Daily Archives: October 23, 2019

သတင်း

နိုင်ငံရေး ဝိပလ္လာသ (၂)

မောင်နှမလေး နှစ်ယောက်ရှိတာတောင် စကားမပြောနိုင်လောက်အောင် မသင့်မြတ်သူကြီးကိုမှ သင့်မြတ်ရေးမယ်လိုဒီဟု မှတ်ထင်နေကြ။ ပြည်ထောင်စုပြိုကွဲအောင် ဖြိုခွဲနေသူကြီးကိုမှ ပြည်ထောင်စုမိခင်ကြီးဟု အမွှန်းတင်နေကြ။ ခင်ညွန့်လောက်တောင် ငြိမ်းချမ်းအောင်မလုပ်နိုင်သူကြီးကိုမှ ငြိမ်းချမ်းရေးမိခင်ကြီးအသွင် ထင်မြင်နေကြ။ အပြောနှင့်အလုပ် တစ်ခြားစီကြီးကိုမှ ခေါင်းဆောင်ကောင်းတစ်ယောက်ဟု သတ်မှတ်နေကြ။ ပြည်သူ့အတွက် ဘာတစ်ခုမှအသုံးမကျသူကြီးကိုမှ ကမ္ဘာ့ခေါင်းဆောင်အဖြစ် ချီးကျူးနေကြ။ သြော်… မြန်မာပြည်ဟာ မချမ်းသာပေမယ့် နေချင်စရာကောင်းတယ် တဲ့။ ဟုတ်မှာပဲလေ လူတွေဟာ သူ့အတွက်တော့ ‘အချဉ်’ ဖြစ်နေတာကိုး… ။ ဝီရသူ(မစိုးရိမ်) 20.10.2019 “နိုင်ငံရေး ဝိပလ္လာသ (၂)” မောင်နှမလေး နှစ်ယောက်ရှိတာတောင် ...
သတင်း

မြန်မာ့နိုင်ငံရေး (၁)

နိုင်ငံရေးလောကထဲမှာ လူတွေနဲ့ ရောရောနှောနှော နေထိုင်လှုပ်ရှားတဲ့ ဘုန်းကြီးဆိုသူတွေကို ကြည့်လိုက်ရင် ဓုရဝိမုတ်(အလုပ်လက်မဲ့)တွေပဲ ဖြစ်နေတာကို တွေရလိမ့်မယ်။ ဥပမာ စာချဆရာတော်လည်း မဟုတ် စာချလောက်အောင်လည်း အရည်အချင်းမရှိ။ ကမ္မဋ္ဌာန်းဆရာလည်း မဟုတ် တရားပြလောက်အောင်လည်း တရားမသိ၊ တရားမရှိ။ ဒါပေမဲ့ သူတို့တွေဟာ စာချဆရာတော်တွေ၊ တရားပြဆရာတော်တွေထက် သူကောင်းပြုခံနေရတတ်တယ်။ တကယ်တော့ သူတို့တတွေဟာ ဘာမှ မတတ်လို့ နိုင်ငံရေးနဲ့ စီးပွားရှာနေကြတဲ့ လုပ်စားနိုင်ငံရေးသမားတွေပါပဲ။ ဗုဒ္ဓသာသနာတော်အတွက်တော့ အမှိုက်တွေပေါ့။ ဝီရသူ(မစိုးရိမ်) 18.10.2019 AM-8:55 “မြန်မာ့နိုင်ငံရေး (၁)” နိုင်ငံရေးလောကထဲမှာ လူတွေနဲ့ ...
သတင်း

နိုင်ငံရေး ဝိပလ္လာသ (၁)

တိုင်းပြည်မွဲပြာကျအောင် လုပ်နေသူကြီးကိုမှ ဒုတိယဘုရားသခင်ဟု ယုံကြည်နေကြ။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် အာဏာရှင်မကြီးကိုမှ ဒီမိုကရေစီခေါင်းဆောင်ဟု မှတ်ထင်နေကြ။ လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေကိုထင်သလိုအသုံးပြုနေသူကြီးကိုမှ ဥပဒေစိုးမိုးရေးနတ်သမီးဟု အထင်ကြီးနေကြ။ လွတ်လပ်မှုတွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်နေသူကြီးကိုမှ လူ့အခွင့်အရေးမယ်တော်ကြီးဟု လေးစားနေကြ။ အတ္တမာနနဲ့ ဒေါသ အာဃာတတွေ ကြီးမားနေသူကြီးကိုမှ မေတ္တာရှင်လို့ တင်စားနေကြ။ အိုကြီးအိုမ နန့်ထနေသူကြီးကိုမှ အရိယာကြီးဟု ကိုးကွယ်နေကြ။ သြော်… လောက … လောက ဝိပလ္လာသတိမ်သလ္လာ ဘယ်ချိန်ခါမှ ကွာကျလေမလဲ တွေးရဲသူတွေ တွေးကြည့်ပါ။ ဝီရသူ(မစိုးရိမ်) 17.10.2019 ...