သတင္းေလာကအလင္းပညာဒါနေက်ာင္း

အာဇာနည္ေန႔ ေလာကအလင္း ဝါဆိုသကၤန္းဆက္ကပ္လွဴဒါန္းပြဲ

၁၃၈၁-ခုႏွစ္ ဝါဆိုလျပည့္ေက်ာ္ ၃- ရက္ ေသာၾကာေန႔၊ (အာဇာနည္ေန႔)၊ ေန႔လယ္ ၂း၀၀ နာရီ၊ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာၿမိဳ႕သစ္၊ ၅၃လမ္းႏွင့္ ယုဇနလမ္းေဒါင့္မွာရွိတဲ့ ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္းမွာ က်င္းပပါတယ္။

ေလာကအလင္း သင္ၾကားေရးဆရာ ဆရာမမ်ား ေက်ာင္းသူေက်ာင္းသားမ်ား ဒုတိယအႀကိမ္ေျမာက္ ဝါဆိုသကၤန္းဆက္ကပ္လွဴဒါန္းပြဲ က်င္းပပါတယ္။

ေလာကအလင္း ပညာဒါနက်ဴရွင္ေက်ာင္းနာယက မဟာဣႏၵကာရာမေက်ာင္းတုိက္ဆရာေတာ္ဘုရားအမွဴးျပဳေသာ သံဃာေတာ္မ်ား၊ ဆရာ ဆရာမမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ားႏွင့္ ဧည့္ပရိတ္သတ္မ်ား တက္ေရာက္ၾကပါတယ္။ မဟာဣႏၵကာရာမဆရာေတာ္ဘုရားမွ ငါးပါးသီလႏွင့္ ၾသဝါဒမ်ား ခ်ီးျမႇင့္ပါတယ္။ ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ ပညာသင္ယူစဥ္အတြင္း ေဆာင္ရန္ ေရွာင္ရန္မ်ား ဆံုးမမိန္႔ၾကားေတာ္မူတာပါ။

ထို႔ေနာက္ ရပ္ကြက္သံဃနာယက ဆရာေတာ္ဘုရားမွလည္း ေက်ာင္းသူေက်ာင္းသားမ်ားအား စာႀကိဳးစားၾကရန္ ပညာသင္ယူစဥ္ အေပ်ာ္အပါး ေရွာင္ၾကဥ္ၾကရန္ ဆံုးမၾသဝါဒခ်ီးျမႇင့္ၿပီး ထူးခြ်န္ထက္ျမက္ေသာ ႏိုင္ငံ႔သားေကာင္း သမီးေကာင္းမ်ား ျဖစ္ပါေစေၾကာင္း ဆုေပးကာ အခမ္းအနားရုပ္ပါတယ္။
တက္ေရာက္လာၾကေသာ ဧည့္ပရိတ္သတ္မ်ားႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ားအား ေရခဲမုန္႔ႏွင့္ ကိတ္မုန္႔မ်ားျဖင့္ ဧည့္ခံေကြ်းေမြးပါတယ္။

ဝါဆိုသကၤန္းအလွဴကို ဆရာဆရာမမ်ားႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ား စုေပါင္းအလွဴေငြျဖင့္ က်င္းပျခင္းျဖစ္ပါတယ္။

ေလာကအလင္း ပညာဒါန က်ဴရွင္ေက်ာင္းကို ၂၀၁၂/၂၀၁၃- ပညာသင္ႏွစ္တြင္ စတင္ဖြင့္လွစ္ကာ ၈-ႏွစ္အတြင္းသို႔ ေရာက္ရွိလာခဲ႔ၿပီျဖစ္သည္။ မႏၲေလးၿမိဳ႕ မစိုးရိမ္တိုက္သစ္ ဓမၼသဟာယေက်ာင္းနာယကဆရာေတာ္ ဘဒၵႏၲဝိစိတၲာဘိဝံသ (ဝီရသူ-မစိုးရိမ္)မွ ဦးစီးတည္ေထာင္ျခင္းျဖစ္ပါတယ္။ ဆရာေတာ္၏ ဓမၼပူဇာအလွဴေငြမ်ားျဖင့္ (အထူးထုတ္မွအစ အခမဲ႔) တည္ေထာင္ဖြင့္လွစ္ထားတဲ့ တကၠသိုလ္ဝင္တန္း ပညာဒါနေက်ာင္းျဖစ္ပါတယ္။ ၂၀၁၂/၂၀၁၃- ပညာသင္ႏွစ္ ေအာင္ျမင္သူမ်ားထဲမွာ ဂုဏ္ထူးတစ္ဘာသာထြက္ရွိၿပီး ဂုဏ္ထူးရွင္ေလးက မူဆလင္ေက်ာင္းေလးပဲ ျဖစ္ပါတယ္။

ဆရာေတာ္မွ ေက်ာင္းသူေက်ာင္းသားမ်ား ေက်ာင္းစာကို ႀကိဳးစားစြာသင္ယူ လိုက္နာေစရန္အတြက္ ဂုဏ္ထူးတစ္ဘာသာပါလွ်င္ တစ္သိန္းက်ပ္၊ ထူးခြ်န္ထက္ျမက္ေအာင္ သင္ၾကားျပသေပးေသာ ဆရာမ်ားအား တစ္သိန္းက်ပ္ျဖင့္ ဂုဏ္ျပဳဆုေပးေတာ္မူပါတယ္။

၂၀၁၈/၂၀၁၉-ခု ပညာသင္ႏွစ္၌ ၁၉-ဦးေအာင္ျမင္ကာ ဇီဝေဘဒ ဂုဏ္ထူးရွင္ ၂- ထြက္ေပၚခဲ႔ပါတယ္။ ယခုအခါ ေလာကအလင္း ပညာဒါနက်ဴ႐ွင္ေက်ာင္းမွ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သူေပါင္း ၁၂၀-ေက်ာ္ ေမြးထုတ္ေပးႏိုင္ခဲ႔ၿပီ ျဖစ္ေပသည္။

ဆရာေတာ္၏ အဆံုးအမ ၾသဝါဒဆံုးမ စကားမွာကား……

“*သာသနာကို ဦးထိပ္ထားမွ လူေကာင္းတစ္ေယာက္ ျဖစ္မည္။
*ပညာေရးကို ဦးစားေပးမွ လူေတာ္တစ္ေယာက္ ျဖစ္မည္။
*ယဥ္ေက်းမႈကို တန္ဖိုးထားမွ လူယဥ္ေက်း တစ္ေယာက္ ျဖစ္မည္။
ေကာင္းျခင္း ေတာ္ျခင္း ယဥ္ေက်းျခင္းသည္ ဘဝတစ္ခု၏ အႏွစ္သာရ ျဖစ္သည္။

ထို႔ေၾကာင့္
*အဆံုးအမကို လိုက္နာျခင္းျဖင့္ လူေကာင္းျဖစ္ေအာင္ ျပဳျပင္ပါ။
*ပညာကို လိုလားစြာ ဆည္းပူးျခင္းျဖင့္ လူေတာ္ျဖစ္ေအာင္ ႀကိဳးစားပါ။

ယဥ္ေက်းမႈကို တန္ဖိုးထားျခင္းျဖင့္ ကိုယ္ နႈတ္ အမူအယာ ထိန္းသိမ္းပါ။”-ဟူသည္တည္း။

“သာသနာ ပညာယဥ္ေက်းမႈ ေကာင္းေတာ္ယဥ္ေအာင္ျပဳ။”

သုမန(လယ္တြင္း)19.7.2019

“အာဇာနည်နေ့ လောကအလင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ”

၁၃၈၁-ခုနှစ် ဝါဆိုလပြည့်ကျော် ၃- ရက် သောကြာနေ့၊ (အာဇာနည်နေ့)၊ နေ့လယ် ၂း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာမြို့သစ်၊ ၅၃လမ်းနှင့် ယုဇနလမ်းဒေါင့်မှာရှိတဲ့ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ လောကအလင်း သင်ကြားရေးဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပါတယ်။

လောကအလင်း ပညာဒါနကျူရှင်ကျောင်းနာယက မဟာဣန္ဒကာရာမကျောင်းတိုက်ဆရာတော်ဘုရားအမှူးပြုသော သံဃာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြပါတယ်။ မဟာဣန္ဒကာရာမဆရာတော်ဘုရားမှ ငါးပါးသီလနှင့် သြဝါဒများ ချီးမြှင့်ပါတယ်။ ကျောင်းသူကျောင်းသားများအတွက် ပညာသင်ယူစဉ်အတွင်း ဆောင်ရန် ရှောင်ရန်များ ဆုံးမမိန့်ကြားတော်မူတာပါ။

ထို့နောက် ရပ်ကွက်သံဃနာယက ဆရာတော်ဘုရားမှလည်း ကျောင်းသူကျောင်းသားများအား စာကြိုးစားကြရန် ပညာသင်ယူစဉ် အပျော်အပါး ရှောင်ကြဉ်ကြရန် ဆုံးမသြဝါဒချီးမြှင့်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း သမီးကောင်းများ ဖြစ်ပါစေကြောင်း ဆုပေးကာ အခမ်းအနားရုပ်ပါတယ်။ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် ကျောင်းသူကျောင်းသားများအား ရေခဲမုန့်နှင့် ကိတ်မုန့်များဖြင့် ဧည့်ခံကျွေးမွေးပါတယ်။

ဝါဆိုသင်္ကန်းအလှူကို ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ စုပေါင်းအလှူငွေဖြင့် ကျင်းပခြင်းဖြစ်ပါတယ်။

လောကအလင်း ပညာဒါန ကျူရှင်ကျောင်းကို ၂၀၁၂/၂၀၁၃- ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ကာ ၈-နှစ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်)မှ ဦးစီးတည်ထောင်ခြင်းဖြစ်ပါတယ်။ ဆရာတော်၏ ဓမ္မပူဇာအလှူငွေများဖြင့် (အထူးထုတ်မှအစ အခမဲ့) တည်ထောင်ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်ဝင်တန်း ပညာဒါနကျောင်းဖြစ်ပါတယ်။ ၂၀၁၂/၂၀၁၃- ပညာသင်နှစ် အောင်မြင်သူများထဲမှာ ဂုဏ်ထူးတစ်ဘာသာထွက်ရှိပြီး ဂုဏ်ထူးရှင်လေးက မူဆလင်ကျောင်းလေးပဲ ဖြစ်ပါတယ်။

ဆရာတော်မှ ကျောင်းသူကျောင်းသားများ ကျောင်းစာကို ကြိုးစားစွာသင်ယူ လိုက်နာစေရန်အတွက် ဂုဏ်ထူးတစ်ဘာသာပါလျှင် တစ်သိန်းကျပ်၊ ထူးချွန်ထက်မြက်အောင် သင်ကြားပြသပေးသော ဆရာများအား တစ်သိန်းကျပ်ဖြင့် ဂုဏ်ပြုဆုပေးတော်မူပါတယ်။

၂၀၁၈/၂၀၁၉-ခု ပညာသင်နှစ်၌ ၁၉-ဦးအောင်မြင်ကာ ဇီဝဘေဒ ဂုဏ်ထူးရှင် ၂- ထွက်ပေါ်ခဲ့ပါတယ်။ ယခုအခါ လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူပေါင်း ၁၂၀-ကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပေသည်။

ဆရာတော်၏ အဆုံးအမ သြဝါဒဆုံးမ စကားမှာကား……

“*သာသနာကို ဦးထိပ်ထားမှ လူကောင်းတစ်ယောက် ဖြစ်မည်။
*ပညာရေးကို ဦးစားပေးမှ လူတော်တစ်ယောက် ဖြစ်မည်။
*ယဉ်ကျေးမှုကို တန်ဖိုးထားမှ လူယဉ်ကျေး တစ်ယောက် ဖြစ်မည်။
ကောင်းခြင်း တော်ခြင်း ယဉ်ကျေးခြင်းသည် ဘဝတစ်ခု၏ အနှစ်သာရ ဖြစ်သည်။

ထို့ကြောင့်
*အဆုံးအမကို လိုက်နာခြင်းဖြင့် လူကောင်းဖြစ်အောင် ပြုပြင်ပါ။
*ပညာကို လိုလားစွာ ဆည်းပူးခြင်းဖြင့် လူတော်ဖြစ်အောင် ကြိုးစားပါ။

ယဉ်ကျေးမှုကို တန်ဖိုးထားခြင်းဖြင့် ကိုယ် နှုတ် အမူအယာ ထိန်းသိမ်းပါ။”-ဟူသည်တည်း။

“သာသနာ ပညာယဉ်ကျေးမှု ကောင်းတော်ယဉ်အောင်ပြု။”

သုမန(လယ်တွင်း)19.7.2019