သတင္း

ပြဲဦးထြက္သီလပြဲေလးပါ

ဒုတိယဝါဆိုလဆန္း ၈ ရက္၊ 20.7.2018 ရက္ေန႔၊ မနက္ ၉း၀၀ နာရီ၊ မႏၲေလး၊ မတၱရာၿမဳိ႕နယ္၊ ေပါက္ဝဲေက်းရြာ၊ သာသနေဝပုလႅေက်ာင္း ဥပုသ္သီလပြဲေလးပါ။

မစုိးရိမ္တုိက္သစ္ ဓမၼသီတဂူေက်ာင္း နာယကဆရာေတာ္ေလး ဘဒၵႏၲေကာ႑ညာလကၤာရာဘိဝံသ၏ ဇာတိရြာျဖစ္သလို မစုိးရိမ္တုိက္ႀကီးကို တည္ေထာင္ခဲ့ေသာ အဘိဓဇဆရာေတာ္ႀကီး ဘဒၵႏၲသူရိယာဘိဝံသ၏ ဇာတိရြာလည္း ျဖစ္ပါတယ္။

စာေရးသူကေတာ့ အခုမွေရာက္ဖူးတာပါ။ ေက်းဇူးရွင္ မစုိးရိမ္ဆရာေတာ္ႀကီးရြာမွာ သီလအႏုေမာဒနာတရား ေဟာၾကားခြင့္ရတဲ့အတြက္ ဂုဏ္ယူလို႔မဆံုးပါဘူး။

မတၱရာၿမဳိ႕နယ္ဆိုေပမယ့္ ပုသိမ္ႀကီးၿမဳိ႕နယ္ႏွင့္ ကပ္လ်က္ပါပဲ။ ေရႀကီးခ်ိန္ျဖစ္ေနလုိ႔ တစ္ရြာလံံုး ေရလႊမ္းေနပါတယ္။

ေလွမ်ားႏွင့္လာၿပီး တရားနာယူၾကရတာပါ။ စာေရးသူလည္း ေလွေပၚကဆင္းတာနဲ႔ ေက်ာင္းေပၚတန္းေရာက္ပါတယ္။ အင္းေလးေရာက္ေနသလိုပါပဲ။ ေလတျဖဴးျဖဴးနဲ႔ ေဟာလို႔လည္းေကာင္းပါတယ္။ အပန္းေျဖလုိ႔လည္းေကာင္းပါတယ္။

ဗုဒၶအလိုက် ဥပုသ္ေစာင့္ပုံေစာင့္နည္း ေဟာၾကားခဲ့ပါတယ္။

ဥေပါသထသုတၱန္ပါ။

ႏြားေက်ာင္းသားဥပုသ္၊ တကၠတြန္းဥပုသ္တုိ႔ကိုေရွာင္ၾကဥ္ၿပီး အရိယာဥပုသ္ကိုသာ ေစာင့္ထိန္းၾကဖို႔ သံေပါက္ေလးေတြပို႔ခ်ၿပီး ေဟာၾကားခဲ့တာပါ။

လုပ္ေဖာ္ကိုုင္ဖက္လည္းျဖစ္၊ သူငယ္ခ်င္းလည္းျဖစ္တဲ့ သက်သီဟစာေမးပြဲမွာ တစ္ႏွစ္တည္း က်မ္းအတူၿပီးတဲ့ ဓမၼသီတဂူေက်ာင္းနာယကဆရာေတာ္ေလး ဘဒၵႏၲေကာ႑ညာလကၤာရာဘိဝံသ (ကိုႀကီးကြန္း)ကိုယ္တုိင္ စီစဥ္ေပးပါတယ္။

ဝီရသူ (မစိုးရိမ္)

25.7.2018

 

“ပွဲဦးထွက်သီလပွဲလေးပါ”

ဒုတိယဝါဆိုလဆန်း ၈ ရက်၊ 20.7.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေး၊ မတ္တရာမြို့နယ်၊ ပေါက်ဝဲကျေးရွာ၊ သာသနဝေပုလ္လကျောင်း ဥပုသ်သီလပွဲလေးပါ။

မစိုးရိမ်တိုက်သစ် ဓမ္မသီတဂူကျောင်း နာယကဆရာတော်လေး ဘဒ္ဒန္တကောဏ္ဍညာလင်္ကာရာဘိဝံသ၏ ဇာတိရွာဖြစ်သလို မစိုးရိမ်တိုက်ကြီးကို တည်ထောင်ခဲ့သော အဘိဓဇဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ၏ ဇာတိရွာလည်း ဖြစ်ပါတယ်။

စာရေးသူကတော့ အခုမှရောက်ဖူးတာပါ။ ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ကြီးရွာမှာ သီလအနုမောဒနာတရား ဟောကြားခွင့်ရတဲ့အတွက် ဂုဏ်ယူလို့မဆုံးပါဘူး။

မတ္တရာမြို့နယ်ဆိုပေမယ့် ပုသိမ်ကြီးမြို့နယ်နှင့် ကပ်လျက်ပါပဲ။ ရေကြီးချိန်ဖြစ်နေလို့ တစ်ရွာလံုံး ရေလွှမ်းနေပါတယ်။
လှေများနှင့်လာပြီး တရားနာယူကြရတာပါ။ စာရေးသူလည်း လှေပေါ်ကဆင်းတာနဲ့ ကျောင်းပေါ်တန်းရောက်ပါတယ်။ အင်းလေးရောက်နေသလိုပါပဲ။ လေတဖြူးဖြူးနဲ့ ဟောလို့လည်းကောင်းပါတယ်။ အပန်းဖြေလို့လည်းကောင်းပါတယ်။

ဗုဒ္ဓအလိုကျ ဥပုသ်စောင့်ပုံစောင့်နည်း ဟောကြားခဲ့ပါတယ်။
ဥပေါသထသုတ္တန်ပါ။
နွားကျောင်းသားဥပုသ်၊ တက္ကတွန်းဥပုသ်တို့ကိုရှောင်ကြဉ်ပြီး အရိယာဥပုသ်ကိုသာ စောင့်ထိန်းကြဖို့ သံပေါက်လေးတွေပို့ချပြီး ဟောကြားခဲ့တာပါ။

လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ သကျသီဟစာမေးပွဲမှာ တစ်နှစ်တည်း ကျမ်းအတူပြီးတဲ့ ဓမ္မသီတဂူကျောင်းနာယကဆရာတော်လေး ဘဒ္ဒန္တကောဏ္ဍညာလင်္ကာရာဘိဝံသ (ကိုကြီးကွန်း)ကိုယ်တိုင် စီစဉ်ပေးပါတယ်။

ဝီရသူ (မစိုးရိမ်)
25.7.2018