သတင်း
ပထမရသူများ ၁၅၀၀၀၀ိ စီ၊
အထူးဆု လေးဆု ၇၅၀၀၀ိ စီ
“အမျိုးသားရေးကဗျာပြိုင်ပွဲကြီး”
စာရေးသူရဲ့ ရွှေရတုမွေးနေ့အထိမ်းအမှတ် အမျိုးသားရေးကဗျာပြိုင်ပွဲကြီးကို 26.6.2018 ရက်နေ့၊ ည ရး၀၀ နာရီမှာ ကျင်းပပါတယ်။ စာရေးသူရဲ့ဇာတိ ကျောက်ဆည်မြို့၊ မိခင်စာသင်တိုက်ဖြစ်တဲ့ မင်းကုန်းကျောင်းတိုက်မှာ ကျင်းပတာပါ။
ကဗျာပြိုင်ပွဲဝင် သံဃာတော်များ၊ သီလရှင်များ၊ ကဗျာဆရာ ကဗျာဆရာမများ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။
ကဗျာပေးပို့သူ (၆၈)ဦးမှ ကိုယ်တိုင်ရွတ်ဖတ်သူ ကိုယ်စားရွတ်ဖတ်သူ စုစုပေါင်း (၃၃)ဦးကို ပဏာမအဆင့် ရွေးချယ်ကြပါတယ်။ ၎င်း (၃၃)ဦးထဲမှ အမှတ်အများဆုံး (၁၁)ဦးကို ပြန်လည်ရွေးချယ်ပါတယ်။ ဆုပေးမှာက (၁၀)ဦးတည်းပါ။ ဒါကြောင့် အမှတ်တူနေတဲ့ နှစ်ယောက်ကို ပြန်လည်စိစစ်ပါတယ်။ ဒိုင် (၅)ဦးလုံး ပြန်လည်စိစစ်ပြီး ဆုရသူ (၁၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
ရိုးရာ (ဂန္ထဝင်)ကဗျာ ပ.ဒု.တ နှင့် အထူးဆ နှစ်ဆု
မော်ဒန်ကဗျာ ပ.ဒု.တ နှင့် အထူးဆု နှစ်ဆု
စုစုပေါင်း (၁၀)ဆု ရွေးချယ်ပါတယ်။
ပထမရသူများ ၁၅၀၀၀ဝိ စီ၊
ဒုတိယနှင့် တတိယ ရသူများ ၁၀၀၀၀ဝိ စီ၊
အထူးဆု လေးဆု ၇၅၀၀ဝိ စီ
စုစုပေါင်း (၁၀)သိန်းကျပ် ဆုချခဲ့တာပါ။
ကုသိုလ်ရှင်ကတော့ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်)မိသားစု ဖြစ်ပါတယ်။
ပြိုင်ပွဲအပြီးမှာ ခဏနားပြီး အမှတ်ပေးပါတယ်။ အခမ်းအနားပြီးဆုံးတော့ ည ၁၂း၀၀ နာရီတိတိရှိပါပြီ။
ဆုရသူများနှင့် ဆုရကဗျာများ၊ ပြိုင်ပွဲဝင်ကဗျာများ နေ့စဉ်တင်ပေးသွားပါမယ်။