Daily Archives: August 25, 2020

Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁)“စဏ္ဍာလနှင့် သမဏကျင့်စဉ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်) စာရေးသူတို့မှာ စာလုပ်ဖော်(သူငယ်ချင်း) ငါးပါးရှိပါသည်။ အကြီးဆုံးသည် ဆရာသမားလို နောင်တော်ကြီးလို အလေးဂရုပြုအပ်သူ ဖြစ်သောကြောင့် သူငယ်ချင်းဟု မဆိုသာပေ။ ရွယ်တူလေးပါးရှိရာတွင် နှစ်ပါးမှာ မစိုးရိမ်တိုက်သစ် နာယကဆရာတော်များဖြစ်ကာ ကျန်နှစ်ပါးမှာ အခြားမြို့များရှိ စာသင်တိုက်များ၌ ပဓာနနာယကနှင့် ကျောင်းထိုင်စာချများအဖြစ် ပရိယတ္တိနယ်မှာ ထင်ရှားကြပေသည်။ စာသင်သားဘဝမှာ သွားအတူ စားအတူ စာကျက်အတူဖြစ်သဖြင့် လွန်စွာရင်းနီးကြပေသည်။ လေးပါးလုံးမှာ ပင်ကိုယ်စရိုက်ကိုယ်စီရှိကြသော်လည်း တူညီသောအချက်မှာ အသောက်အစား လောင်းကစား ကင်းကြခြင်းပင်။ လေးပါးလုံး ...