Daily Archives: June 13, 2017

သတင်း

ဇွဲကပင် မ.ဘ.သ အောင်ပွဲ

နယုန်လပည့်ကျော် ၂ရက် 11.6.2017 မနက် 10:00 နာရီကျော်မှာ ကရင်ပြည်နယ် ဖားအံမြို့ကိုရောက်ရှိခဲ့ပါတယ်။ ဆရာမောင်သွေးချွန်တို့နှင့်အတူ သွားကြတာပါ။ ဖားအံမြို့ သံလွင်တံတားမရောက်ခင် အညတြကပ္ပိယကြီး ကိုသူရိန် လာရောက်ကြိုဆိုပါတယ်။ ဖားအံမြို့ မဲဘောင်ကျောင်းတိုက်မှာ ကျင်းပတဲ့ ကရင်ပြည်နယ်မဘသ အခမ်းအနားပါ။ အခမ်းအနားက မွန်းလွဲ 1:00 နာရီမှ စမှာပါ။ စာရေးသူက နေ့ဆွမ်းအမီ လာရောက်ခြင်းဖြစ်ပါတယ်။ ကိုသူရိန်က မဲဘောင်ကျောင်းတိုက်အတွင်း ရဟန်းရှင်လူပြည်သူများရဲ့ ကြိုဆိုမှုမြင်ကွင်းကို Live လွှင့်နေပုံပြပါတယ်။ အမျိုးသားရေးတေးသီချင်းတွေနဲ့ တိုင်းရင်းသူတိုင်းရင်းသားတွေဟာ WE LOVE WIRATHU ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြိုဆိုဖို့ နေရာယူထားတာကို တွေ့ရပါတယ်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၉၁)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့၊ နန်းမြင့်ဈာန်မြိုင်ကျေးရွာ ကျောက်ဂူဘေးမဲ့ကျောင်း ဆရာတော်ဦးဝိသုတ မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။(12.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၅,၄၂၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၂,၆၂၅,၅၀၀ ...