သတင်း

မင်းကွန်းအကယ်ဒမီ ဆွမ်းဆန်တော်အလှူပွဲ

မင်းကွန်းအကယ်ဒမီ ဆွမ်းဆန်တော်အလှူပွဲ

———————————————————

        မင်းကွန်းပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်းအတွက် ဆွမ်းဆန်တော် အလှူပွဲကို 7.8.2023 ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

        စံတော်မူကျောင်းတိုက်မှာ အသစ်ဆောက်လုပ်ထားတဲ့ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှာ ကျင်းပတာပါ။

        စုပေါင်း ဆွမ်းဆန်တော် ၆၂ပိုင်းပါ။

        အလှူရှင်များကတော့ အမရပုရမြို့နယ်၊ တမုတ်ဆိုးအုပ်စု ကျေးရွာသူ ကျေးရွာသားများ ဖြစ်ပါတယ်။

        ဦးဆောင်သူများကတော့ ဗိုလ်ကြီးဇင်ကိုထက်၊အုပ်ကြီးဦးအောင်၊ လှိုင်ရွာသူ ဒေါ်နီလာတို့ ဝိုင်းဝင်းအလှူခံပေးတာ – တစ်ပတ်အတွင်းမှာ ၆၂ပိုင်း ရရှိခဲ့ခြင်းပဲဖြစ်ပါ။

        ဒါဟာ နွေစပါးပေါ်ထွန်းရာကနေ လှူဒါန်းတာဖြစ်ပြီး မိုးစပါးပေါ်ထွန်းလည်း – ဆက်လက်လှူဒါန်းအုံးမယ်လို့ သိရပါတယ်။

        တမုတ်ဆိုးရွာသူ ရွာသားများက ဆွမ်းဆန်တော်များစုပေါင်းလှူဒါန်းကြသလို  ဦးဇင်းပေါက် အရှင်အရိယဝံသကလဲ နေ့ဆွမ်းတနပ်စာ ကျွေးမွေးလှူဒါန်ပြီး  ကျောင်းသူ ကျောင်းသားများ ဆရာ ဆရာမများအား အအေးတစ်ဘူးစီနဲ့ မုန့်တစ်ထုပ်စီ ပေးဝေလှူဒါန်းခဲ့ပါတယ်။

        နောက်ဆိုရင် – အကယ်ဒမီကို စံတော်မူကျောင်းတိုက်ထဲ အပြီးအစီး ပြောင်းရွှေမှာဖြစ်သလို လောလောဆယ်မှာလဲ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှာပဲ တစ်နေ့ သုံးနပ် ချက်ပြုတ် ကျွေးမွေးသွားမှာဖြစ်ပါတယ်။

        အကယ်ဒမီမှာ G9- မှ G12 အထိ ဦးရေ လေးရာ့ငါးဆယ်ကျော်ရှိပြီး တစ်နေ့လျှင် သုံးနပ် ပြည်ရှစ်ဆယ် ချက်ပြုတ်ကျွေးမွေး ပြုစုပျိုးထောင်လျက်ရှိပါတယ်။

        အလှူခံပေးသူ၊ ဦးဆောင်သူ၊ လှူဒါန်းသူ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ စီးပွားဥစ္စာ   ပြည့်စုံခြင်း၊ ဘေးရန်အန္တရယ်မှ ကင်းဝေဒခြင်းနှင့် ပြည့်စုံကာ လိုရာဆန္ဒပြည့်ဝာကပါစေသော်……….ဝ်။