သတင္း

“ ႏွစ္ဆယ့္သံုးႀကိမ္ေျမာက္ ပါရမီပ်ဳိးခင္း ေသြးလွဴဒါန္းပြဲ ဒုတိယေန႔”

ႏွစ္ဆယ့္သံုးႀကိမ္ေျမာက္ ပါရမိပ်ဳိးခင္းေသြးလွဴအသင္း၏ ဒုတိယေန႔ ေသြးလွဴဒါန္းပြဲကို ယခုလ ၂၆ရက္ေန႔၌ မႏၲေလး ျပည္သူ႔ေဆးႀကီး ေသြးလွဴဘဏ္ဌာနမွာ က်င္းပခဲ့ေၾကာင္း သိရွိရသည္။ ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ အရွင္ဝီရသူ(မစိုးရိမ္)၏ သက္ေတာ္ ၅၂ႏွစ္ျပည့္ ဝိဇာတမဂၤလာ အထိမ္းအမွတ္အျဖစ္ က်င္းပျခင္းျဖစ္ကာ မႏၲေလးႏွင့္ စစ္ကုိင္းၿမဳိ႕တုိ႔မွ သံဃာေတာ္မ်ား၊ သီလရွင္ဆရာေလးမ်ား၊ မ်ဳိးခ်စ္ျပည္သူမ်ား ႏွစ္ရာေက်ာ္ လာေရာက္လွဴဒါန္းေၾကာင္း သိရသည္။

အဆိုပါအေသြးလွဴဒါန္းပြဲကို မန္းမေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေရးေကာ္မတီနာယက ဘုရားႀကီးတုိက္ ေဇယ်ာေရႊေျမေက်ာင္းဆရာေတာ္ႀကီး ဘဒၵႏၲကုသလ(ပါဠိပါရဂူ) အမွဴးျပဳေသာ ေကာ္မတီလူႀကီးမ်ားက ဦးေဆာင္က်င္းပျခင္းျဖစ္ကာ ေသြးလွဴရွင္မ်ားအား မစိုးရိမ္တုိက္သစ္၊ ဓမၼဟာယေက်ာင္းမွာ ေရစက္ခ် အႏုေမာဒနာတရား ေဟာၾကားျခင္း၊ လက္ေဆာင္ပစၥည္းမ်ားေပးလွဴျခင္းမ်ား ျပဳလုပ္ခဲ့ၾကေၾကာင္း သိရရွိရသည္။

ယေန႔ေသြးလွဴရွင္မ်ားမွာ အရွင္အရိယဝံသ(ဦးဇင္းေပါက္)အမွဴးျပဳေသာ မ်ဳိးခ်စ္အဖြဲပမွ (၁၀၀)ဦး၊ အရွင္ဣႏၵဝီရ(လွည္းကူး)ႏွင့္ မ်ဳိးခ်စ္သံဃာေတာ္မ်ားအဖြဲ႔မွ (၇)ပါး၊ အရွင္ဣႏၵက(မန္းမေဟာ္သဓာ)အမွဴးျပဳေသာ ေက်ာက္ေခ်ာရြာ ေက်ာင္းသူေက်ာင္းသား (၈)ဦး၊ ေဒၚေကလာသီအမွဴးျပဳေသာ စစ္ကိုင္းသီလရွင္ဆရာေလး(၂၅)ပါးႏွင့္ တစ္သီးပုဂၢလအေနျဖင့္ လာေရာက္လွဴဒါန္းေသာ သံဃာေတာ္မ်ားႏွင့္ လူပုဂၢဳိလ္မ်ားလည္း ရွိၾကေၾကာင္း သိရွိရသည္။

ႏွစ္ရက္ဆက္တုိက္က်င္းပေသာ ေသြးလွဴဒါန္းပြဲ၌ ရရွိေသာ ေသြးအိတ္မ်ားကို မန္းမေေဟာ္သဓာေကာ္မတီမ်ားက ေသြးလွဴဘဏ္တာဝန္ရွိသူမ်ားကို အပ္ႏွံျခင္း၊ ေသြးလွဴဘဏ္မွ ဂုဏ္ျပဳမွတ္တမ္း ျပန္လည္အပ္ႏွံျခင္းမ်ား ျပဳလုပ္ကာ ေမြးေန႔ရွင္ဆရာေတာ္အား ဆုေတာင္းေမတၱာပို႔သခဲ့ၾကေၾကာင္း သိရွိရသည္။

ယေန႔ေသြးလွဴရွင္မ်ားက မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္း၌ စုေဝးကာ ေသြးလွဴဒါန္းမႈအစုစုအတြက္ ေရစက္ခ် အႏုေမာဒနာတရားမ်ား နာယူၾကေၾကာင္း၊ ဘုရားႀကီးတိုက္ ေဇယ်ာေရႊေျမေက်ာင္း ပါဠိပါရဂူဆရာေတာ္ႀကီး ဘဒၵႏၲကုသလႏွင့္ မစိုးရိမ္တုိက္သစ္ ဓမၼဝိမုတၱိရသေက်ာင္း နာယကဆရာေတာ္ အရွင္သူရိယာဘိဝံသတုိ႔က ေရစက္ခ် အႏုေမာဒနာတရားမ်ား ေဟာၾကားေတာ္မူၾကေၾကာင္း သိရသည္။

ယေန႔အစီအစဥ္အတြက္ အလွဴရွင္မ်ားမွာ ေမာ္လၿမဳိင္ၿမဳိ႕ ယြန္းဝတီေရႊဆုိင္မိသားစု၊ ေရႊျပည္သာၿမဳိ႕နယ္၊ ေမာ္ေမာ္ေရႊဆုိင္မိသားစုႏွင့္ မႏၲေလးၿမဳိ႕မွ ဦးသန္းေဇာ္ျမင့္+ေဒၚဝင္းမာ၊ သမီး ေမျမတ္ႏိုး မိသားစုတုိ႔ျဖစ္ၾကကာ နဂါးနီစုဘူးအသင္း နာယကဆရာေတာ္ေလး အရွင္ဇဝန အမွဴးျပဳေသာ နဂါးနီဝုိင္းေတာ္သားမ်ား၊ ၉၆၉ ေဝယ်ာဝစၥဝိုင္းေတာ္သားမ်ားက လုပ္ာအားဒါန ပါဝင္ကုသိုလ္ယူလ်က္ ပါရမီျဖည့္ဆည္းၾကေၾကာင္း သိရွိရသည္။

၂၀၁၉ခုႏွစ္ ဇြန္လ ၂၆ရက္ေန႔ သက္ေတာ္ ၅၁ႏွစ္ျပည့္ေမြးေန႔တုန္းက မႏၲေလးေဆးရံုႀကီးက လက္မခံသျဖင့္ ျပင္ဦးလြင္တပ္မေတာ္ေဆးရံုမွာ သြားေရာက္လွဴဒါန္းခဲ့ရေၾကာင္း၊ ယခုႏွစ္၌ ကိုဗစ္ကာလ ေသြးလွဴရွင္ရွားပါးခ်ိန္ႏွင့္ တုိက္ဆုိင္ေန၍ ေသြးလွဴဘဏ္ဝန္ထမ္းမ်ားက အရဲစြန္႔၍ လက္ခံခဲ့ရေၾကာင္း၊ မႏၲေလးတုိင္းအစုိးရက ယမန္ႏွစ္ကကဲ့သို႔ အမိန္႔တစ္စံုတရာထုတ္၍ တားျမစ္ထားျခင္းမရွိေသာ္လည္း ဌာနဆုိင္ရာဝန္ထမ္းမ်ားႏွင့္ အုပ္ခ်ဳပ္ေရးမွဴးမ်ား စုစုေပါင္းအင္အား ႏွစ္ဆယ္ေက်ာ္က လာေရာက္ေစာင့္ၾကည့္ခဲ့ၾကေၾကာင္း၊ ေသြးလွဴဘဏ္ဝန္ထမ္းမ်ားကို စစ္ေဆးေမးျမန္းေနသျဖင့္ အမ်ဳိးသမီးတစ္ဦးက “ေဆးရံုမွာ ေသြးျပတ္ေနေတာ့ ဘာမွလုပ္မေပးၾကဘူး၊ သူမ်ားလာလွဴေတာ့ စစ္လားေဆးလားႏွင့္”ဟု တုန္႔ျပန္သည္အထိ ျဖစ္ခဲ့ရေၾကာင္း၊ ႏွစ္ရက္ေပါင္း ေသြးအိတ္ သံုးရာေက်ာ္ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

သတင္းႏွင့္ ဓာတ္ပံု – ၉၆၉

“ နှစ်ဆယ့်သုံးကြိမ်မြောက် ပါရမီပျိုးခင်း သွေးလှူဒါန်းပွဲ ဒုတိယနေ့”

နှစ်ဆယ့်သုံးကြိမ်မြောက် ပါရမိပျိုးခင်းသွေးလှူအသင်း၏ ဒုတိယနေ့ သွေးလှူဒါန်းပွဲကို ယခုလ ၂၆ရက်နေ့၌ မန္တလေး ပြည်သူ့ဆေးကြီး သွေးလှူဘဏ်ဌာနမှာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ သက်တော် ၅၂နှစ်ပြည့် ဝိဇာတမင်္ဂလာ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ မန္တလေးနှင့် စစ်ကိုင်းမြို့တို့မှ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ မျိုးချစ်ပြည်သူများ နှစ်ရာကျော် လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါအသွေးလှူဒါန်းပွဲကို မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်ရေးကော်မတီနာယက ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) အမှူးပြုသော ကော်မတီလူကြီးများက ဦးဆောင်ကျင်းပခြင်းဖြစ်ကာ သွေးလှူရှင်များအား မစိုးရိမ်တိုက်သစ်၊ ဓမ္မဟာယကျောင်းမှာ ရေစက်ချ အနုမောဒနာတရား ဟောကြားခြင်း၊ လက်ဆောင်ပစ္စည်းများပေးလှူခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရရှိရသည်။

ယနေ့သွေးလှူရှင်များမှာ အရှင်အရိယဝံသ(ဦးဇင်းပေါက်)အမှူးပြုသော မျိုးချစ်အဖွဲပမှ (၁၀၀)ဦး၊ အရှင်ဣန္ဒဝီရ(လှည်းကူး)နှင့် မျိုးချစ်သံဃာတော်များအဖွဲ့မှ (၇)ပါး၊ အရှင်ဣန္ဒက(မန်းမဟော်သဓာ)အမှူးပြုသော ကျောက်ချောရွာ ကျောင်းသူကျောင်းသား (၈)ဦး၊ ဒေါ်ကေလာသီအမှူးပြုသော စစ်ကိုင်းသီလရှင်ဆရာလေး(၂၅)ပါးနှင့် တစ်သီးပုဂ္ဂလအနေဖြင့် လာရောက်လှူဒါန်းသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များလည်း ရှိကြကြောင်း သိရှိရသည်။

နှစ်ရက်ဆက်တိုက်ကျင်းပသော သွေးလှူဒါန်းပွဲ၌ ရရှိသော သွေးအိတ်များကို မန်းမေဟော်သဓာကော်မတီများက သွေးလှူဘဏ်တာဝန်ရှိသူများကို အပ်နှံခြင်း၊ သွေးလှူဘဏ်မှ ဂုဏ်ပြုမှတ်တမ်း ပြန်လည်အပ်နှံခြင်းများ ပြုလုပ်ကာ မွေးနေ့ရှင်ဆရာတော်အား ဆုတောင်းမေတ္တာပို့သခဲ့ကြကြောင်း သိရှိရသည်။

ယနေ့သွေးလှူရှင်များက မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၌ စုဝေးကာ သွေးလှူဒါန်းမှုအစုစုအတွက် ရေစက်ချ အနုမောဒနာတရားများ နာယူကြကြောင်း၊ ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်း ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့် မစိုးရိမ်တိုက်သစ် ဓမ္မဝိမုတ္တိရသကျောင်း နာယကဆရာတော် အရှင်သူရိယာဘိဝံသတို့က ရေစက်ချ အနုမောဒနာတရားများ ဟောကြားတော်မူကြကြောင်း သိရသည်။

ယနေ့အစီအစဉ်အတွက် အလှူရှင်များမှာ မော်လမြိုင်မြို့ ယွန်းဝတီရွှေဆိုင်မိသားစု၊ ရွှေပြည်သာမြို့နယ်၊ မော်မော်ရွှေဆိုင်မိသားစုနှင့် မန္တလေးမြို့မှ ဦးသန်းဇော်မြင့်+ဒေါ်ဝင်းမာ၊ သမီး မေမြတ်နိုး မိသားစုတို့ဖြစ်ကြကာ နဂါးနီစုဘူးအသင်း နာယကဆရာတော်လေး အရှင်ဇဝန အမှူးပြုသော နဂါးနီဝိုင်းတော်သားများ၊ ၉၆၉ ဝေယျာဝစ္စဝိုင်းတော်သားများက လုပ်ာအားဒါန ပါဝင်ကုသိုလ်ယူလျက် ပါရမီဖြည့်ဆည်းကြကြောင်း သိရှိရသည်။

၂၀၁၉ခုနှစ် ဇွန်လ ၂၆ရက်နေ့ သက်တော် ၅၁နှစ်ပြည့်မွေးနေ့တုန်းက မန္တလေးဆေးရုံကြီးက လက်မခံသဖြင့် ပြင်ဦးလွင်တပ်မတော်ဆေးရုံမှာ သွားရောက်လှူဒါန်းခဲ့ရကြောင်း၊ ယခုနှစ်၌ ကိုဗစ်ကာလ သွေးလှူရှင်ရှားပါးချိန်နှင့် တိုက်ဆိုင်နေ၍ သွေးလှူဘဏ်ဝန်ထမ်းများက အရဲစွန့်၍ လက်ခံခဲ့ရကြောင်း၊ မန္တလေးတိုင်းအစိုးရက ယမန်နှစ်ကကဲ့သို့ အမိန့်တစ်စုံတရာထုတ်၍ တားမြစ်ထားခြင်းမရှိသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား နှစ်ဆယ်ကျော်က လာရောက်စောင့်ကြည့်ခဲ့ကြကြောင်း၊ သွေးလှူဘဏ်ဝန်ထမ်းများကို စစ်ဆေးမေးမြန်းနေသဖြင့် အမျိုးသမီးတစ်ဦးက “ဆေးရုံမှာ သွေးပြတ်နေတော့ ဘာမှလုပ်မပေးကြဘူး၊ သူများလာလှူတော့ စစ်လားဆေးလားနှင့်”ဟု တုန့်ပြန်သည်အထိ ဖြစ်ခဲ့ရကြောင်း၊ နှစ်ရက်ပေါင်း သွေးအိတ် သုံးရာကျော်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ – ၉၆၉