သတင်း

ထောင်ဝင်စာ အမှတ်စဉ် – ၁

ထောင်ဝင်စာ အမှတ်စဉ် – ၁ 🙏

~~~~~~~~~~~~~~~~~~

အင်းစိန်နရသိန်သို့ ဆရာတော် စတင်ကြွရောက်

သီတင်းသုံးသည့် ၃-၁၁-၂၀၂၀ (အင်္ဂါနေ့)၊

နံနက် ၉:၃၀ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်

ရဲတပ်ဖွဲ့မှူးရုံးမှ တရားရုံးထုတ်ကာ ရောက်ရှိလာမည့်

ဆရာတော်အား ဖူးမြော်ရန် စောင့်ဆိုင်းရင်း

ထောင်ဝင်စာအမှတ်စဉ် – ၁ အဖြစ် ဝီရဝံသအဖွဲ့က

လိုအပ်မည်ဟုယူဆရသော ပစ္စည်းများ ပေးပို့ခဲ့ပါသည်။

ထိုကဲ့သို့ သွားရောက်စောင့်ဆိုင်းရာတွင်

ဝီရဝံသအဖွဲ့၏ နာယကဆရာတော် ဘဒန္တကေသရ၊

ဒေါပုံအောင်သီတာဆရာတော်၊ ဝီရဝံသအဖွဲ့ အဖွဲ့ဝင်

ဦးဝင်းကိုကိုလတ်၊ ဦးလပြည့်ဇင်တို့နှင့်အတူ

ဦးယာပိုင်သူ (ဘာသာသွေးမီဒီယာ)၊

ဒေါ်ဆုလဲ့နန္ဒာ၊ ဒေါ်ယဉ်မင်း၊ မမော်(စောဦးစာပေ)၊

မခင်မာလာ၊ ဦးဆန်းလွင်(ဒေါပုံ)နှင့်အဖွဲ့၊

ဦးသက်မျိုးဦးနှင့် အခြားသော တပည့်ဒါယကာ၊

ဒါယိကာမများ လာရောက်ခဲ့ကြသည်။

ဆရာတော်ကို ဖူးမြော်ရမည်အထင်ဖြင့်

စောင့်ဆိုင်းခဲ့ကြသော်လည်း ရဲတပ်ဖွဲ့က

ပင့်ဆောင်လာသောကားမှာ ပင်မဝင်ပေါက်မှမဝင်ဘဲ

အခြားဝင်ပေါက်မှ ဝင်ရောက်သွားသဖြင့်

ဆရာတော်ကို ဖူးခွင့်မရခဲ့ကြပေ။

ဆရာတော်သည် နံနက် ၁၀:၄၀ နာရီတွင်

အင်းစိန်နရသိန်သို့ ကောင်းမွန်စွာရောက်ရှိကြောင်း

သတင်းစကားကြားသိရသဖြင့်

ထောင်ဝင်စာပေးပို့ပြီး ပြန်ခဲ့ကြပါသည်။

ထောင်ဝင်စာ အမှတ်စဉ် – ၁ တွင်

ကြိုတင်စီစဉ်ဆောင်ရွက်ချိန်မရရှိခြင်းကြောင့်

လိုအပ်နိုင်မည်ထင်သည်များကို အင်းစိန်နရသိန်အနီးရှိ

စတိုးဆိုင်များမှ ငွေကျပ် ၇၆၀၀၀ ဖိုးဝယ်ယူ၍

ပေးပို့လှူဒါန်းခဲ့ပါသည်။

လိုအပ်မည်ဟု ယူဆရသော

~~~~~~~~~~~~~~

၁။ ခြုံစောင် ၁ ထည်

၂။ အခင်းစောင် ၂ ထည်

၃။ ဖယောင်းပုဆိုး ၂ စ

၎။ မျက်နှာသုတ်ပဝါ ၁ ထည်

၅။ ရေဘူး ၁ ဘူး

၆။ ရေချိုးဆပ်ပြာ ၁ ဘူး

၇။ အဝတ်လျှော်ဆပ်ပြာ ၁ တောင့်

၈။ မုန့်မျိုးစုံ

၉။ ကော်ဘူး

၁၀။ ဇွန်း

၁၁။ ကော်ဇလုံ

၁၂။ ရေခွက်

၁၃။ ရေချိုးစီးဖိနပ်

၁၄။ ဘီစကြတ်

၁၅။ ပဲဆီသန့်

၁၆။ လက်ဖက်ခြောက်

၁၇။ မြေပဲ

၁၈။ လက်ဖက်အသား

၁၉။ နှစ်ပြန်ကြော်

၂၀။ ပုစွန်ခြောက်ကြော်

၂၁။ ဗာလချောင်ကြော်

၂၂။ ငံပြာရည်ကြော်

၂၃။ ဖရုံယို

၂၄။ မြေပဲယို

၂၅။ ကြက်သားဗာလချောင်ကြော်

၂၆။ ဆပ်ပြာခရင်မ်

၂၇။ စက္ကူပန်းကန်ပြား

၂၈။ အမွှေးခဲ

စသည်တို့ကို ပထမဦးစွာ ပေးပို့ခဲ့ပါသည်။

ပစ္စည်းထည့်ရန်အိတ်ကြားတစ်လုံးနှင့်

ထောင်ဝင်စာ ပါဆယ်အိတ်များကို ဦးသက်မျိုးဦးက

ဝယ်ယူလှူဒါန်းပေးပါသည်။

အင်းစိန်နရသိန်မှ ပြန်ရောက်ပြီးနောက်

ဝီရဝံသအဖွဲ့၏ (ဒုတိယအကြိမ်) အစည်းအဝေးကို

အဖွဲ့တည်ရာ ကေသရာရာမကျောင်းတိုက်တွင်

ပြုလုပ်ခဲ့ကြပြီး ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို

စည်းဝေးတိုင်ပင် ဆုံးဖြတ်ကြပါသည်။  ။

#ဝီရဝံသအဖွဲ့