Uncategorizedသတင္း

“ ႏွစ္ဆယ့္သံုးႀကိမ္ေျမာက္ ပါရမီပ်ဳိးခင္း ေသြးလွဴဒါန္းပြဲ”

၀ံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ အရွင္ဝီရသူ(မစိုးရိမ္)၏ ငါးဆယ့္ႏွစ္ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ စုေပါင္းေသြးလွဴဒါန္းပြဲကို ပါရမီပ်ဳိးခင္းေသြးလွဴအသင္းက ဦးေဆာင္က်င္းပခဲ့ေၾကာင္း သိရသည္။

25.6.2020 ရက္ေန႔၌ ေမြးေန႔အႀကဳိေန႔အျဖစ္ ပထမအသုတ္ လွဴဒါန္းရာတြင္ မိတၳီလာၿမဳိ႕၊ အရာေတာ္ၿမဳိ႕နယ္ ေငြတြင္းရြာ၊ ေက်ာက္ဆည္ၿမဳိ႕နယ္ ဟန္ျမင့္မိုရ္ရြာ၊ ေနာင္ခ်ဳိၿမဳိ႕နယ္ တုိင္းရင္းသားေက်းရြာမ်ားမွ သံဃာေတာ္မ်ား၊ သီလရွင္ဆရာေလးမ်ား၊ အမ်ဳိးသား အမ်ဳိးသမီးမ်ား စုေပါင္းလွဴဒါန္းခဲ့ေၾကာင္း သိရသည္။

မႏၲေလးၿမဳိ႕၊ ျပည္သူူ႔ေဆးရံုႀကီး ေသြးလွဴဘဏ္ဌာနသို႔ လာေရာက္လွဴဒါန္းၾကျခင္းျဖစ္ကာ မန္းမေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရးေကာ္မတီ လူႀကီးမ်ားျဖစ္သည့္ ေဒါက္တာျမင့္ဦး(ဥကၠ႒)၊ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဇာ္ဝိတ္(ဒုတိယဥကၠ႒)၊ မ်ဳိးခ်စ္သံဃာေတာ္မ်ားႏွင့္ မ်ဳိးခ်စ္အင္အားစုမ်ားက ႀကဳိဆိုဧည့္ခံ အားေပးခဲ့ၾကေၾကာင္း သိရသည္။

ေသြးလွဴရွင္မ်ားအား ဒံေပါက္ဘူး၊ အေအးဘူး၊ ေရသန္႔ဘူး၊မ်ား လွဴဒါန္းခဲ့ၾကသလို မ်က္စဥ္း၊ ေသာ့တြဲ၊ ရင္ထိုး၊ တရားစတစ္မ်ား၊ စာအုပ္မ်ား လက္ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

မႏၲေလးေဆးရံုႀကီးမွာ ေသြးရွားပါးျခင္း၊ ျပတ္လပ္ျခင္းမ်ားျဖင့္ မႀကဳံစဖူး အႀကဳံထူးေန၍ ဝန္ထမ္းမ်ားႏွင့္ လူနာမ်ား ေသြးခက္ခဲေနခ်ိန္တြင္ ယခုလို စုေပါင္းေသြးလွဴဒါန္းပြဲႏွင့္ ႀကဳံရသျဖင့္ ေသြးလွဴဘဏ္တာဝန္ရွိသူမ်ား ဝမ္းသာေပ်ာ္ရႊင္ေနၾကေၾကာင္းႏွင့္ ကိုဗစ္ကာလႀကီးမွာ ယခုလို တိုးႀကိတ္ေသြးလွဴေနၾကသည္ကို ေတြ႔ျမင္ရသျဖင့္ ေသြးလွဴရွင္မ်ားကို လႈိက္လွဲစြာ ေက်းဇူးတင္ေနၾကေၾကာင္းလည္း စုံစမ္းသိရွိခဲ့ရပါသည္။

ယေန႔ (25.6.2020)ရက္ေန႔ လာေရာက္လွဴဒါန္းၾကသည့္ ဒါနဥပပါရမီရွင္ ေသြလွဴဒါန္းသူမ်ားမွာ မိတၳီလာၿမဳိ႕မွ ေတာင္သာေလးဆရာေတာ္ အရွင္အဂၢဓဇဦးေဆာင္သည့္ မ်ဳိးခ်စ္အင္အားစု (၇၀)ဦး၊ အရာေတာ္ၿမဳိ႕နယ္၊ ေငြတြင္းေက်းရြာမွ အရွင္အဂၢသီရိဦးေဆာင္သည့္ မ်ဳိးခ်စ္အင္အားစု (၇၀)ဦး၊ ေက်ာက္ဆည္ၿမဳိ႕၊ ဟန္ျမင့္မိုရ္ေက်းရြာ၊ တက္ေခတ္ဗန္ေမာ္ဆရာေတာ္ အရွင္ပ႑ိတဦးေဆာင္သည့္ မ်ဳိးခ်စ္အင္အားစုမွ (၃၀)ဦး၊ ေနာင္ခ်ဳိၿမဳိ႕နယ္၊ တုိင္းရင္းသားေက်းရြာမွ မ်ဳိးခ်စ္အင္အားစု (၃၃)ဦး၊ စုစုေပါင္း (၂၀၃)ဦး ရွိေၾကာင္းႏွင့္ တစ္သီးပုဂၢလေသြးလွဴရွင္ (၃)ဦးရွိေၾကာင္း သိရသည္။ တက္ေခတ္ဗန္ေမာ္ဆရာေတာ္ဦးေဆာင္သည့္ ေသြးလွဴရွင္(၃၀)ဦးသည္ 24.6.2020 ရက္ေန႔ကလည္း မႏၲေလး ကုတင္ငါးရာေဆးရံုႀကီးမွာ လွဴဒါန္းခဲ့ေသးေၾကာင္း၊ ကုမၸဏီဝန္ထမ္းမ်ားျဖစ္သျဖင့္ ၂၄ရက္ တစ္ရက္သာ ခြင့္ရေသာေၾကာင့္ ၂၄ရက္ေန႔မွာ ႀကဳိတင္ေသြးလွဴျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ေသြးလွဴရွင္မ်ားသည္ မစုိရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ေသြးလွဴဒါန္းမႈအစုစုကို ေရစက္ခ် အမွ်ေဝခဲ့ေၾကာင္းႏွင့္ ဘုရားႀကီးတုိက္၊ ေဇယ်ာေရႊေျမေက်ာင္း၊ ပါဠိပါရဂူဆရာေတာ္ႀကီး ဘဒၵႏၲကုသလ မဟာေထရ္က ေရစက္ခ် အႏုေမာဒနာတရား ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ အရွင္ဝီရသူ၏ သက္ေတာ္ ၅၂ႏွစ္ျပည့္ စုေပါင္းေသြးလွဴဒါန္းပြဲ၌ အာဟာရဒါနႏွင့္ လက္ေဆာင္ပစၥည္း အလွဴရွင္မ်ားမ်ာ ေရႊျပည္သာၿမဳိ႕နယ္၊ ေမာ္ေမာ္ေရႊဆုိင္ မိသားစုႏွင့္ ေမာ္လၿမဳိင္ၿမဳိ႕၊ ယြန္းဝတီေရႊဆုိင္ မိသားစုတုိ႔ျဖစ္ေၾကာင္း သိရကာ မနက္ျဖန္ (26.6.2020)ရက္ေန႔မွာလည္း ရန္ကုန္၊ မႏၲေလး၊ ျဖဴး၊ ျမင္းၿခံၿမဳိ႕တုိ႔မွာ ဆက္လက္က်င္းပမည္ျဖစ္ေၾကာင္း သိရွိရသည္။

“ နှစ်ဆယ့်သုံးကြိမ်မြောက် ပါရမီပျိုးခင်း သွေးလှူဒါန်းပွဲ”

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ ငါးဆယ့်နှစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကို ပါရမီပျိုးခင်းသွေးလှူအသင်းက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

25.6.2020 ရက်နေ့၌ မွေးနေ့အကြိုနေ့အဖြစ် ပထမအသုတ် လှူဒါန်းရာတွင် မိတ္ထီလာမြို့၊ အရာတော်မြို့နယ် ငွေတွင်းရွာ၊ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ရွာ၊ နောင်ချိုမြို့နယ် တိုင်းရင်းသားကျေးရွာများမှ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ အမျိုးသား အမျိုးသမီးများ စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ ပြည်သူူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာနသို့ လာရောက်လှူဒါန်းကြခြင်းဖြစ်ကာ မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးကော်မတီ လူကြီးများဖြစ်သည့် ဒေါက်တာမြင့်ဦး(ဥက္ကဋ္ဌ)၊ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်(ဒုတိယဥက္ကဋ္ဌ)၊ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်အင်အားစုများက ကြိုဆိုဧည့်ခံ အားပေးခဲ့ကြကြောင်း သိရသည်။

သွေးလှူရှင်များအား ဒံပေါက်ဘူး၊ အအေးဘူး၊ ရေသန့်ဘူး၊များ လှူဒါန်းခဲ့ကြသလို မျက်စဉ်း၊ သော့တွဲ၊ ရင်ထိုး၊ တရားစတစ်များ၊ စာအုပ်များ လက်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မန္တလေးဆေးရုံကြီးမှာ သွေးရှားပါးခြင်း၊ ပြတ်လပ်ခြင်းများဖြင့် မကြုံစဖူး အကြုံထူးနေ၍ ဝန်ထမ်းများနှင့် လူနာများ သွေးခက်ခဲနေချိန်တွင် ယခုလို စုပေါင်းသွေးလှူဒါန်းပွဲနှင့် ကြုံရသဖြင့် သွေးလှူဘဏ်တာဝန်ရှိသူများ ဝမ်းသာပျော်ရွှင်နေကြကြောင်းနှင့် ကိုဗစ်ကာလကြီးမှာ ယခုလို တိုးကြိတ်သွေးလှူနေကြသည်ကို တွေ့မြင်ရသဖြင့် သွေးလှူရှင်များကို လှိုက်လှဲစွာ ကျေးဇူးတင်နေကြကြောင်းလည်း စုံစမ်းသိရှိခဲ့ရပါသည်။

ယနေ့ (25.6.2020)ရက်နေ့ လာရောက်လှူဒါန်းကြသည့် ဒါနဥပပါရမီရှင် သွေလှူဒါန်းသူများမှာ မိတ္ထီလာမြို့မှ တောင်သာလေးဆရာတော် အရှင်အဂ္ဂဓဇဦးဆောင်သည့် မျိုးချစ်အင်အားစု (၇၀)ဦး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှ အရှင်အဂ္ဂသီရိဦးဆောင်သည့် မျိုးချစ်အင်အားစု (၇၀)ဦး၊ ကျောက်ဆည်မြို့၊ ဟန်မြင့်မိုရ်ကျေးရွာ၊ တက်ခေတ်ဗန်မော်ဆရာတော် အရှင်ပဏ္ဍိတဦးဆောင်သည့် မျိုးချစ်အင်အားစုမှ (၃၀)ဦး၊ နောင်ချိုမြို့နယ်၊ တိုင်းရင်းသားကျေးရွာမှ မျိုးချစ်အင်အားစု (၃၃)ဦး၊ စုစုပေါင်း (၂၀၃)ဦး ရှိကြောင်းနှင့် တစ်သီးပုဂ္ဂလသွေးလှူရှင် (၃)ဦးရှိကြောင်း သိရသည်။ တက်ခေတ်ဗန်မော်ဆရာတော်ဦးဆောင်သည့် သွေးလှူရှင်(၃၀)ဦးသည် 24.6.2020 ရက်နေ့ကလည်း မန္တလေး ကုတင်ငါးရာဆေးရုံကြီးမှာ လှူဒါန်းခဲ့သေးကြောင်း၊ ကုမ္ပဏီဝန်ထမ်းများဖြစ်သဖြင့် ၂၄ရက် တစ်ရက်သာ ခွင့်ရသောကြောင့် ၂၄ရက်နေ့မှာ ကြိုတင်သွေးလှူခြင်းဖြစ်ကြောင်း သိရှိရသည်။

သွေးလှူရှင်များသည် မစိုရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ သွေးလှူဒါန်းမှုအစုစုကို ရေစက်ချ အမျှဝေခဲ့ကြောင်းနှင့် ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်း၊ ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလ မဟာထေရ်က ရေစက်ချ အနုမောဒနာတရား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ၏ သက်တော် ၅၂နှစ်ပြည့် စုပေါင်းသွေးလှူဒါန်းပွဲ၌ အာဟာရဒါနနှင့် လက်ဆောင်ပစ္စည်း အလှူရှင်များမျာ ရွှေပြည်သာမြို့နယ်၊ မော်မော်ရွှေဆိုင် မိသားစုနှင့် မော်လမြိုင်မြို့၊ ယွန်းဝတီရွှေဆိုင် မိသားစုတို့ဖြစ်ကြောင်း သိရကာ မနက်ဖြန် (26.6.2020)ရက်နေ့မှာလည်း ရန်ကုန်၊ မန္တလေး၊ ဖြူး၊ မြင်းခြံမြို့တို့မှာ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။