Daily Archives: April 3, 2020

အဆိုအမိန့်

“ထမီသရဏံ ဂစ္ဆာမိ ရဟန်းလော်”

မြန်မာ့နိုင်ငံရေးလောကကို ပြန်ကြည့်ရင်ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘုန်းကြီးရဟန်းဆိုသူများကိုလည်း တွေ့ရမယ်။အချောင်နေ အချောင်စား သာသနာ့ဝန်ထမ်းဆိုသူများကိုလည်း တွေ့ရမယ်။အချောင်နေ အချောင်စား သာသနာဖျက်ပုဂ္ဂိုလ်များကိုလည်း တွေ့ရမယ်။သူတို့တတွေဟာ ပရိယတ် ပဋိပတ် ဘာတစ်ခုမျှ မလုပ်ကြတဲ့ ဓုရဝိမုတ်(တာဝန်မဲ့)တွေ ဖြစ်နေတတ်သလို ပြုမူနေထိုင်ပုံကလည်း ဆဗ္ဗဂ္ဂီရဟန်းတွေထက် ယုတ်ညံ့နေတတ်ကြတယ်။တကယ်တော့ သူတို့တတွေဟာ ယုံကြည်ချက်နဲ့ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ လာဘ သက္ကာရ သိလောက (ကျောင်းမြေရဖို့၊ နိုင်ငံခြားကြွရဖို့၊ သူကောင်းပြုခံရဖို့)အတွက် နိုင်ငံရေးလုပ်စားနေတဲ့ ကြေးစားရဟန်းဆိုးများ ဖြစ်ကြတယ်။သူတို့အဆင့်နဲ့ဆို ပရိယတ္တိ ပဋိပတ္တိသာသနာမှာ လူရာမဝင်နိုင်ဘူးလေ။ထမီခြုံမှ လူရာဝင်တာ မဟုတ်လား…။ကုလားမယား ကိုးကွယ်ငြား တန်ခိုးထွားတဲ့ခေတ်။ထမီကိုးကွယ် တန်ခိုးကြွယ် ...