Uncategorized

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၁)

ကမၻာေက်ာ္ဆရာေတာ္၏ ကမၻာမေက်ာ္ေသာ အေတြးအေခၚမ်ား (၁၁)
“ဘုရားဝတ္တက္က်င့္စဥ္”

(ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္ကူး အထူးလက္ေဆာင္)

စားေရးသူသည္ ေန႔စဥ္ ကုိယ္ပုိင္အခ်ိန္ သံုးခ်ိန္အရယူေလ့ရွိပါသည္။ ရြတ္ဖတ္ျခင္း၊ ပြားမ်ားျခင္းမ်ား ျပဳလုပ္ပါသည္။ ဝတ္တက္ျခင္းမပါသေလာက္ပင္ ျဖစ္ပါသည္။ အေၾကာင္းမွာ အာဝါသသပၸါယ (ေနရာထုိင္ခင္း အေၾကာင္းညီညြတ္မႈ) မရွိျခင္း (ဝါ) ေနရာအခက္အခဲရွိျခင္းေၾကာင့္ ျဖစ္ပါသည္။ စာသင္တုိက္ႀကီးလည္းျဖစ္ ေက်ာင္းေဆာင္ကလည္းက်ဥ္း သံဃာကလည္း မ်ားျပားလွသျဖင့္ စာသင္သားမ်ား ေနရထုိင္ရ ခက္ခဲႏုိင္ေသာေၾကာင့္ ျဖစ္ပါသည္။ အေပၚထပ္မွာ ဘုရားဝတ္တက္ဖုိ႔ ဘုရားေက်ာင္းေဆာင္ သီးသန္႔ လုပ္ထားေသာ္လည္း ခဏသာ ဝတ္တက္လုိက္ရပါသည္။ ဂ်ာနယ္လ္႐ံုးခန္းႏွင့္ တြဲဖြင့္လုိက္ရျခင္း အနီးေန တပည့္မ်ား ထားလုိက္ရျခင္းေၾကာင့္ ျဖစ္ပါသည္။ သုိ႔ျဖစ္၍ ေန႔စဥ္ သံုးႀကိမ္စလံုး စႀကႍေလွ်ာက္လ်က္သာ ရြတ္ဖတ္ပြားမ်ားေနရျခင္း ျဖစ္ပါသည္။ က်န္းမာေရး ေလ့က်င့္မႈ လုပ္ၿပီးသားျဖစ္သြားသည္က အျမတ္တစ္ခုပင္။

စာေရးသူ မစုိးရိမ္တုိက္သစ္ နာယကဆရာေတာ္ မျဖစ္ခင္ နာယကေလာင္းလ်ာ စာခ်ဘုန္းႀကီးေပါက္စဘဝမွာ ညေနတုိင္း ကင္းဝန္မင္းႀကီးေက်ာင္းတုိက္ မုိးကုတ္ေက်ာင္းသုိ႔ သြားေရာက္ဝတ္တတ္ေလ့ရွိပါသည္။ ေရေတာ္ပန္းေတာ္ ကပ္ျခင္း ပ႒ာန္းရြတ္ဖတ္ပူေဇာ္ျခင္း ေမတၱာပုိ႔ အမွ်ေဝျခင္းမ်ား ျပဳလုပ္ၿပီးမွ ျပန္လာတတ္ပါသည္။ မစုိးရိမ္တုိက္သစ္ နာယကဘဝေရာက္သည့္အခါ အိပ္ခန္းထဲ၌ တရားထုိင္ျခင္းမွတစ္ပါး ပန္းေရခ်မ္းကပ္ျခင္း ပ႒ာန္းပူေဇာ္ျခင္းမ်ား မလုပ္ႏုိင္ခဲ့ပါ။ ယခုအခါ နားေအးပါးေအး ေနခြင့္ရသျဖင့္ ကံေကာင္းေထာက္မစြာ ဘုရားအလုပ္ တရားအလုပ္မ်ား ေစာက္ခ်လုပ္ႏုိင္ခဲ့ပါသည္။

မနက္အေစာ တစ္ကုိယ္ေရသန္႔ရွင္းေရး လုပ္ၿပီးသည္ႏွင့္ ႐ုပ္ပြားေတာ္ကုိ မ်က္ႏွာသစ္ပါသည္။ ေရေမႊးျဖင့္ ပူေဇာ္ပါသည္။ ဘုရားေက်ာင္းေဆာင္ သန္႔ရွင္းေရးလုပ္ပါသည္။ ၿပီးမွ ဝတ္တက္ပါသည္။ ပံုမွန္ဝတ္တက္ေနက် ဘုရားစာမ်ားကား အေနကဇာတင္ ပါဠိေတာ္မ်ား ျဖစ္ပါသည္။ ပထမဦးစြာ သရဏဂံု သံုးေခါက္ရြက္ဆုိ၍ ရွိခုိးဦးခ်ပါသည္။ ၎ေနာက္ အေနကဇာတင္ ပါဠိေတာ္မ်ား ရြတ္ဖတ္ပူေဇာ္ပါသည္။ ေနာက္ဆံုး၌ ဆတၱမာဏဝ၀တၳဳလာ သရဏဂံုသံုးဂါထာကုိ ရြတ္ဖတ္ပူေဇာ္ပါသည္။

ညဝတ္တက္ခ်ိန္ ေရာက္သည့္အခါ ေသာက္ေတာ္ေရ သံုးေတာ္ေရးမ်ား စြန္႔ကာ ေရဖလားမ်ား ေဆးေၾကာျခင္း တံျမက္စည္းလွည္းျခင္း၊ ဘုရားပန္းအုိး ေရလဲ၊ ပန္းလဲျခင္း ေရေတာ္အသစ္ ဆက္ကပ္ျခင္း၊ ဆီးမီးနံ႔သာမ်ား ပူေဇာ္ျခင္းတုိ႔ ျပဳလုပ္ပါသည္။ အားလံုးၿပီးသည့္အခါမွသာ ဘုရားဝတ္တက္ခါ ပ႒ာန္းပါဠိေတာ္မ်ား ရြတ္ဖတ္ပူေဇာ္ကာ အမွ်အတန္း ေပးေဝပါသည္။ ၎ေနာက္ ေမတၱာကမၼ႒ာန္းစီးျဖန္းပါသည္။ စႀကႍကမၼ႒ာန္း ျဖစ္ပါသည္။ အခ်ိန္ရလွ်င္ရသလုိ နာရီဝက္ထိ ၾကာျမင့္တတ္ၿပီး အခ်ိန္မရလွ်င္ ဆယ္မိနစ္ ဆယ့္ငါးမိနစ္ခန္႔မွ်သာ စီးျဖန္းႏုိင္ပါသည္။

ၿငိမ္းခ်မ္းေသာ ဘဝတစ္ခုကုိ တည္ေဆာက္္လုိပါလွ်င္ ကုိယ္ပုိင္အခ်ိန္ မထား၍ မျဖစ္ပါ။ ကုိယ့္ေက်ာင္း ကုိယ့္ကံႏွင့္ ေနရသည့္အခါ၌လည္း ကုိယ္ပုိင္အခ်ိန္ထားဖုိ႔ ခက္ခဲလွပါသည္။ ေနရာအခက္အခဲ ရွိျခင္းက ျပႆနာတစ္ရပ္ပင္ ျဖစ္ပါသည္။ ရံဖန္ရံခါ အလုပ္ပါးလွ်င္ပါးသလုိ ပန္းၿခံထဲသြားျခင္း၊ ဓမၼေစတိယေက်ာင္းေပၚ သြားျခင္းမ်ား ျပဳလုပ္ကာ ကာယ၀ိေဝက (ပရိသတ္ကင္းစြာ) ေနထုိင္ေသာ္လည္း အၿမဲတန္းကား မျဖစ္ႏုိင္ပါ။ အသက္အရြယ္အရ သိကၡာဝါ ငယ္ေနျခင္း၊ ကိန္းႀကီးခန္းႀကီးႏုိင္သည္ဟု အထင္ေသးခံရႏုိင္ျခင္းတုိ႔ေၾကာင့္ ကုိယ္ပုိင္အခ်ိန္ကုိပင္ မနည္းႀကီး အရယူေနရေပသည္။ ဘုရားအလုပ္ တရားအလုပ္ကုိပင္ ျဖစ္သလုိ လုပ္ကုိင္ေနရေပသည္။

ပရိသတ္ႏွင့္ ေနရသျဖင့္ ကုိယ္ပုိင္အခ်ိန္အတြက္ အနားမေပးႏုိင္ျခင္း၊ အမ်ဳိးသားေရး အလုပ္က ၾကမ္းတမ္းခက္ခဲျခင္းတို႔ေၾကာင့္ ေခါင္းမီးေတာက္မတတ္ ကုိယ္ပင္ပန္းေသာ္လည္း စိတ္ပူေလာင္မႈ နည္းပါးလွပါသည္။ အေၾကာင္းမွာ စႀကႍသံုးခ်ိန္စီးျဖန္းသည့္ စႀကႍကမၼ႒ာန္းေၾကာင့္ ျဖစ္ပါသည္။ ေခါင္းပူေသာ္လည္း ရင္မပူပါ။ ကုိယ္ပူေသာ္လည္း စိတ္မပူပါ။ စိတ္ႏွလံုးကုိ တရားေရေအးျဖင့္ ထံုမႊမ္းထားႏုိင္ခဲ့ေသာေၾကာင့္ ျဖစ္ပါသည္။
ဘုရားဝတ္တက္က်င့္စဥ္ ၿပီးပါၿပီ။

ဝီရသူ(မစိုးရိမ္)
9.5.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၁)


“ဘုရားဝတ်တက်ကျင့်စဉ်”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)

စားရေးသူသည် နေ့စဉ် ကိုယ်ပိုင်အချိန် သုံးချိန်အရယူလေ့ရှိပါသည်။ ရွတ်ဖတ်ခြင်း၊ ပွားများခြင်းများ ပြုလုပ်ပါသည်။ ဝတ်တက်ခြင်းမပါသလောက်ပင် ဖြစ်ပါသည်။ အကြောင်းမှာ အာဝါသသပ္ပါယ (နေရာထိုင်ခင်း အကြောင်းညီညွတ်မှု) မရှိခြင်း (ဝါ) နေရာအခက်အခဲရှိခြင်းကြောင့် ဖြစ်ပါသည်။ စာသင်တိုက်ကြီးလည်းဖြစ် ကျောင်းဆောင်ကလည်းကျဉ်း သံဃာကလည်း များပြားလှသဖြင့် စာသင်သားများ နေရထိုင်ရ ခက်ခဲနိုင်သောကြောင့် ဖြစ်ပါသည်။ အပေါ်ထပ်မှာ ဘုရားဝတ်တက်ဖို့ ဘုရားကျောင်းဆောင် သီးသန့် လုပ်ထားသော်လည်း ခဏသာ ဝတ်တက်လိုက်ရပါသည်။ ဂျာနယ်လ်ရုံးခန်းနှင့် တွဲဖွင့်လိုက်ရခြင်း အနီးနေ တပည့်များ ထားလိုက်ရခြင်းကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ နေ့စဉ် သုံးကြိမ်စလုံး စင်္ကြံလျှောက်လျက်သာ ရွတ်ဖတ်ပွားများနေရခြင်း ဖြစ်ပါသည်။ ကျန်းမာရေး လေ့ကျင့်မှု လုပ်ပြီးသားဖြစ်သွားသည်က အမြတ်တစ်ခုပင်။

စာရေးသူ မစိုးရိမ်တိုက်သစ် နာယကဆရာတော် မဖြစ်ခင် နာယကလောင်းလျာ စာချဘုန်းကြီးပေါက်စဘဝမှာ ညနေတိုင်း ကင်းဝန်မင်းကြီးကျောင်းတိုက် မိုးကုတ်ကျောင်းသို့ သွားရောက်ဝတ်တတ်လေ့ရှိပါသည်။ ရေတော်ပန်းတော် ကပ်ခြင်း ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း မေတ္တာပို့ အမျှဝေခြင်းများ ပြုလုပ်ပြီးမှ ပြန်လာတတ်ပါသည်။ မစိုးရိမ်တိုက်သစ် နာယကဘဝရောက်သည့်အခါ အိပ်ခန်းထဲ၌ တရားထိုင်ခြင်းမှတစ်ပါး ပန်းရေချမ်းကပ်ခြင်း ပဋ္ဌာန်းပူဇော်ခြင်းများ မလုပ်နိုင်ခဲ့ပါ။ ယခုအခါ နားအေးပါးအေး နေခွင့်ရသဖြင့် ကံကောင်းထောက်မစွာ ဘုရားအလုပ် တရားအလုပ်များ စောက်ချလုပ်နိုင်ခဲ့ပါသည်။

မနက်အစော တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ပြီးသည်နှင့် ရုပ်ပွားတော်ကို မျက်နှာသစ်ပါသည်။ ရေမွှေးဖြင့် ပူဇော်ပါသည်။ ဘုရားကျောင်းဆောင် သန့်ရှင်းရေးလုပ်ပါသည်။ ပြီးမှ ဝတ်တက်ပါသည်။ ပုံမှန်ဝတ်တက်နေကျ ဘုရားစာများကား အနေကဇာတင် ပါဠိတော်များ ဖြစ်ပါသည်။ ပထမဦးစွာ သရဏဂုံ သုံးခေါက်ရွက်ဆို၍ ရှိခိုးဦးချပါသည်။ ၎င်းနောက် အနေကဇာတင် ပါဠိတော်များ ရွတ်ဖတ်ပူဇော်ပါသည်။ နောက်ဆုံး၌ ဆတ္တမာဏဝဝတ္ထုလာ သရဏဂုံသုံးဂါထာကို ရွတ်ဖတ်ပူဇော်ပါသည်။

ညဝတ်တက်ချိန် ရောက်သည့်အခါ သောက်တော်ရေ သုံးတော်ရေးများ စွန့်ကာ ရေဖလားများ ဆေးကြောခြင်း တံမြက်စည်းလှည်းခြင်း၊ ဘုရားပန်းအိုး ရေလဲ၊ ပန်းလဲခြင်း ရေတော်အသစ် ဆက်ကပ်ခြင်း၊ ဆီးမီးနံ့သာများ ပူဇော်ခြင်းတို့ ပြုလုပ်ပါသည်။ အားလုံးပြီးသည့်အခါမှသာ ဘုရားဝတ်တက်ခါ ပဋ္ဌာန်းပါဠိတော်များ ရွတ်ဖတ်ပူဇော်ကာ အမျှအတန်း ပေးဝေပါသည်။ ၎င်းနောက် မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပါသည်။ စင်္ကြံကမ္မဋ္ဌာန်း ဖြစ်ပါသည်။ အချိန်ရလျှင်ရသလို နာရီဝက်ထိ ကြာမြင့်တတ်ပြီး အချိန်မရလျှင် ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့်မျှသာ စီးဖြန်းနိုင်ပါသည်။

ငြိမ်းချမ်းသော ဘဝတစ်ခုကို တည်ဆောက်လိုပါလျှင် ကိုယ်ပိုင်အချိန် မထား၍ မဖြစ်ပါ။ ကိုယ့်ကျောင်း ကိုယ့်ကံနှင့် နေရသည့်အခါ၌လည်း ကိုယ်ပိုင်အချိန်ထားဖို့ ခက်ခဲလှပါသည်။ နေရာအခက်အခဲ ရှိခြင်းက ပြဿနာတစ်ရပ်ပင် ဖြစ်ပါသည်။ ရံဖန်ရံခါ အလုပ်ပါးလျှင်ပါးသလို ပန်းခြံထဲသွားခြင်း၊ ဓမ္မစေတိယကျောင်းပေါ် သွားခြင်းများ ပြုလုပ်ကာ ကာယဝိဝေက (ပရိသတ်ကင်းစွာ) နေထိုင်သော်လည်း အမြဲတန်းကား မဖြစ်နိုင်ပါ။ အသက်အရွယ်အရ သိက္ခာဝါ ငယ်နေခြင်း၊ ကိန်းကြီးခန်းကြီးနိုင်သည်ဟု အထင်သေးခံရနိုင်ခြင်းတို့ကြောင့် ကိုယ်ပိုင်အချိန်ကိုပင် မနည်းကြီး အရယူနေရပေသည်။ ဘုရားအလုပ် တရားအလုပ်ကိုပင် ဖြစ်သလို လုပ်ကိုင်နေရပေသည်။

ပရိသတ်နှင့် နေရသဖြင့် ကိုယ်ပိုင်အချိန်အတွက် အနားမပေးနိုင်ခြင်း၊ အမျိုးသားရေး အလုပ်က ကြမ်းတမ်းခက်ခဲခြင်းတို့ကြောင့် ခေါင်းမီးတောက်မတတ် ကိုယ်ပင်ပန်းသော်လည်း စိတ်ပူလောင်မှု နည်းပါးလှပါသည်။ အကြောင်းမှာ စင်္ကြံသုံးချိန်စီးဖြန်းသည့် စင်္ကြံကမ္မဋ္ဌာန်းကြောင့် ဖြစ်ပါသည်။ ခေါင်းပူသော်လည်း ရင်မပူပါ။ ကိုယ်ပူသော်လည်း စိတ်မပူပါ။ စိတ်နှလုံးကို တရားရေအေးဖြင့် ထုံမွှမ်းထားနိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။
ဘုရားဝတ်တက်ကျင့်စဉ် ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)
9.5.2020