Daily Archives: March 22, 2020

အဆိုအမိန့်


အခြေခံဥပဒေပြင်ဖို့က အရေးကြီးတာလား၊ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေဖို့က အရေးကြီးတာလား။ အခြေခံဥပဒေပြင်ဖို့က အရေးကြီးတာလား၊ပြည်သူ့ဘဝလုံခြုံဖို့က အရေးကြီးတာလား။ အခြေခံဥပဒေပြင်ဖို့က အရေးကြီးတာလား၊လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်က အရေးကြီးတာလား။ အခြေခံဥပဒေပြင်ဖို့က အရေးကြီးတာလား၊တရားဥပဒေစိုးမိုးဖို့က အရေးကြီးတာလား။ အခြေခံဥပဒေပြင်ဖို့က အရေးကြီးတာလား၊ဒီမိုကရေစီကျင့်ဝတ် လိုက်နာဖို့က အရေးကြီးတာလား။ အခြေခံဥပဒေပြင်ဖို့က အရေးကြီးတာလား၊အဂတိတိုက်ဖျက်ရေးပီပြင်ဖို့က အရေးကြီးတာလား။ အခြေခံဥပဒေပြင်ဖို့က အရေးကြီးတာလား၊တိုင်းပြည်အချုပ်အခြာအာဏာခိုင်မြဲရေးက အရေးကြီးတာလား။ တကယ်တော့ NLDတွေဟာ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဘာတစ်ခုမျှ လုပ်ဆောင်မပေးနိုင်ဘဲ အာဏာကို လက်ဝါးကြီးအုပ်ပြီး မယ်ပိုင်စီးဖို့လောက်ပဲ ခေါင်းထဲရှိကြတဲ့ ဝိသမလောဘသမားတွေသာ ဖြစ်ပါတယ်။ ဝီရသူ(မစိုးရိမ်)22.3.2020AM-9:40 “၇၅မှတ်ရအောင် အရင်ကြိုးစားပါဦး” အခြေခံဥပဒေပြင်ဖို့က အရေးကြီးတာလား၊ပြည်သူတွေ ...
နဂါးနီစုဘူးသတင်း

“ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ”

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။(7.3.2020) မွန်းလွဲ(၂း၀၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတ၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်စန်းတို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်း(၅၄)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ပေးအပ်ခဲ့ပါတယ်။ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းသည် ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ယခုဆိုလျှင် (၅)နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ဆ ရပ်ကွက် အသင်းဝင်များထဲမှာ ဗုဒ္ဓဘာသာအပြင် ...
မုဒိတာရပ်ဝန်းသတင်း

“2020 မစိုးရိမ်တိုက်သစ် စာဖြေသံဃာ အရုဏ်ဆွမ်းအလှူတော် (၁၇)”

2020ခုနှစ် အစိုးရစာမေးပွဲများ ဖြေဆိုတော်မူကြမည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်း စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်နိုင်ရန်ဦးပဏ္ဍိတ၊ ဓမ္မဒါယာဒကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေး၊ ၁၀၀၀၀ိ(တစ်သောင်းကျပ်)၊ဦးယသသီရိ၊ ဓမ္မဒါယာဒကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မန္တလေး၊ ၁၀၀၀၀ိ(တစ်သောင်းကျပ်)၊ဝီရသွေးအဖွဲ့၊ ရန်ကုန်မြို့၊ ၃၀၀၀၀ိ(သုံးသောင်းကျပ်) လှူဒါန်းပါသည်။ (22.3.2020) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ စာဖြေသံဃာ အရုဏ်ဆွမ်းအလှူတော်ကို ဆရာတော်ဦးဝီရသူ ဦးဆောင်၍ နှစ်စဉ်နှစ်တိုင်း ဆက်ကပ်လှူဒါန်းခဲ့တဲ့ အလှူတော်ဖြစ်ပါတယ်။ “၂၀၂၀ ခုနှစ် စာဖြေသံဃာအရုဏ်ဆွမ်း ...