Daily Archives: September 20, 2018

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ပညာရေးအကယ်ဒမီကျောင်းဖွင့်ပွဲ

(မန်း မဘသ၊ မျိုးချစ်သမဂ္ဂ၊ အမျိုးသားရေးအင်အားစု၊ မန်းမဟော်သဓာ၊ ရောဟိနီအဖွဲ့၊ နဂါးနီအဖွဲ့ စသည်စသည်ဖြင့် အမျိုးသားရေးညီအစ်ကိုမောင်နှမအားလုံးကို ဖိတ်ကြားပါသည်။ ဘာမှ မသိလိုက်ရဘူးဟူ၍ မဖြစ်ရလေအောင် အွန်လိုင်းပေါ်မှာ တက်ကြော်ငြာပါသည်။ ဦးပဉ္စင်းဦးဝီရသူ ဘာတွေလုပ်နေလဲသိရအောင် ကြွရောက်အားပေးကြခင်ဗျာ။) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်) တည်ထောင်ထားအပ်သော ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဖွင့်ပွဲအခမ်းအနားကို တော်သလင်းလဆန်း ၁၄ ရက် (23.9.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါမည်။ ပညာရေးအကယ်ဒမီကျောင်းကို စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ...
ဝီရသူဖောင်ဒေးရှင်းသတင်း

မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော် – ၂)

အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ် ရေး) မိသားစုတို့ က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်လှူဒါန်းပါသည်။ ဦးမိုးကိုမိသားစုသည် ဝီရသူဖောင်ဒေးရှင်းကို လစဉ် အလှူငွေ ၁၀သိန်းကျပ်စီ သိန်း၃၀၀ပြည့်သည်အထိ စိုက်ထူ လှူဒါန်းသွားမည်ဖြစ်ပါသည်။ယခုဆိုလျှင် ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁သိန်းကျပ်နှင့်ပေါင်းပါက ၁၁သိန်းရရှိပြီဖြစ်ပါသည်။ ဖောင်ဒေးရှင်း လစဉ် အလှူငွေမှာ တစ်လလျှင် ၅၀၀၀ကျပ်ဖြစ်ပါသည်။ဦးသိန်းဆောင် ညောင်ကွဲရပ်က ၂၀ကဒ်ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုက ၅၀ကဒ်ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ မိသားစုက ၁၀ကဒ်ဒေါ်ချို ရမည်းသင်းမြို ...
သတင်း

ဘယ်အငြှိုးနဲ့ ဖျက်ဆီးနေတာလဲ

ဘကကျောင်းတွေကို ဖျက်သိမ်းချင်တော့ အပြစ်အမျိုးမျိုးရှာကြတယ်။ဧရာဝတီတိုင်းအစိုးရက ဆယ်တန်းတွေအောင်ချက်မကောင်းတာ ဘကကျောင်းတွေကြောင့်လို့ အကြောင်းပြတယ်။အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းသားကျောင်းသူမရှိတာ ဘကကျောင်းတွေကြောင့်လို့ ရိုးမယ်ဖွဲ့ကြပြန်တယ်။ဒီတစ်ခါတော့ ဘကကျောင်းတွေ အလှူမခံရအမိန့် ထုတ်လာပြန်တယ်။လွှတ်တော်ထဲမှာ ဘကကျောင်းတွေ ဖျက်သိမ်းဖို့ အဆိုပြုသူကပြုလာတယ်။ကန့်ကွက်တဲ့သူက အကြောင်းပြခိုင်လုံတာရယ်၊ သံဃာထုနှင့် လူထု လက်မခံတာရယ်ကြောင့် တိတ်တိတ်ပုန်းလေး အမိန့်ထုတ်ပြန်လာပါတယ်။ ပညာသားပါပါ ကောက်ကျစ်တဲ့နည်းလမ်းနှင့် ဘကတွေ အသစ်မတိုးအောင် ရှိပြီးသားတွေ အဆင့်ထပ်မြှင့်လို့မရအောင် ကြံစည်အားထုတ်လာကြတယ်။ဥပမာ ဘကကျောင်းအသစ် (၅၀)လျှောက်ထားရင် တစ်ကျောင်းလောက်ပဲ ပြန်လည်စစ်ဆေးပြီး လက်ခံဖို့ ခွင့်ပြုတာတို့၊ မူလတန်းကျောင်းမှ မူလွန်အဆင့်မြှင့်တင်ဖို့လျှောက်တဲ့အခါ ခွင့်မပြုတာတို့ပါပဲ။အခုလည်းကြည့်လေ ကျောင်းတွေကို ဖြိုခွင်းမရလို့ ကျောင်းတွေရပ်တည်လို့မရအောင် ...
သတင်း

ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်း ဆရာ ဆရာမများအစည်းအဝေး

တော်သလင်းလဆန်း ၈ ရက် (17.9.2018)ရက်နေ့၊ ည ၆း၃၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာကျောင်းဝင်းအတွင်းရှိ ပညာဒါနကျူရှင်ကျောင်းဆောင်မှာ ကျင်းပပါတယ်။ မန်းမဟော်သဓာပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်၊ ကျူရှင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်နှင့် ဘာသာပြ ဆရာ ဆရာမများ၊ ဂိုက်ဆရာ ဆရာမများ တက်ရောက်ကြပါတယ်။ညဘက်ဂိုက်တန်းခေါ်ဖို့အတွက် အကြိုဆွေးနွေးကြတာပါ။အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပါမယ်။ကျောင်းသားများစာရင်းကောက်ယူခြင်း၊ မိဘများသဘောထားတောင်းခံခြင်း၊ မိဘများတာယူမှုရှိမရှိ စုံစမ်းခြင်းများ ပြုလုပ်ပြီးမှ ညဂိုက်တန်းလက်ခံပါမယ်။ ၁။ ညဂိုက်တန်းတက်လိုသည့် ကျောင်းသားကျောင်းသူစာရင်း၊ ၂။ မိဘများက သဘောတူခြင်း၊ ၃။ ...