Daily Archives: October 27, 2017

သတင်း

စဥ့်ကိုင်မြို့နယ်တွင် ပြုလုပ်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား ဓာတ်ပုံအချို့နှင့် ပတ်သက်၍ ဝေဖန်မှုများ ပျံ့နှံ့လျက်ရှိပြီး ရဟန်းသာမဏေများနှင့် ...

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်တွင် အောက်တိုဘာ ၂၄ ရက်က စဥ့်ကိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားမှ ဓာတ်ပုံအချို့အပေါ် လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး အဆိုပါ အခမ်းအနား၌ ထိုင်ခုံဖြင့် နေရာချထားပေးသည့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် လူပုဂ္ဂိုလ်များအောက်တွင် ရှင်သာမဏေ (ကိုရင်ငယ်) များကို နေရာချထားစေမှုမှာ မဖြစ်သင့်ကြောင်း မန္တလေးမြို့ခံ ဆရာတော်များက မိန့်ကြားသည်။ ထိုသို့ပျံ့နှံ့ထွက်ပေါ်မှုအပေါ် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်နာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဥာဏာဘိဝံသက ...
သတင်း

သူဌေးတန်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်

တန်ဆောင်မုန်းလဆန်း ၆ရက်(25.10.2017)ရက်နေ့ ညနေ ၆း၀၀ နာရီမှာ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သူဌေးတန်းကျောင်းဆရာတော်ကြီးအား သွားရောက်ဖူးမြော်ပါတယ်။ ခရီးရောက်မဆိုက်ပါပဲ။ နေကောင်းလား အရင်မေးပါတယ်။ ရှိခိုးဦးချရင်း ဂျာနယ်လ်ကပ်လှူအပြီးမှာ ဒီနားလာဟု ခေါ်ပါတယ်။ စာရေးသူက လက်အုပ်ချီ အရိုအသေပြုရင်း အနားသွားတဲ့အခါ စာရေးသူရဲ့ ဦးခေါင်းကို လက်ဝါးဖြင့်အုပ်ထားပါတယ်။ စာရေးသူက ဆရာတော်ကြီး တစ်ခုခုပြောချင်တယ်ထင်ပြီး အမိန့်ရှိပါဘုရားဟု လျှောက်တဲ့အခါ ငါ ဆုတောင်းပေးမလို့ကွဟု မိန့်ကာ သစ္စာဆို ဆုတောင်းပေးပါတယ်။ ဆရာတော်ကြီး သစ္စာဆိုဆုတောင်းပေးတာ စက္ကလန့်လေးဆယ်ကြာပါတယ်။ “ငါသည် ၂၂၇ သွယ်သော ရဟန်းသိက္ခာများကို ...
သတင်း

မန်းမဘသ ရခိုင်ခရီးစဉ်(၈)”

အောက်တိုဘာလ(၁၄)ရက်နေ့ မနက် ၇း၃၀ နာရီမှာ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ယာဉ်တန်းဖြင့်ထွက်ခွါလာခဲ့ကြပါတယ်။ လမ်းကလည်းကြမ်းပါတယ်။ နေကလည်းပူပါတယ်။ လူကလည်းများပါတယ်။ အမျိုးသားများ အမိုးမပါတဲ့ကုန်ကားပေါ်မှ လိုက်ပါလာရတာဖြစ်လို့ ကားစောင့်တဲ့ဒဏ်ရော နေပူတဲ့ဒဏ်ပါ ခံကြရတာပါ။ ခမောင်းဆိပ်မြို့ကိုရောက်ရှိပါတယ်။ ခမောင်းဆိပ်ဆိုင်းဘုတ်နှင့် ဓာတ်ပုံရိုက်ချင်သော်လည်း မွန်းတည့်ခါနီးနေသဖြင့် မင်းခမောင်းရွာသို့ အပြေးသွားကြရပါတယ်။ ၁၁း၄၅ မှာ မင်းခမောင်းရွာသို့ ရောက်ပါတယ်။ နေ့ဆွမ်းအမြန်စားပြီး မင်းခမောင်းရွာ ကျောင်းထိုင်ဆရာတော်နှင့် စကားပြောဖြစ်ကြပါတယ်။  မင်းခမောင်းရွာသူရွာသားများကို မန်း မဘသ ဆရာတော်ကြီးများနှင့် မိတ်ဆက်ပေးပြီး မန်း မဘသအဖွဲ့၏ ရည်ရွယ်ချက်ကို ပြောပြကာ ခြုံစောင်အထည်၈၀ အာလူး ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၇၀)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မတ္တရာမြို့နယ်၊ ကျောင်းကုန်းရွာနေ ဒေါ်အေးမြတ်သူမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။(25.10.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၅၂၅,၅၀၀ိ ကျပ်။ စုစုပေါင်း – ၁၈၃,၇၂၅,၅၀၀ ...