သတင္း

ၿပဳိင္ပြဲဝင္ကဗ်ာမ်ား (၁)

26.6.2018 ရက္ေန႔မွာက်ေရာက္တဲ့ စာေရးသူရဲ႕ ေရႊရတုေမြးေန႔အထိမ္းအမွတ္ အမ်ဳိးသားေရးကဗ်ာၿပဳိင္ပြဲမွာ ရိုးရာကဗ်ာႏွင့္ ေခတ္ေပၚကဗ်ာ ဆုငါးခုစီေရြးျခယ္ရာ ပ ဒု တ သံုးဆုစီႏွင့္ ပရိသတ္အႀကဳိက္ ႏွစ္ဆုစီ ျဖစ္ပါတယ္။

ညဥ့္နက္သြားၿပီျဖစ္လုိ႔ ပရိသတ္အႀကဳိက္ ႏွစ္ဆုစီကို ဒိုင္ေတြကပဲ ဆံုးျဖတ္ၿပီး စတုတၱဆုႏွင့္ ပဥၥမဆုအျဖစ္ ေရြးျခယ္ဆုေပးခဲ့့ရတာပါ။

အခုေဖာ္ျပမယ့္ကဗ်ာကေတာ့ ရိုးရာကဗ်ာမွာ ပဥၥမဆုခ်င္း အမွတ္တူေနလို႔ ျပန္လည္စိစစ္ရာမွ ေရြးျခယ္မခံရတဲ့ ကဗ်ာေလးျဖစ္ပါတယ္။

ကဗ်ာနာမည္က ခံတပ္ေတြကိုစီထား

ကေလာင္ရွင္ကေတာ့ ေမာင္ေတာ္ေလး ျဖစ္ပါတယ္။

မစုိးရိမ္တုိက္သစ္ ဓမၼပါကဋေက်ာင္းက စာသင္သားတစ္ပါးပါ။

၎ကဗ်ာေလးကို အမွတ္တရ တင္ျပေပးလိုက္ပါတယ္။

ဝီရသူ (မစိုးရိမ္)

18.7.2018

——————————————–

“ခံတပ္ေတြကို စီထား”

===========

ကိႏၷရာအေကာင့္ေၾကာင္း

ေထာင္ေပါင္းတဲ့ ႏွစ္ေတြခ်ီ။

ျမစ္ေရၾကဧရာသက္ေသ

လြမ္းေစဖုိ႔တည္။

တို႔ျမန္ျပည္

အႀကံစည္စနစ္ထား။

ျပည္ျခားေတြ ေသြးမယွက္

ကင္းစက္ေစသား။

အေနာက္ေတာင္ ထိုတံခါးမွ

ေျပာက္ၾကားလို႔ ရန္သူဝင္။

အသံထူခ်င္ အႀကံရက္စက္

ဒဏ္ခတ္ဖုိ႔ပင္။

တုိ႔ေျမျပင္

တုိ႔ဘုရင္ တုိ႔ဘုရား

တုိ႔တရား သံဃာျမတ္

တုိ႔မ်ဳိးဆက္ ကံမပ်က္ဖုိ႔

ခံတပ္ေတြ ကိုယ္စီထား

တားၾကစို႔လား။

ေမာင္ေတာ္ေလး

 

“ပြိုင်ပွဲဝင်ကဗျာများ (၁)”

26.6.2018 ရက်နေ့မှာကျရောက်တဲ့ စာရေးသူရဲ့ ရွှေရတုမွေးနေ့အထိမ်းအမှတ် အမျိုးသားရေးကဗျာပြိုင်ပွဲမှာ ရိုးရာကဗျာနှင့် ခေတ်ပေါ်ကဗျာ ဆုငါးခုစီရွေးခြယ်ရာ ပ ဒု တ သုံးဆုစီနှင့် ပရိသတ်အကြိုက် နှစ်ဆုစီ ဖြစ်ပါတယ်။

ညဉ့်နက်သွားပြီဖြစ်လို့ ပရိသတ်အကြိုက် နှစ်ဆုစီကို ဒိုင်တွေကပဲ ဆုံးဖြတ်ပြီး စတုတ္တဆုနှင့် ပဉ္စမဆုအဖြစ် ရွေးခြယ်ဆုပေးခဲ့ရတာပါ။

အခုဖော်ပြမယ့်ကဗျာကတော့ ရိုးရာကဗျာမှာ ပဉ္စမဆုချင်း အမှတ်တူနေလို့ ပြန်လည်စိစစ်ရာမှ ရွေးခြယ်မခံရတဲ့ ကဗျာလေးဖြစ်ပါတယ်။

ကဗျာနာမည်က ခံတပ်တွေကိုစီထား

ကလောင်ရှင်ကတော့ မောင်တော်လေး ဖြစ်ပါတယ်။

မစိုးရိမ်တိုက်သစ် ဓမ္မပါကဋကျောင်းက စာသင်သားတစ်ပါးပါ။

၎င်းကဗျာလေးကို အမှတ်တရ တင်ပြပေးလိုက်ပါတယ်။

ဝီရသူ (မစိုးရိမ်)
18.7.2018
——————————————–

“ခံတပ်တွေကို စီထား”
===========

ကိန္နရာအကောင့်ကြောင်း
ထောင်ပေါင်းတဲ့ နှစ်တွေချီ။
မြစ်ရေကြဧရာသက်သေ
လွမ်းစေဖို့တည်။
တို့မြန်ပြည်
အကြံစည်စနစ်ထား။
ပြည်ခြားတွေ သွေးမယှက်
ကင်းစက်စေသား။
အနောက်တောင် ထိုတံခါးမှ
ပြောက်ကြားလို့ ရန်သူဝင်။
အသံထူချင် အကြံရက်စက်
ဒဏ်ခတ်ဖို့ပင်။
တို့မြေပြင်
တို့ဘုရင် တို့ဘုရား
တို့တရား သံဃာမြတ်
တို့မျိုးဆက် ကံမပျက်ဖို့
ခံတပ်တွေ ကိုယ်စီထား
တားကြစို့လား။

မောင်တော်လေး