Daily Archives: June 24, 2021

ဆောင်းပါး

“အမေစုကို ပြုံးပျော်စေသူများ”

“အမေစုကို ပြုံးပျော်စေသူများ” သင်္ဃန်းဖြူဆရာတော် (24.6.2021 ရက်နေ့ထုတ်၊ အတွဲ(၂) အမှတ်(၂၇) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)           စာရေးသူသီတင်းသုံးရာ အင်းစိန်တောရ ဦးစောရိပ်သာကား မြို့ရွာရပ်ကွက်နှင့် နီးစပ်ပုံရ၏။ ကားသံ၊ ရထားသံများလည်း ကြားရ၏။ လူသံ၊ စက်သံများလည်း ကြားရ၏။ လူနာတင်ယာဉ်မှ အချက်ပြဥသြသံနှင့် လေယာဉ်ပျံအသံများကား မကြားချင်အဆုံးပင်။ လေယာဉ်ပျံအသံများက လှိုင်းအကြီးဆုံးဖြစ်သကဲ့သို့ လေ ယာဉ်ပျံများကိုလည်း ထင်ရှားစွာ နေ့စဉ်တွေ့မြင်နေရသည်မှာ မမြင်ချင်အဆုံးပင်။ စာရေးသူ မကြားချင်ဆုံး အသံများတွင် တို့အရေးလုပ်သံများလည်း ပါဝင်၏။ နိုင်စီမံကောင်စီ ...
ဆောင်းပါး

“၀န်ခံတောင်းပန် နိုင်ငံရေးအဖြေမှန်”

“၀န်ခံတောင်းပန် နိုင်ငံရေးအဖြေမှန်”  (17.6.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၂၆) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။) သင်္ဃန်းဖြူဆရာတော် —————————-             NLD ပါတီဝင်များသည် အတိုက်အခံလုပ်ငန်း၌ အထူးတလည် ကျွမ်းကျင်မှုရှိကြ၏။ အတွေ့အကြုံများ သောကြောင့်ဖြစ်၏။ ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နှစ်ပေါင်း ၂၇ နှစ်မျှ အာဏာအတွက် ရင်းနှီးမြှုပ်နှံခဲ့ကြ သဖြင့် လုပ်ငန်းအတွေ့အကြုံ များပြားခဲ့သောကြောင့် ဖြစ်ပေမည်။ လူထုခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သော NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြည်သူလူထုအတွက်ဟုဆိုကာ ...
ဆောင်းပါး

“သန့်ရှင်းသောရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှ ကြည်ဖြူစွာ အာဏာလွှဲပြောင်းရေးဆီသို့”

“သန့်ရှင်းသောရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှ ကြည်ဖြူစွာ အာဏာလွှဲပြောင်းရေးဆီသို့” သင်္ဃန်းဖြူဆရာတော် (10.6.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၂၅) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။) ——————————————————–           ဖေဖော်ဝါရီလဆန်း ၁ ရက်နေ့၌ တပ်မတော်က နိုင်ငံ့တာဝန်ကို ယာယီထမ်းဆောင်လိုက်ရသည်မှစ၍ ယနေ့အထိ ဆူပူဆန္ဒပြပွဲများ ဥဒဟိုပေါ်ပေါက်လာနေဆဲဖြစ်၏။ ပထမသော် ငြိမ်းငြိမ်းချမ်းချမ်းပင်။ နောက်သော် အကြမ်းပတမ်းဖြစ်လာ၏။ ထို့နောက်သော်မူ ပရမ်းပတာများဖြစ်လာကာ ယခုနောက်ဆုံး၌ ရုပ်ပျက်ဆင်းပျက် ဖြစ်လာလေ၏။ ထိုသူတို့ အဘယ်ကို တောင်းဆိုနေကြသနည်း။ ထိုသူတို့ကို အဘယ်သူတွေက ဦးဆောင်နေ သနည်း။ ...
Uncategorizedဆောင်းပါး

“ဒီမိုကရေစီ မယ်ပိုင်စီးခံရခြင်း”

“ဒီမိုကရေစီ မယ်ပိုင်စီးခံရခြင်း” သင်္ဃန်းဖြူဆရာတော် (3.6.2021 ရက်နေ့ထုတ် Golden Hand ဂျာနယ် အတွဲ(၂) အမှတ်(၂၄)မှ ကူးယူဖော်ပြသည်။)           စာရေးသူသည် အင်းစိန်တောရ၊ သီးသန့်ရိပ်သာ တွင်သီတင်းသုံးနေထိုင်ရ၏။ စာရေးသူ သီတင်းသုံးရာ ရွာမရပ်ကွက်သည် အချက်အချာကျသော မိန်းလမ်းမကြီးများနှင့် စည်ကားပုံရ၏။ ညအခါဆိုလျှင် သံပုံးတပ်ဖွဲ့ ကြီး ချီတက်လာနေသည်ကို အတိုင်းသားကြားရ၏။ ၎င်းတပ်ဖွဲ့ချီတက်လာလျှင် “အရေးကြီးပြီ ညီနောင် အပေါင်းတို့” အစချီသည့် “သွေးသစ္စာ” သီချင်းသံ ဦးစွာကြားရ၏။ နောက်မှ သံပုံးတီးသံများ၊ ဗြောက်ဖောက် သံများ ကြားရ၏။ ...