Daily Archives: October 20, 2018

သတင်း

အေးချမ်းသာယာတောဆရာတော်ကြီး ကြွရောက်အားပေး

သီတင်းကျွတ်လဆန်း ၈ ရက် (17.10.2018)ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ ကြွရောက်ချီးမြှောက်တော်မူတာပါ။ ဆရာတော်ကြီးက ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကော့ဝါလဲကျေးရွာ၊ အေးချမ်းသာယာတောရဆရာတော်ကြီး ဘဒ္ဒန္တကဝိနန္ဒ ဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ် ဒီဃဒဿီ သာမဏေကျော်ဖောင်ဒေးရှင်းသို့ ကြွရောက်တော်မူရင်း စာရေးသူထံ ဝင်ရောက်အားပေးခြင်းပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးက သက်တော် (၇၀)ကျော်ပါပြီ။သာသနာတော်ကြီးအတွက် စာသင်တိုက်ဖွင့်ခြင်း၊ စာမေးပွဲများကျင်းပပေးခြင်းဖြင့် မမောနိုင်မပန်းနိုင် ဆောင်ရွက်တော်မူဆဲ ဖြစ်ပါတယ်။ သာသနမာမက သာသနာလင်္ကာရ သာမဏေကျော်အသင်း (ကရင်သာမစေဏကျော်)တည်ထောင်ထားတာ သုံးနှစ်ပြည့်သွားပါပြီ။ သုံးနှစ်ပြည့်အထူးထုတ် ဓမ္မစာစောင်တောင် ထုတ်ဝေထားပါပြီ။ ဝီရသူဖောင်ဒေးရှင်းအတွက် အလှူငွေ (၁)သိန်းကျပ် ...
နဂါးနီစုဘူးသတင်း

နဂါးနီစုဘူးအသင်း ဗလာစာအုပ်အလှူ

7.10.2018 ရက်နေ့၊ နေ့ ၁၂း၀၀ နာရီ၊ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်းဝင်များ၏ သားသမီး ကျောင်းသား/သူများအား ဗလာစာအုပ်နှင့် ဘောလ်ပင်များ ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။ အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်) လှူဒါန်းတဲ့ ဗလာစာအုပ်နှင့် ဘောဘ်ပင်များကို နဂါးနီစုဘူး နာယကဆရာတော် အရှင်ဇဝနဦးဆောင်တဲ့ နဂါးနီစုဘူးအသင်း အီးစီအဖွဲ့ဝင်များက သွားရောက်လှူဒါန်းတာပါ။ မူလတန်းကျောင်းသား/သူ (၄၈)ဦး တစ်ဦးလျှင် ဗလာစာအုပ် (၃)အုပ်စီ၊ အလယ်တန်းကျောင်းသား/သူ (၃၆)ဦး တစ်ဦးလျှင် ဗလာစာအုပ် (၅)အုပ်၊ ဘောလ်ပင် (၂)ချောင်းစီ၊ အထက်တန်းကျောင်းသား/သူ (၉)ဦး တစ်ဦးလျှင် ဗလာစာအုပ် (၁၂)အုပ်၊ ဘောလ်ပင် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၅၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဦးကြည်လေး+ဒေါ်သင်းသင်းဝင်း၊ သမီး အိထက်ခိုင် မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (14.10.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
ဝီရသူဖောင်ဒေးရှင်းမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော်-၃၁)

ဝီရသူဖောင်ဒေးရှင်းအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့၊ ဒေါ်သန်းသန်းငွေ မိသားစုမှ အလှူငွေ ၄၂၀၀၀ိ (လေးသောင်းနှစ်ထောင်ကျပ်) လှူဒါန်းပါသည်။ (9.10.2018) ယခုဆိုလျှင် ၁။ ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁၅၀၀၀၀ ကျပ်၊ ၂။ အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်၊ ၃။ ကိုဇော်ဇော်ထွန်း+မတင်တင်မြိုင်၊ သား-ထူးမြတ်ဇေယျာ၊ သမီး-သိင်္ဂီဝင့်ဇော်၊ ကျောက်ဝိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး မိသားစုက အလှူငွေ ...