းမွ မူလြန္အဆင့္ျမႇင့္တင္ဖုိ႔ေလွ်ာက္တဲ့အခါ ခြင့္မျပဳတာတုိ႔ပါပဲ။အခုလည္းၾကည့္ေလ ေက်ာင္းေတြကို ၿဖဳိခြင္းမရလုိ႔ ေက်ာင္းေတြရပ္တည္လို႔မရေအာင္ ရိကၡာလမ္းေၾကာင္းျဖတ္ေတာက္ပစ္ကုန္ၾကၿပီ။

တစ္ေက်ာင္းတေလ စည္းကမ္းပ်က္တာနဲ႔ပဲ ေက်ာင္းအားလံုးကို ဒီလိုအမိန္႔ထုတ္တယ္ဆိုေတာ့ ဘယ္တရားပါ့မလဲဗ်ာ။စည္းကမ္းပ်က္တဲ့ေက်ာင္းကို ဥပေဒအရ အေရးယူလုိက္ရင္ ၿပီးတာပဲမဟုတ္လား။က်န္တဲ့ေက်ာင္းေတြ က်ဴလြန္ရဲၾကပါဦးမလား။

ဒီအမိန္႔ႏွင့္ပတ္သက္ၿပီး မဟနကို ရႈတ္ခ်ပါတယ္။တနကကိုလည္း ရႈတ္ခ်ပါတယ္။မနကကိုလည္း ရႈတ္ခ်ပါတယ္။သာသနာေရးဌာနႀကီးတစ္ခုလံုးကိုလည္း ရႈတ္ခ်ပါတယ္။ဘကေက်ာင္းသာသနာကို ဖ်က္ဆီးေနတယ္လို႔ ယူဆပါတယ္။ဝီရသူ(မစုိးရိမ္)19.9.2018

“ဘယ်အငြှိုးနဲ့ ဖျက်ဆီးနေတာလဲ”

ဘကကျောင်းတွေကို ဖျက်သိမ်းချင်တော့ အပြစ်အမျိုးမျိုးရှာကြတယ်။ ဧရာဝတီတိုင်းအစိုးရက ဆယ်တန်းတွေအောင်ချက်မကောင်းတာ ဘကကျောင်းတွေကြောင့်လို့ အကြောင်းပြတယ်။
အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းသားကျောင်းသူမရှိတာ ဘကကျောင်းတွေကြောင့်လို့ ရိုးမယ်ဖွဲ့ကြပြန်တယ်။

ဒီတစ်ခါတော့ ဘကကျောင်းတွေ အလှူမခံရအမိန့် ထုတ်လာပြန်တယ်။ လွှတ်တော်ထဲမှာ ဘကကျောင်းတွေ ဖျက်သိမ်းဖို့ အဆိုပြုသူကပြုလာတယ်။ ကန့်ကွက်တဲ့သူက အကြောင်းပြခိုင်လုံတာရယ်၊ သံဃာထုနှင့် လူထု လက်မခံတာရယ်ကြောင့် တိတ်တိတ်ပုန်းလေး အမိန့်ထုတ်ပြန်လာပါတယ်။

ပညာသားပါပါ ကောက်ကျစ်တဲ့နည်းလမ်းနှင့် ဘကတွေ အသစ်မတိုးအောင် ရှိပြီးသားတွေ အဆင့်ထပ်မြှင့်လို့မရအောင် ကြံစည်အားထုတ်လာကြတယ်။ ဥပမာ ဘကကျောင်းအသစ် (၅၀)လျှောက်ထားရင် တစ်ကျောင်းလောက်ပဲ ပြန်လည်စစ်ဆေးပြီး လက်ခံဖို့ ခွင့်ပြုတာတို့၊ မူလတန်းကျောင်းမှ မူလွန်အဆင့်မြှင့်တင်ဖို့လျှောက်တဲ့အခါ ခွင့်မပြုတာတို့ပါပဲ။ အခုလည်းကြည့်လေ ကျောင်းတွေကို ဖြိုခွင်းမရလို့ ကျောင်းတွေရပ်တည်လို့မရအောင် ရိက္ခာလမ်းကြောင်းဖြတ်တောက်ပစ်ကုန်ကြပြီ။

တစ်ကျောင်းတလေ စည်းကမ်းပျက်တာနဲ့ပဲ ကျောင်းအားလုံးကို ဒီလိုအမိန့်ထုတ်တယ်ဆိုတော့ ဘယ်တရားပါ့မလဲဗျာ။ စည်းကမ်းပျက်တဲ့ကျောင်းကို ဥပဒေအရ အရေးယူလိုက်ရင် ပြီးတာပဲမဟုတ်လား။ ကျန်တဲ့ကျောင်းတွေ ကျူလွန်ရဲကြပါဦးမလား။

ဒီအမိန့်နှင့်ပတ်သက်ပြီး မဟနကို ရှုတ်ချပါတယ်။ တနကကိုလည်း ရှုတ်ချပါတယ်။ မနကကိုလည်း ရှုတ်ချပါတယ်။ သာသနာရေးဌာနကြီးတစ်ခုလုံးကိုလည်း ရှုတ်ချပါတယ်။ ဘကကျောင်းသာသနာကို ဖျက်ဆီးနေတယ်လို့ ယူဆပါတယ်။
ဝီရသူ(မစိုးရိမ်)
19.9.2018