သတင္း

ႏိုင္ငံေရး ဝိပလႅာသ (၁)

တုိင္းျပည္မြဲျပာက်ေအာင္ လုပ္ေနသူႀကီးကိုမွ
ဒုတိယဘုရားသခင္ဟု ယံုၾကည္ေနၾက။

ဒီမိုကေရစီရဲ႕ ဆန္႔က်င္ဘက္ အာဏာရွင္မႀကီးကိုမွ
ဒီမိုကေရစီေခါင္းေဆာင္ဟု မွတ္ထင္ေနၾက။

လိုတစ္မ်ဳိး မလိုတစ္မ်ဳိး ဥပေဒကိုထင္သလိုအသံုးျပဳေနသူႀကီးကိုမွ
ဥပေဒစုိးမိုးေရးနတ္သမီးဟု အထင္ႀကီးေနၾက။

လြတ္လပ္မႈေတြကို နည္းမ်ဳိးစံုနဲ႔ ပိတ္ပင္ေနသူႀကီးကိုမွ
လူ႔အခြင့္အေရးမယ္ေတာ္ႀကီးဟု ေလးစားေနၾက။

အတၱမာနနဲ႔ ေဒါသ အာဃာတေတြ ႀကီးမားေနသူႀကီးကိုမွ
ေမတၱာရွင္လို႔ တင္စားေနၾက။

အိုႀကီးအိုမ နန္႔ထေနသူႀကီးကိုမွ
အရိယာႀကီးဟု ကိုးကြယ္ေနၾက။

ေၾသာ္… ေလာက … ေလာက
ဝိပလႅာသတိမ္သလႅာ
ဘယ္ခ်ိန္ခါမွ ကြာက်ေလမလဲ
ေတြးရဲသူေတြ ေတြးၾကည့္ပါ။

ဝီရသူ(မစိုးရိမ္)
17.10.2019
PM-9:12

“နိုင်ငံရေး ဝိပလ္လာသ (၁)”

တိုင်းပြည်မွဲပြာကျအောင် လုပ်နေသူကြီးကိုမှ
ဒုတိယဘုရားသခင်ဟု ယုံကြည်နေကြ။

ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် အာဏာရှင်မကြီးကိုမှ
ဒီမိုကရေစီခေါင်းဆောင်ဟု မှတ်ထင်နေကြ။

လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေကိုထင်သလိုအသုံးပြုနေသူကြီးကိုမှ
ဥပဒေစိုးမိုးရေးနတ်သမီးဟု အထင်ကြီးနေကြ။

လွတ်လပ်မှုတွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်နေသူကြီးကိုမှ
လူ့အခွင့်အရေးမယ်တော်ကြီးဟု လေးစားနေကြ။

အတ္တမာနနဲ့ ဒေါသ အာဃာတတွေ ကြီးမားနေသူကြီးကိုမှ
မေတ္တာရှင်လို့ တင်စားနေကြ။

အိုကြီးအိုမ နန့်ထနေသူကြီးကိုမှ
အရိယာကြီးဟု ကိုးကွယ်နေကြ။

သြော်… လောက … လောက
ဝိပလ္လာသတိမ်သလ္လာ
ဘယ်ချိန်ခါမှ ကွာကျလေမလဲ
တွေးရဲသူတွေ တွေးကြည့်ပါ။

ဝီရသူ(မစိုးရိမ်)
17.10.2019
PM-9:12