Daily Archives: July 23, 2018

မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာကျောင်းတော်ကြီး စတင်ပါတော့မည်

18.7.2018 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီ၊ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း စာသင်ဆောင်ဆောက်လုပ်ဖို့အတွက် အင်ဂျင်နီယာလေးအား လိုက်လံပြသခဲ့ပါတယ်။ စနစ်တကျပလန်ချပြီး မြေပုံများရေးဆွဲကာ လေးထပ်စာသင်ဆောင် စတင်ဆောက်လုပ်ပါတော့မည်။ ရေသန့်စက်ရုံအလှူရှင်များကတော့ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (MK ကျောက်မျက်)မိသားစုဖြစ်ပါတယ်။ လေးထပ်စာသင်ကျောင်းဆောင်ကြီးကတော့ အများကောင်းမှုပါ။ တစ်ဆောင်လုံးအတွက် ငွေကြေး မလုံလောက်သေးပေမယ့် မြေညီထပ် ပထမထပ်အတွက်တော့ လုံလောက်နေပါပြီ။ ရှိတာလေးနဲ့ စတင်ဆောက်တော့မှာပါ။ မြေနေရာက ကောင်းလွန်းတော့ ရောက်ရှိလာသူတိုင်း သဘောကျရုံမက နေချင်စိတ်တောင် ပေါ်လာကြပါတယ်။ အင်ဂျင်နီယာလေး ကိုသူရိန်ကလည်း စာသင်ကျောင်းဆောင်ကြီး ဆောက်လုပ်ရင် ညအိပ်ညနေပါ ...
ထုတ်ပြန်ကြေညာချက်သတင်း

တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)တုံ့ပြန်

ရန်ကုန်၊ ဇူလိုင်-၂၂ တည်ဆဲဥပဒေများကို ကျူးလွန်ခြင်းမရှိသကဲ့သို့ သံဃနာယက လုပ်ထုံးလုပ်နည်းစည်းမျဉ်းနှင့်လည်း ငြိစွန်းခြင်းမရှိသည့်အတွက် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) သည် တရားဝင် အဖွဲ့အစည်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရဆရာတော် ဒေါက်တာသောပါက (ဇေတ၀န်)က စံတော်ချိန်သို့ ဇူလိုင် ၂၂ရက်တွင် မိန့်ကြားသည်။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့က အမည်ပြောင်းလဲထားသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည်တရားမ၀င်အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ယင်းအဖွဲ့အမည်ဖြင့် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန် ဇူလိုင် ၂၀ ရက်တွင် ကမ္ဘာအေး ကုန်းမြေရှိ ၀ိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယက(မဟန)၄၇ ပါးစုံညီ အစည်းအဝေးက ဆုံးဖြတ်ထားသည်။ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းတွင်သံဃာအများစုပါဝင်နေသော်လည်း သံဃာသီးသန့်ဖြင့် ...