Daily Archives: March 26, 2022

သတင်း

ဉေယျဓမ်တောရသို့ … (၉)

ဉေယျဓမ်တောရသို့ … (၉) ============== နေ့ဆွမ်းစားပြီးတဲ့အခါ ကပ္ပိယကိုခင်မောင်ဝင်းတို့အဖွဲ့ ပြန်သွားကြပါတယ်။ နေ့ဘက် ခဏမကျိန်းခင်လေးမှာ စာရေးသူတို့တည်းခိုရာ သာသနဝုဍ္ဎိကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ လေ့လာစူးစမ်းမိပါတယ်။ ကျောင်းပုံစံ၊ ကျောင်းဝင်းအကျယ်အဝန်း၊ သစ်ပင်ပန်းမာလ်စိုက်ပျိုးပုံ၊ စင်္ကြံလမ်း၊ စောင်းတန်း၊ မီးဖို၊ ရေကန် တည်ဆောက်ပုံများကို သဘောကျမိပါတယ်။ မီးဖိုချောင်ဆိုပေမယ့် ကုဋီ(အိမ်သာ)လို့ ထင်ရတဲ့ ဆောက်အဦးလေးပါ။ ဖွင့်ကြည့်မှ မီးဖိုမှန်း သိရတာပါ။ တစ်ပါးတည်း တောရဆောက်တည်နေလို့ ချက်ပြုတ်စရာမလိုပေမယ့် အရေးအကြောင်းဆို ရေနွေးတည်နိုင်အောင်လို့ စီမံပေးထားပုံရပါတယ်။ မီးဖိုရယ်၊ ရေနွေးအိုးရွယ်၊ ခွဲစိပ်ပြီးသားထင်းတုံးလေးတွေရယ်၊ ထင်းရှူးဆီသားလေးတွေရယ်၊ မီးခြစ်ရယ် ...