သတင်း

မန်းမဘသ ရခိုင်ခရီးစဉ်(၈)”

အောက်တိုဘာလ(၁၄)ရက်နေ့ မနက် ၇း၃၀ နာရီမှာ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ယာဉ်တန်းဖြင့်ထွက်ခွါလာခဲ့ကြပါတယ်။ လမ်းကလည်းကြမ်းပါတယ်။ နေကလည်းပူပါတယ်။ လူကလည်းများပါတယ်။ အမျိုးသားများ အမိုးမပါတဲ့ကုန်ကားပေါ်မှ လိုက်ပါလာရတာဖြစ်လို့ ကားစောင့်တဲ့ဒဏ်ရော နေပူတဲ့ဒဏ်ပါ ခံကြရတာပါ။

ခမောင်းဆိပ်မြို့ကိုရောက်ရှိပါတယ်။ ခမောင်းဆိပ်ဆိုင်းဘုတ်နှင့် ဓာတ်ပုံရိုက်ချင်သော်လည်း မွန်းတည့်ခါနီးနေသဖြင့် မင်းခမောင်းရွာသို့ အပြေးသွားကြရပါတယ်။ ၁၁း၄၅ မှာ မင်းခမောင်းရွာသို့ ရောက်ပါတယ်။ နေ့ဆွမ်းအမြန်စားပြီး မင်းခမောင်းရွာ ကျောင်းထိုင်ဆရာတော်နှင့် စကားပြောဖြစ်ကြပါတယ်။ 

မင်းခမောင်းရွာသူရွာသားများကို မန်း မဘသ ဆရာတော်ကြီးများနှင့် မိတ်ဆက်ပေးပြီး မန်း မဘသအဖွဲ့၏ ရည်ရွယ်ချက်ကို ပြောပြကာ ခြုံစောင်အထည်၈၀ အာလူး ဆီ ငရုပ် အချိုမှုန့် ဆပ်ပြာတောင့် ခြောက်ဆွဲခြောက် အဝတ်အထည် တိုင်းရင်းဆေးမျိုးစုံ လှူဒါန်းခဲ့ပါတယ်။

ကျောင်းထိုင်ဆရာတော်ဦးပညာဝံသအား အလှူငွေတစ်သိန်းကျပ်နှင့် သင်္ကန်းအပါအဝင် ကော်ဖီမစ်ငါးသေတ္တာ လဖက်ခြောက် ထိုးမုန့် ခေါက်ဆွဲစတာတွေ ဆက်ကပ်ခဲ့ပါတယ်။ ခေါင်းဆောင်ကောင်းကိုရထားကြတဲ့ ရွာသူရွာသားတွေ စည်းလုံးညီညွတ်ကြဖို့နှင့် ဘုရားတရား မြဲကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မန်းမဘသအဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)က သြဝါဒမိန့်ပါတယ်။ 

၎င်းနောက် ကလေးငယ်များအား အအေးဗူး ဘီစကစ် သကြားလုံးများ ဝေငှပေးကြပါတယ်။ မင်းခမောင်းရွာလေးမှာ အိမ်ခြေ ၈၀ ရှိပါတယ်။ အားလုံးရခိုင်လူမျိုးချည်းဖြစ်ပါတယ်။ ကြံ့ကြံ့ခံ ကာကွယ်နိုင်ခဲ့လို့ မင်းခမောင်းရွာမကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။ မင်းခမောင်းရွာကို ဘင်္ဂလီတွေ အစုလိုက်အပြုံလိုက် အုပ်စုဖွဲ့ ချီတက်လာတော့ ကင်းစောင့်နေသောရခိုင်သားများက သေနတ်ဖြင့် ပစ်ဖောက်၍ အသံပေးပါတယ်။ သေနတ်သံများ ဆက်တိုက်ဆိုသလို ကြားကြတာကြောင့် ဘင်္ဂလီတွေရှေ့ဆက်မတက်ကြတော့ပါ။ သို့သော် ညအခါ တိတ်တဆိတ် ခမောင်းဆိတ်ရွာဘုန်းကြီးကျောင်းကို ဝင်စီးဖို့ကြံစည်ကြပါတယ်။ ဘုန်းကြီးကျောင်းစောင့် ရခိုင်သားများက ညာသံပေး၍ သေနတ်ပစ်ဖောက်တာကြောင့် ဘင်္ဂလီများ အကြံမအောင်ခြင်းဖြစ်ပါတယ်။
မင်းခမောင်းရွာသူရွာသားများ ကံကောင်းကြပါတယ်။ ရွာဘုန်းကြီးရဲ့ဦးဆောင်မှုကြောင့် အန္တရာယ်ကင်းကြလို့ပါပဲ။
ရခိုင်သူရခိုင်သားများ မင်းခမောင်းရွာသူရွာသားများလို ခေါင်းဆောင်ကောင်းများ ရရှိကြပါစေ။ အန္တရာယ်ကင်းကြပါစေ။