Daily Archives: January 8, 2019

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၈)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် ၁၀ လမ်း၊ ၈၁ လမ်း၊ မိခင်ကြီးဒေါ်တင်အောင်နှင့် မိခင်ကြီးဒေါ်လှသိန်းတို့အားရည်စူး၍ ကိုဝေကြီး+မငြိမ်း မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (8.1.2019) အလှူရှင် ကိုဝေကြီး+မငြိမ်း မိသားစုများနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ...
သတင်း

စာပေဟောပြောပွဲအမည်ခံပြီး သာသနာလိုက်ဖျက်နေလို့ပါဗျာ

သို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာပေဟောပြောပွဲကျင်းပရေးအဖွဲ့ တော်ကပူး-ကမာကေးကျေးရွာ ချောင်းဆုံမြို့၊ ချောင်းဆုံမြို့နယ် ရက်စွဲ၊ ၇-၁-၂၀၁၉ အကြောင်းအရာ။ စတုတ္ထအကြိမ် (ပညာပဒေသာဥပကာရီစာကြည့်တိုက်) နှစ်ပတ်လည်နေ့ စာပေဟောပြောပွဲကိစ္စ။ အထက်ပါအကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် ဆရာတော် သံဃာတော်များ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌထံတို့မှ စာပေဟောပြောပွဲ ကန့်ကွက်ကြောင်း စာများ၊ မိတ္တုကို မြို့နယ်သံဃနာယကအဖွဲ့သို့ ပေးပို့ရောက်ရှိလာပါသည်။ အခြားသော သက်ဆိုင်ရာဌာနများကိုလည်း ပေးပို့ရောက်ရှိသည်ကို သိရပါသည်။ သို့ဖြစ်၍ ၎င်းစာပေဟောပြောပွဲ၌ ပါဝင်လာသော စာရေးဆရာထင်လင်းဦးသည် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်အပေါ် စော်ကား၊ မော်ကား၊ ရိုင်းပြစွာ ဟောပြောခဲ့မှုတို့ကြောင့် ထောင်ဒဏ်(၂)နှစ် ချခံခဲ့ရသူဖြစ်ခြင်းကြောင့် ...