Daily Archives: July 13, 2020

မုဒိတာရပ်ဝန်းသတင်း


2020ခုနှစ် အစိုးရစာမေးပွဲများ ဖြေဆိုတော်မူကြမည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်း စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်နိုင်ရန်ရမည်းသင်းမြို့၊ မအေးမြင့် မိသားစုမှ အလှူငွေ ၁၀၀၀၀ိ(တစ်သောင်းကျပ်) လှူဒါန်းပါသည်။ (13.7.2020) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ “2020 မစိုးရိမ်တိုက်သစ် စာဖြေသံဃာ အရုဏ်ဆွမ်းအလှူတော် (၂၄)” 2020ခုနှစ် အစိုးရစာမေးပွဲများ ဖြေဆိုတော်မူကြမည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်း စာဖြေသံဃာတော်များအား ...
သတင်း

“စာဖြေသံဃာ အရုဏ်ဆွမ်းအလှူ (ပဉ္စမနေ့)”

13.7.2020 ရက်နေ့၊ မနက် ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာပါ။မစိုးရိမ်တိုက်သစ် အစိုးရဓမ္မာစရိယတန်းစာမေးပွဲ အဋ္ဌသာလိဏီဘာသာရပ်(ပထမနေ့)ဖြေဆိုကြမည့် သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် ကြာဇံကြော်နှင့် ငှက်ပျော်သီး ကပ်လှူတာဖြစ်ပါတယ်။ ငှက်ပျောသီးအလှူရှင်က ရမည်းသင်းမြို့၊ မချို မိသားစုဖြစ်ပါတယ်။မချိုမိသားစုသည် စာဖြေသံဃာအရုဏ်ဆွမ်းအတွက် အလှူငွေ ၁၀၀၀၀၀ိ လှူဒါန်းထားပြီး ယနေ့မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကပ်လှူ ကုသိုလ်ယူပါတယ်။ယနေ့ကုသိုလ်ကောင်းမှုအစုအစုအတွက် ရမည်းသင်းမြို့၊ ရန်အောင်မင်းကျောင်းဆရာတော် အရှင်စန္ဒောဘာသမှ ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူပါတယ်။ ၉၆၉အဖွဲ့နှင့် နဂါးနီစုဘူးအဖွဲ့သူအဖွဲ့သားများက ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်မှုအခြေအနေကြောင့် အစိုးရ ...