မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ဒသမအကြိမ်  ရွှေအိမ်မိသားစု အလှူတော်

ဒသမအကြိမ်  ရွှေအိမ်မိသားစု အလှူတော်

=============================

မင်းကွန်း၊ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်း၊ ပညာရေးပဒေသာပင်အဖြစ်

ဦးတင်မောင်ဝင်း+ဒေါ်ဌေး၊ ရွှေအိမ်မိသားစု၊ နေပြည်တော်က အလှူငွေ

၁၅၀၀၀၀၀(တစ်ဆယ့်ငါးသိန်)ကျပ် လှူ ဒါန်းပါသည်။

ယခု လှူ ဒါန်းမှုှုသည် ဒသမအကြိမ်ဖြစ်ပြီး ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၌ ပထမအကြိမ်မှ နဝမ အကြိမ်အထိ စုစုပေါင်း အလှူငွေ ၁၂,၀၀၀,၀၀၀(သိန်းတစ်ရာ့နှစ်ဆယ်)ကျပ် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

ယခုအလှူတော်သည် ၂၃-၂၄ ပညာသင်နှစ်အတွက် ပထမဦးဆုံးအလှူတော်ဖြစ်ပါသည်။

ယခင်အလှူငွေများနှင့်ဆိုလျှင် ရွှေအိမ်မိသားစု၏ ထာဝရပဒေသာပင်အလှူတော်သည်

၁၃,၅၀၀,၀၀၀ (တစ်ရာ့သုံးဆယ့်ငါးသိန်း)ကျပ် ရှိပြီဖြစ်ပါသည်။

ယ္ခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မင်းကွန်း၊ပုထိုးတော်ကြီး၊ပညာရေးအကယ်ဒမီကျောင်း၌

ဆရာတော်သံဃာတော်များ၊ကျောင်းဆရာ၊ဆရာမများ၊ကျောင်းသူကျောင်းသားများ၄၁၀ဦးရှိရာ ဝန်ထမ်းလစာအဖြစ် သိန်း၃၀ကျော် လစဉ် လှူဒါန်းလျက်ရှိပါသည်။

ထာဝရပညာရေးပဒေသာပင် စိုက်ထူလှူဒါန်းသော ဦးတင်မောင်ဝင်း+ဒေါ်ဌေး၊ ရွှေအိမ် (မိသား)စုနှင့်အတူ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ပညာပါရမီပြည့်ဝကာ မဂ်ဖိုလ်နိဗ္ဗာန်ကို ဘဝတိုတိုဖြင့်

ရလွယ်ရောက်လွယ် မျက်မှောက်ပြုလွယ်နိုင်ကြပါစေသော်—–ဝ်။

(ဓမ္မစေတီကျောင်းတိုက်၌ဖွင့်လှစ်ထားသော်လည်း ပညာရေးအကယ်ဒမီသည် ဓမ္မစေတီကျောင်းထိုင်/ကျောင်းပိုင် ဆရာတော်များနှင့် ပတ်သက်မှုမရှိပါ။

ထို့ကြောင့် ၎င်းတို့ထံ လှူဒါန်းငွေများနှင့် ရိက္ခာများသည် ပညာရေးအကယ်ဒမီသို့

မရောက်ရှိနိုင်ပါ။

ပညာရေးအကယ်ဒမီကို ဆရာတော်ဦးဝီရသူက တည်ထောင်ထားခြင်းဖြစ်ရာ

ပညာရေး၊ အုပ်ချုပ်ရေး၊ စားရေး၊ ကျန်းမာရေး၊ စည်းကမ်းထိန်းသိမ်းရေး

တို့အတွက် စီမံအုပ်ချုပ်သူ အဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားပါသည်။

သို့ဖြစ်ပါ၍ တရားဝန်ကြေညာထားသော အောက်ပါဖုန်းများကို

ဆက်သွယ်လှူဒါန်းမှသာ ပညာရေးအကယ်ဒမီသို့ အပြည့်အဝ

ရောက်ရှိနိုင်မည်ဖြစ်ပါသည်။)

ဆက်သွယ်ရန်

ကျောင်းအုပ်ဆရာတော်09-781513980

တာဝန်ခံဆရာတော် 09-445580969

အက်ဒမင်ဆရာတော် 09-697866969