Daily Archives: September 30, 2021

သတင်း

သင်္ကန်းဖြူကို ဝတ်ဆင်ခဲ့ရပြီး ဆယ်လနဲ့ ရက်နှစ်ဆယ်ပြည့်တဲ့နေ့

သင်္ကန်းဖြူကို ဝတ်ဆင်ခဲ့ရပြီး ဆယ်လနဲ့ ရက်နှစ်ဆယ်ပြည့်တဲ့နေ့ ဆယ်လအတွင်းမှာ ဘုရားစေတီတွေကို အဝေးကပဲ ဖူးမြှော်ခဲ့ရသူ။ နရသိန်ထဲက ဘုရားတော့ ဖူးရမှာပေါ့။ အပြင်ကမ္ဘာက ဘုရားတွေကိုတော့ အချုပ်ကားကြီးစီးပြီး ရုံးထုတ်တုန်းက ကားပေါ်ကနေ ခဏတာ ဖူးမြင်ခဲ့ရသူ။ ကိုဗစ် ၁၉ ​ရောဂါကူးစက်ခံရတော့ ကျောက်တော်ကြီးဘုရားနားက သာသနာ့ဗိမ္မာန် ကိုဗစ်စင်တာမှာ သီတင်းသုံးရပြီး ပြန်မကြွခင် ကျောက်တော်ကြီးဘုရားကို တက်ရောက်ဖူးမြှော်ခွင့်ရခဲ့သူ။ ဆေးရုံတက်နေရတဲ့အချိန်မှာလည်း ကိုဗစ်တတိယလှိုင်းဂယက်ကြောင့် ဘယ်မှမသွားရသလို၊ ဘယ်သူနဲ့မှမတွေ့ရသူ။ အခုတော့ အပြင်ကမ္ဘာကို ခဏရောက်လာပြန်ပြီ။ မြင့်မြတ်တဲ့ အရဟတ္တဓဇမြတ်သင်္ကန်းကို ဆင်မြန်းဖို့ အပြင်ကမ္ဘာကို ခဏရောက်ရတာပါ။ ...