Daily Archives: October 8, 2021

ဆောင်းပါး

တရားမဲ့ကမ္ဘာ (၁) “ လူသတ်ဘုရင်နဲ့ ဘုရားရှင် ´´

တရားမဲ့ကမ္ဘာ (၁) “ လူသတ်ဘုရင်နဲ့ ဘုရားရှင် ´´ ~~~~~~~~~~~~~~~~~~ အဇာတသတ်ကို လူတိုင်းနီးပါးသိကြပါတယ်။ လူဆိုးဘုရင်ကြီးပေါ့။ အခုခေတ်အလို မင်းဆိုးမင်းညစ်ကြီးလို့ ခေါ်ရင်လည်း ခေါ်နိုင်ပါတယ်။ အာဏာရဖို့အတွက် ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ လူစားမျိုးထဲက တစ်ယောက်ပါ။ အာဏာရဖို့အတွက် ဆရာဒေဝဒတ်နဲ့ပေါင်းခဲ့တာ။ ဖခင်ကိုလုပ်ကြံပြီး နန်းချဖို့အားထုတ်တာ။ နန်းရပြန်တော့လည်း ဖခင်ကိုထောင်သွင်းအကျဉ်းချတာ၊ အစာအာဟာရဖြတ်တောက်တာ၊ စင်္ကြံမလျှောက်နိုင်အောင် ခြေဖဝါးကိုဓားနဲ့ခွဲပြီး ရှားမီးကင်တာတွေနဲ့ ဖခင်ဖြစ်သူ အရိယာသောတာပန်ကြီးကို သွေးအေးအေးနဲ့ ရက်ရက်စက်စက် ညှဉ်းဆဲသတ်ဖြတ်ခဲ့တာတွေဟာ အဇာတသတ်မင်းရဲ့ ရာဇဝင်တွင်တဲ့သမိုင်းဆိုးကြီးပေါ့။ ဒါဟာ လူအများသိထားတဲ့ ဆိုးသွမ်းမှုသာဖြစ်ပါတယ်။ လူအများမသိကြသေးတဲ့ ဆိုးသွမ်းမှုကတော့ ...