Daily Archives: March 29, 2022

သတင်း

ဉေယျဓမ်တောရသို့ … (၁၂)

ဉေယျဓမ်တောရသို့ … (၁၂) ================ နတ်တလူကို သွားကြပါတော့မယ်။ စာရေးသူလည်း ကဗျာစပ်လိုက် စာကျက်လိုက်လုပ်ရင်း လမ်းလျှောက်နေပါတယ်။ ဆရာတော်ကြီးစွန့်ကြဲတော်မူတဲ့ ပရိက္ခရာထဲက ဖိနပ်တစ်ရံကို ထုတ်ယူကြည့်လိုက်တော့ စာရေးသူစီးတဲ့ နံပါတ်(၉)ဖြစ်နေပါတယ်။ အဟောင်းကလည်း နံပါတ်(၉)ပါပဲ။ ဒါပေမဲ့ ဆိုဒ်အကြီး နံပါတ်(၉)ဖြစ်နေလို့ ဖနောင့်အပြင်ဘက် အတော်ထွက်နေပါပြီ။ ဒါကြောင့် အဟောင်းကို ကုဋီသွားရာအခန်းထဲက နံရံဘေးမှာ ထားခဲ့ပါတယ်။ အာဂန္တုဆရာတော်များ ကြွလာတဲ့အခါ ကုဋီတက်ရင်း စီးလို့ရအောင်ပါ။ ဘုရားရှိခိုးပြီး အားလုံးထွက်လာခဲ့ပါတယ်။ သာသနဝုဍ္ဎိကျောင်းဝင်းတံခါးကြီးမှ ထွက်လာတာနဲ့ ဘယ်ဘက်ဘေးမှာ ဆိုင်းဘုတ်ကလေးတစ်ခု တွေ့ရပါတယ်။ လမ်းအမည်လေးပါ။ ...