ပညာရေးအကယ်ဒမီ ဆန်အလှူတော်

====================

        20.8.2023 နေ့ မွန်းလွဲပိုင်းမှာ ကျင်းပတဲ့ အလှူပွဲလေးပါ။

        ဆန်အိပ် ၅၀နဲ့ ဆီ ၈ ပုံးအပြင် ကျောင်းသူ/သား လေးရာ့ငါးဆယ်ကျော်ကို အချိုရည်ဘူးနဲ့ မုန့်ထုပ်များ ပေးဝေလှူဒါန်း ပါတယ်။

        အလှူရှင်များကတော့ တန့်ယန်းမြို့၊ ဦးကျောက်အိုက်၊ မန္တလေးမြို့ ဦးစိုင်းနွံ+ဒေါ်သန်းသန်းထွေး မိသားစု၊ တန့်ယန်းမြို့ ဦးမာစိုင်းချန်+ဒေါ်တင်ချစ် မိသားစု၊ ကိုသက်ဟိန်း+မနီလာ မိသားစုတို့ဖြစ်ပါတယ်။

        မင်းကွန်း၊ စံတော်မူကျောင်းတိုက်၊ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှာ ကျင်းပပါတယ်။

        ဆန်တစ်အိတ် ရှစ်သောင်းကျပ်ဖြင့် ရေတွက်လျှင် ဆန်ဖိုးတင် သိန်းလေးဆယ်ကုန်ကျပါတယ်။

        ဆီရှစ်ပုံးရယ်၊ အချိုရည်နဲ့မုန့်ထုပ်တွေရယ်ဆို သိန်းငါးဆယ်ကျော် လှူဒါန်းပွဲကြီးပါ။

        မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ ကျောင်းသား ကျောင်းသူ လေးရာကျော်၊ ဆရာ/မ နှစ်ဆယ်ကျော်နဲ့ အုပ်ချုပ်ရေး သံဃာတော် ၆ ပါး စုစုပေါင်း အင်အား၄၅၈ ဦး ရှိပါတယ်။

        တစ်ရက် သုံးနပ်မှာ ဆန်ပြည်ရှစ်ဆယ် ချက်ပြုတ်ကျွေးမွေးလျက်ရှိပါတယ်။

        ဆရာတော် အရှင်အရိယာဝံသ(ဦးဇင်းပေါက်)နှင့် ဗိုလ်ကြီးဇင်ကိုထက်၊ အုပ်ကြီး ဦးအောင်လှိုင်တို့ရဲ့ အသိမိတ်ဆွေများ စုပေါင်းလှူဒါန်းကြခြင်း ဖြစ်ပါတယ်။

        အလှူရှင် ဦးကျောက်အိုက်၊ ဦးစိုင်းနွံ+ဒေါ်သန်းသန်းထွေးမိသားစု၊ ဦးမာစိုင်းချန်+ဒေါ်တင်ချစ်၊ ကိုသက်ဟိန်း+မနီလာ မိသားစုနှင့် ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကိုယ်၏ ကျန်းမာဖြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကာ ဘေးဘယာတွေ ဝေးကွာကြပြီး လိုအင်ဆန္ဒ ပြည့်ဝကြပါစေသော်……….ဝ်။

09-445580969(K pay)