Daily Archives: November 3, 2018

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (1.11.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
နဂါးနီစုဘူးသတင်း

မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီ၇သူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (15.10.2018) မွန်းလွဲ(၃း၀၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ နဂါးနီစုဘူးသတင်းထောင် အရှင်ခေမိန္ဒ(ဝီ၇ခေမိန်)နှင့် မာလကာခြံ နဂါးနီ EC များ တက်ရောက်ကြပါတယ်။ နှစ်သိန်းတန်း အသင်းဝင် (၆၀)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၁၂)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီ၇သူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (17.10.2013)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ...