နဂါးနီစုဘူးသတင်း





“နဂါးနီစုဘူးအသင်း ဗလာစာအုပ်အလှူ”

7.10.2018 ရက်နေ့၊ နေ့ ၁၂း၀၀ နာရီ၊ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်းဝင်များ၏ သားသမီး ကျောင်းသား/သူများအား ဗလာစာအုပ်နှင့် ဘောလ်ပင်များ ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။ အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်) လှူဒါန်းတဲ့ ဗလာစာအုပ်နှင့် ဘောဘ်ပင်များကို နဂါးနီစုဘူး နာယကဆရာတော် အရှင်ဇဝနဦးဆောင်တဲ့ နဂါးနီစုဘူးအသင်း အီးစီအဖွဲ့ဝင်များက သွားရောက်လှူဒါန်းတာပါ။

မူလတန်းကျောင်းသား/သူ (၄၈)ဦး တစ်ဦးလျှင် ဗလာစာအုပ် (၃)အုပ်စီ၊ အလယ်တန်းကျောင်းသား/သူ (၃၆)ဦး တစ်ဦးလျှင် ဗလာစာအုပ် (၅)အုပ်၊ ဘောလ်ပင် (၂)ချောင်းစီ၊
အထက်တန်းကျောင်းသား/သူ (၉)ဦး တစ်ဦးလျှင် ဗလာစာအုပ် (၁၂)အုပ်၊ ဘောလ်ပင် (၃)ချောင်းစီ၊ စုစုပေါင်း ကျောင်းသား/သူ (၉၃)ဦးအား ဗလာစာအုပ် (၄၃၂)အုပ်နှင့် ဘောလ်ပင် (၉၉)ချောင်း လှူဒန်းခဲ့ပါတယ်။

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူသည် နဂါးနီစုဘူး(၇)ခုမှ အသင်းဝင်များ၏ သားသမီးကျောင်းသား/သူများအား ဗလာစာအုပ်များနှင့် ဘောလ်ပင်များလှူဒါန်းခြင်းမှာ စုဘူးစတင်တည်ထောင်သည်မှစ၍ နှစ်စဉ်လှူဒါန်းနေကျဖြစ်ပါတယ်။