သတင်း

ဘာလင်သူတွေ ကံဖယ်လို့သာပေါ့

မတ်ဘီဂတ်ပြီးတော့ ဘာလင်ဖြစ်တော့မလို့။ တော်သေးတယ် ရဲတပ်ဖွဲ့က လက်ဦးသွာလို့ပါ။ ဂျီဟဒ်ဝါဒီတွေကတော့ ဘုရားတစ်ဆူ မူဝါဒအတိုင်း သူတို့ဘုရားကို မယုံကြည်တဲ့သူမှန်သမျှ ဂျီဟဒ်လုပ်ဖို့ နေ့စဉ် ၂၄ နာရီကြံစည်နေကြတဲ့သူတွေပါ။

ဝီရသူ (မစိုးရိမ်)
29.10.2017
————————————

ဘာလင်မြို့တွင် စီးနင်းမှုအတွင်း လက်နက်ခဲယမ်းအများအပြားကို ဂျာမနီရဲတပ်ဖွဲ့ ဖမ်းမိ

====================================

အောက်တိုဘာ ၂၄ ရက်က ဘာလင်မြို့ရှိ တည်နေရာ လေးခုသို့ ရုတ်တရက်ဝင်ရောက်စီးနင်း မှုအတွင်း သေနတ်များနှင့် ခဲယမ်း မီးကျောက်အများအပြားကို ဂျာမနီရဲတပ်ဖွဲ့က တွေ့ရှိသိမ်းဆည်းမိ ကြောင်း အောက်တိုဘာ ၂၅ ရက်တွင် ရဲတပ်ဖွဲ့ပြောသည်။
အစ္စလာမ်မစ်အစွန်းရောက် အဖွဲ့များနှင့် ပတ်သက်သည်ဟု သံသယရှိသော အသက်(၄၀)အ ရွယ် ဂျာမနီအမျိုးသားတစ်ဦးနှင့် စပ်လျဉ်း၍ ထိုသေနတ်များကို ရှာ ဖွေတွေ့ရှိခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံသည် ၂၀၁၆ ကတည်းက အစ္စလာမ်မစ်စစ်သွေးကြွများ တိုက်ခိုက်မှုဒဏ် ခံစားခဲ့ ရသည်။

၂၀၁၆ ဒီဇင်ဘာတွင် ဘာ လင်မြို့ရှိ ခရစ္စမတ်ဈေးတန်းတစ် ခု၌ လူအုပ်အတွင်းသို့ ကုန်တင် ကားဖြင့် ဝင်တိုက်ခဲ့ရာ လူ ၁၁ ဦး ခန့် သေဆုံးပြီး ထိုကားမောင်းလာ သော တူနီးရှားနိုင်ငံသား အမျိုး သားလည်း ပစ်ခတ်ခံခဲ့ရသည်။

ဆီးရီးယားနှင့် အီရတ်တိုက် ပွဲများမှ နေရပ်ပြန်လာသော ပြည်ပနိုင်ငံသား တိုက်ခိုက်ရေး သမားအရေအတွက် တိုးမြင့်လာ စဉ် အစွန်းရောက်မွတ်စလင်များ ၏ နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် အန္တရာယ်အ တွက် ဂျာမန်ပြည်တွင်းထောက် လှမ်းရေးအဖွဲ့က သတိပေးထား သည်။

ထိုသိမ်းဆည်းရမိသော လက်နက်များမှာ တိုက်ခိုက်မှုတစ်ခုတွင် အသုံးပြုရန် ဖြစ်နိုင် ကြောင်း အစိုးရရှေ့နေအဖွဲ့က စိုးရိမ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

သို့သော် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ်မသိရ သေးပေ။

ထိုလက်နက်များ သိမ်း ဆည်းရမိခြင်းနှင့် စပ်လျဉ်း၍ ဆက်လက် စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး အဆိုပါသံသယရှိသူ ဂျာမနီ အမျိုးသားကို ဗုဒ္ဓဟူးနေ့တွင် တရားရုံး၌ စစ်ဆေးမည်ဖြစ် သည်။

—Ref: Reuters

===========

7Day News Journal

http://7daydaily.com/story/111269