Daily Archives: March 19, 2022

သတင်း

ဉေယျဓမ်တောရသို့ … (၃)

 ဉေယျဓမ်တောရသို့ … (၃) ===============  မနက် ၆း၀၀နာရီထိုးသည့်အခါ ကိုခင်မောင်ဝင်းတို့ ကပ္ပိယအဖွဲ့ အသံကြားရလို့ တရားထိုင်တာ ရပ်နားလိုက်ပါတယ်။ အရုဏ်ဆွမ်းလာကပ်ခြင်းဖြစ်ပါတယ်။ ဆီချက်ခေါက်ဆွဲ ကပ်လှူကြပါတယ်။ သစ်သီးပွဲလည်း ပါပါတယ်။ တောရဆိုပေမဲ့ မြို့လိုပဲ ခဲဘွယ်ဘောဇဉ်က စုံလင်လှပါတယ်။ စာရေးသူက ကော်ဖီ လဘက်ရည် သောက်လေ့မရှိတာကြောင့် ကော်ဖီတစ်ခုပဲ မသောက်ဘဲနေလိုက်တာပါ။ ကျန်တာတွေတော့ အကုန်လုံး ဘုဉ်းပေးသုံးဆောင်ခဲ့ပါတယ်။  ဆွမ်းပွဲပြီးသွားသည့်အခါ ကိုခင်မောင်ဝင်းက “မနက် ၇း၀၀နာရီ လာပင့်ပါ့မယ်ဘုရား”ဟု လျှောက်ထားသွားပါတယ်။ သဲထိတ်ရင်ဖို စွန့်စားခန်းမဟုတ်ပေမဲ့ ရင်ခုန်စရာကြီးပါ။  သံဃာတော်များနှင့် ပြည်သူများအားလုံးလိုလိုက ...