သတင္း

စတုတၳ(၁)ဆုရ ေမာ္ဒန္ကဗ်ာ

”စတုတၳ(၁)ဆုရ ေမာ္ဒန္ကဗ်ာ”
=============

ကဗ်ာဆရာ – ဗိုလ္နိ (မဘသ-ေရႊဘို)
ကဗ်ာအမည္ – ပုံေျပာေကာင္းသူႏွင့္ ဝီရသူ
ရမွတ္ – (၃၁)မွတ္
——————————

“ပုံေျပာေကာင္းသူႏွင့္ ဝီရသူ”

မာယာအသေခ်ၤနဲ႔
ပုံျပင္ေတြ အသက္သြင္းလုိ႔
ခ်စ္ျခင္းတုိ႔ အရယူ “ပုံေျပာေကာင္းသူ”…။

မုသားေတြ ဗလပြနဲ႔
ျပည္သူကို မႈိင္းသြင္းလုိ႔
သူလုပ္ခ်င္တာ လုပ္ေနသူ “ပုံေျပာေကာင္းသူ”…။

ပရိယာယ္ေတြ အနႏၲနဲ႔
ျဖစ္သလို သူျမဴဆြယ္
ရာထူးအာဏာ အပုိင္သိမ္းခဲ့သူ “ပုံေျပာေကာင္းသူ”…။

ေၾသာ္… အခုေတာ့ … ဒို႔ျပည္သူေတြ
ပုံေျပာေကာင္းသူကိုမွ ပံုအပ္မိ
အမွား အမွန္ ပညာနတၳိနဲ႔ မႈိင္းမိခဲ့ၾက…။

ျပည္သူတုိ႔ ျမင္ေအာင္ၾကည့္ေလာ့…
ဘာသာေသြးက ႏွစ္ဆယ္သား…၊
လူမ်ဳိးက ကျပား…၊
အေဖ့ေသြးက ပလ်ား…၊
မ်ဳိးခ်စ္စကား သူနားခါး…၊
ဘုရားေတြၿပဳိ သူငိုရဲ႕လား…၊
တကယ္ေတာ့ “သူ႔အမ်ဳိးအတြက္ သူႀကဳိးစား” (ႏိုင္ငံျခား၊ ႏိုင္ငံျခား)
ယခုထိ အေမ့ကြက္ေတြ လွေနတုန္းပဲလား…?

ေအာင္ေဇယ်ေသြးနဲ႔ ေရႊဘိုသား…
အပိုမၾကြားဘဲ ဒဲ့ေျပာမယ္…
“ေနာက္ဆုတ္ဖုိ႔ ေျမမရွိေတာ့ရင္ … အသက္ေပးၿပီး ေရွ႕ဆက္ခ်ီတက္မယ္”
အဲဒါ…
ရဲရဲေတာက္ “ဝီရသူ”ရဲ႕ စကား…
ငါတုိ႔လည္း ဒီစိတ္ထား…။

အို… ျပည္သူအေပါင္းတုိ႔…
မအၾကနဲ႔.. မနၾကနဲ႔ …
အမ်ဳိးဘာသာ သာသနာအတြက္
“ႏိုးထၾကကုန္ေလာ”
“ႀကဳိးစားၾကကုန္ေလာ”
“ခုခံၾကကုန္ေလာ”
“ညီညြတ္ၾကကုန္ေလာ”

ဗိုလ္နိ (မဘသ-ေရႊဘို)

 

”စတုတ္ထ(၁)ဆုရ မော်ဒန်ကဗျာ”
=============

ကဗျာဆရာ – ဗိုလ်နိ (မဘသ-ရွှေဘို)
ကဗျာအမည် – ပုံပြောကောင်းသူနှင့် ဝီရသူ
ရမှတ် – (၃၁)မှတ်
——————————

“ပုံပြောကောင်းသူနှင့် ဝီရသူ”

မာယာအသင်္ချေနဲ့
ပုံပြင်တွေ အသက်သွင်းလို့
ချစ်ခြင်းတို့ အရယူ “ပုံပြောကောင်းသူ”…။

မုသားတွေ ဗလပွနဲ့
ပြည်သူကို မှိုင်းသွင်းလို့
သူလုပ်ချင်တာ လုပ်နေသူ “ပုံပြောကောင်းသူ”…။

ပရိယာယ်တွေ အနန္တနဲ့
ဖြစ်သလို သူမြူဆွယ်
ရာထူးအာဏာ အပိုင်သိမ်းခဲ့သူ “ပုံပြောကောင်းသူ”…။

သြော်… အခုတော့ … ဒို့ပြည်သူတွေ
ပုံပြောကောင်းသူကိုမှ ပုံအပ်မိ
အမှား အမှန် ပညာနတ္ထိနဲ့ မှိုင်းမိခဲ့ကြ…။

ပြည်သူတို့ မြင်အောင်ကြည့်လော့…
ဘာသာသွေးက နှစ်ဆယ်သား…၊
လူမျိုးက ကပြား…၊
အဖေ့သွေးက ပလျား…၊
မျိုးချစ်စကား သူနားခါး…၊
ဘုရားတွေပြို သူငိုရဲ့လား…၊
တကယ်တော့ “သူ့အမျိုးအတွက် သူကြိုးစား” (နိုင်ငံခြား၊ နိုင်ငံခြား)
ယခုထိ အမေ့ကွက်တွေ လှနေတုန်းပဲလား…?

အောင်ဇေယျသွေးနဲ့ ရွှေဘိုသား…
အပိုမကြွားဘဲ ဒဲ့ပြောမယ်…
“နောက်ဆုတ်ဖို့ မြေမရှိတော့ရင် … အသက်ပေးပြီး ရှေ့ဆက်ချီတက်မယ်”
အဲဒါ…
ရဲရဲတောက် “ဝီရသူ”ရဲ့ စကား…
ငါတို့လည်း ဒီစိတ်ထား…။

အို… ပြည်သူအပေါင်းတို့…
မအကြနဲ့.. မနကြနဲ့ …
အမျိုးဘာသာ သာသနာအတွက်
“နိုးထကြကုန်လော”
“ကြိုးစားကြကုန်လော”
“ခုခံကြကုန်လော”
“ညီညွတ်ကြကုန်လော”

ဗိုလ်နိ (မဘသ-ရွှေဘို)