Daily Archives: July 11, 2018

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာ၊ ဦးအောင်စိုးမိုး+ဒေါ်နီလာခင် မိသားစုမှ အလှူငွေ ၁၅၀၀၀၀ိ (တစ်သိန်းငါးသောင်းကျပ်) လှူဒါန်းစဉ်။ (4.7.2018) မန်း မဟော်သဓာအတွက် (၁) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ (၂) ကျာက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ (၃) ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ပညာရေးအကယ်ဒမီကျောင်း စားပွဲခုံအလှူရှင်များ ဖိတ်ခေါ်ခြင်း

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ဆရာတော်ဦးဝီရသူ တည်ထောင်ဖွင့်လှစ်ထားသော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ကျောင်းသူကျောင်းသားများအတွက် စာပွဲခုံများ လိုအပ်လျက်ရှိပါသည်။ ထမင်းစားရန်နှင့် စာကျက်ဝိုင်းအတွက်ဖြစ်ပါသည်။ စာပွဲခုံ အလုံး (၂၀)၊ ထိုင်ခုံ (၁၂၀) လိုအပ်နေပါသည်။ ယိုးဒယားဖြစ် စားပွဲခုံတစ်လုံးလျှင် ၂၈၀၀၀ိ၊ ထိုင်ခုံ(နောက်မှီမပါ)တစ်လုံးလျှင် ၂၇၀၀ိ ကျပ်၊ စားပွဲ ၁ လုံး၊ ထိုင်ခုံ ၆ လုံး တစ်ဝိုင်းစာ ၄၄၂၀၀ိ (၂၈၀၀၀+၁၆၂၀၀)ကျပ် နှုန်းဖြင့် လှူဒါန်းနိုင်ပါသည်။ တစ်ခုချင်းဖြစ်စေ တစ်ဝိုင်းစာဖြစ်စေ လှူဒါန်းလိုသော မျိုးချစ်ပြည်သူများ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ ဆက်သွယ်ရန် 09781513980 – ...