Daily Archives: April 26, 2020

သတင်းဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ

(၃) “စာချကျင့်စဉ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) မနက်အိပ်ရာထမှ အစိန္တေယျဘုရားရှိခိုးရွတ်ဆိုပူဇော်ပြီး မေတ္တာပို့ပြီးသည့်အခါ စာဝါချဖို့ ပြင်ဆင်ရပါသည်။ မနက် ၉း၃၀ နာရီမှာ အဋ္ဌသာလိနီစာဝါ ပို့ချရပါသည်။ စာချတန်းစာဝါဖြစ်ပြီး စာဝါပို့ချဖို့အတွက် အဋ္ဌကထာစာအုပ်၊ ပြည်နိသျစာအုပ်နှင့် ဝါကျဥယျာဉ်၊ မဏ္ဍိုင်နှင့် လက်ရေးမူမှတ်စုစာအုပ်များ ကြည့်ရှုရပါသည်။ မှတ်စုသီးခြားထုတ်နှုတ်ထားခြင်းမရှိပါ။ မိမိရရှိထားသော နည်းနာနိသျများနှင့် တိုက်ဆိုင်ညှိကြည့်ကာ အဖြစ်သင့်ဆုံး အဖြေတစ်ခုရအောင် ထုတ်ပေးသည့်နည်းကို ပို့ချပေးပါသည်။ နေ့စဉ် ဝါကျအတွက် မိနစ် ၅၀ခန့်ပို့ချကာ နိပါတ်(၁၀)အတွက် ပဋ္ဌာန်းပစ္စည်းပြိုင်နည်းကို ဆယ်မိနစ်ခန့် ပို့ချပေးပါသည်။ အကြောင်းမှာ ...