Daily Archives: June 28, 2020

သတင်း

“ နှစ်ဆယ့်သုံးကြိမ်မြောက် ပါရမီပျိုးခင်း သွေးလှူဒါန်းပွဲ ဒုတိယနေ့”

နှစ်ဆယ့်သုံးကြိမ်မြောက် ပါရမိပျိုးခင်းသွေးလှူအသင်း၏ ဒုတိယနေ့ သွေးလှူဒါန်းပွဲကို ယခုလ ၂၆ရက်နေ့၌ မန္တလေး ပြည်သူ့ဆေးကြီး သွေးလှူဘဏ်ဌာနမှာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ သက်တော် ၅၂နှစ်ပြည့် ဝိဇာတမင်္ဂလာ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ မန္တလေးနှင့် စစ်ကိုင်းမြို့တို့မှ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ မျိုးချစ်ပြည်သူများ နှစ်ရာကျော် လာရောက်လှူဒါန်းကြောင်း သိရသည်။ အဆိုပါအသွေးလှူဒါန်းပွဲကို မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်ရေးကော်မတီနာယက ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) အမှူးပြုသော ကော်မတီလူကြီးများက ဦးဆောင်ကျင်းပခြင်းဖြစ်ကာ သွေးလှူရှင်များအား မစိုးရိမ်တိုက်သစ်၊ ဓမ္မဟာယကျောင်းမှာ ...
Uncategorizedသတင်း

“ နှစ်ဆယ့်သုံးကြိမ်မြောက် ပါရမီပျိုးခင်း သွေးလှူဒါန်းပွဲ”

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ ငါးဆယ့်နှစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကို ပါရမီပျိုးခင်းသွေးလှူအသင်းက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။ 25.6.2020 ရက်နေ့၌ မွေးနေ့အကြိုနေ့အဖြစ် ပထမအသုတ် လှူဒါန်းရာတွင် မိတ္ထီလာမြို့၊ အရာတော်မြို့နယ် ငွေတွင်းရွာ၊ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ရွာ၊ နောင်ချိုမြို့နယ် တိုင်းရင်းသားကျေးရွာများမှ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ အမျိုးသား အမျိုးသမီးများ စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။ မန္တလေးမြို့၊ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာနသို့ လာရောက်လှူဒါန်းကြခြင်းဖြစ်ကာ မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးကော်မတီ လူကြီးများဖြစ်သည့် ဒေါက်တာမြင့်ဦး(ဥက္ကဋ္ဌ)၊ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်(ဒုတိယဥက္ကဋ္ဌ)၊ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်အင်အားစုများက ...