သတင္း

ေအးခ်မ္းသာယာေတာဆရာေတာ္ႀကီး ၾကြေရာက္အားေပး

သီတင္းကၽြတ္လဆန္း ၈ ရက္ (17.10.2018)ရက္ေန႔၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းသို႔ ၾကြေရာက္ခ်ီးေျမႇာက္ေတာ္မူတာပါ။
ဆရာေတာ္ႀကီးက ကရင္ျပည္နယ္၊ ေကာကရိတ္ၿမဳိ႕နယ္၊ က်ဳံဒိုးၿမဳိ႕၊ ေကာ့ဝါလဲေက်းရြာ၊ ေအးခ်မ္းသာယာေတာရဆရာေတာ္ႀကီး ဘဒၵႏၲကဝိနႏၵ ျဖစ္ပါတယ္။

မစုိးရိမ္တုိက္သစ္ ဒီဃဒႆီ သာမေဏေက်ာ္ေဖာင္ေဒးရွင္းသို႔ ၾကြေရာက္ေတာ္မူရင္း စာေရးသူထံ ဝင္ေရာက္အားေပးျခင္းပဲ ျဖစ္ပါတယ္။ ဆရာေတာ္ႀကီးက သက္ေတာ္ (၇၀)ေက်ာ္ပါၿပီ။
သာသနာေတာ္ႀကီးအတြက္ စာသင္တုိက္ဖြင့္ျခင္း၊ စာေမးပြဲမ်ားက်င္းပေပးျခင္းျဖင့္ မေမာႏိုင္မပန္းႏိုင္ ေဆာင္ရြက္ေတာ္မူဆဲ ျဖစ္ပါတယ္။ သာသနမာမက သာသနာလကၤာရ သာမေဏေက်ာ္အသင္း (ကရင္သာမေစဏေက်ာ္)တည္ေထာင္ထားတာ သံုးႏွစ္ျပည့္သြားပါၿပီ။ သံုးႏွစ္ျပည့္အထူးထုတ္ ဓမၼစာေစာင္ေတာင္ ထုတ္ေဝထားပါၿပီ။

ဝီရသူေဖာင္ေဒးရွင္းအတြက္ အလွဴေငြ (၁)သိန္းက်ပ္ ခ်ီးေျမႇာက္ေတာ္မူပါတယ္။ ျပည္ခ်စ္သားဂ်ာနယ္အတြက္ တစ္ႏွစ္စာ ေငြေပးေခ်သြားပါတယ္။ ေအးခ်မ္းသာယာေတာဆရာေတာ္ႀကီးလို ညီေတာင္ေနာင္ေတာ္မ်ား ႀကဳိးစားေတာ္မူၾကပါဘုရား။

“အေးချမ်းသာယာတောဆရာတော်ကြီး ကြွရောက်အားပေး”

သီတင်းကျွတ်လဆန်း ၈ ရက် (17.10.2018)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ ကြွရောက်ချီးမြှောက်တော်မူတာပါ။ ဆရာတော်ကြီးက ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကော့ဝါလဲကျေးရွာ၊ အေးချမ်းသာယာတောရဆရာတော်ကြီး ဘဒ္ဒန္တကဝိနန္ဒ ဖြစ်ပါတယ်။

မစိုးရိမ်တိုက်သစ် ဒီဃဒဿီ သာမဏေကျော်ဖောင်ဒေးရှင်းသို့ ကြွရောက်တော်မူရင်း စာရေးသူထံ ဝင်ရောက်အားပေးခြင်းပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးက သက်တော် (၇၀)ကျော်ပါပြီ။
သာသနာတော်ကြီးအတွက် စာသင်တိုက်ဖွင့်ခြင်း၊ စာမေးပွဲများကျင်းပပေးခြင်းဖြင့် မမောနိုင်မပန်းနိုင် ဆောင်ရွက်တော်မူဆဲ ဖြစ်ပါတယ်။ သာသနမာမက သာသနာလင်္ကာရ သာမဏေကျော်အသင်း (ကရင်သာမစေဏကျော်)တည်ထောင်ထားတာ သုံးနှစ်ပြည့်သွားပါပြီ။
သုံးနှစ်ပြည့်အထူးထုတ် ဓမ္မစာစောင်တောင် ထုတ်ဝေထားပါပြီ။

ဝီရသူဖောင်ဒေးရှင်းအတွက် အလှူငွေ (၁)သိန်းကျပ် ချီးမြှောက်တော်မူပါတယ်။ ပြည်ချစ်သားဂျာနယ်အတွက် တစ်နှစ်စာ ငွေပေးချေသွားပါတယ်။ အေးချမ်းသာယာတောဆရာတော်ကြီးလို ညီတောင်နောင်တော်များ ကြိုးစားတော်မူကြပါဘုရား။