သတင္း

ၿပဳိင္ပြဲဝင္ကဗ်ာမ်ား (၉)

“သခင္သိေစခ်င္”

တန္ခိုးၾကြယ္ ျမန္မာတိုင္းမွာေတာ့

အၿငိဳးတြယ္ ကညာခိုင္းေလသမွ်

အက်ိဳးဖယ္ အညာလိႈင္းေတြေၾကာင့္

အမ်ိဳးငယ္ ၾကမၼာရိုင္းရခ်ည့္

ဆရာမိႈင္းရိွရင္ ငိုလိမ့္မယ္…။

ေရွးအတီ ေတြးရည္ေထာက္ျပန္ေတာ့

မေႏွးခ်ီ ေဆးမီသေလာက္ကိုလ

ေသြးနီေတာက္ပါလို ့ ရဲၾကတယ္…။

ဟိုယခင္ သေဘာက္ကြ်န္ရွားေပမယ့္

အပိုထြင္ အေနာက္မႊန္စကားေတြေၾကာင့္

ေလာက္အလြန္မ်ားပါတဲ့ ဒီအခါ

ျပည္ျမန္မာရယ္တဲ့ ျဖစ္ပံုဆန္း…။

မိုက္လမ္း တယူသန္ႏွင့္

မူမမွန္ အာဏာမက္ေတြေၾကာင့္

ဘူတဂါမ္ ဘာသာပ်က္ရခ်ည့္

ရတတ္ၾကြ ေက်ာမြဲေတြအျဖစ္ကိုေလ

သခင္တို ့ေရ…ထၾကည္ၾကစမ္း…။

နန္းနတ္ေနႏြယ္ႏိုင္

 

“ပြိုင်ပွဲဝင်ကဗျာများ (၉)”

“သခင်သိစေချင်”

တန်ခိုးကြွယ် မြန်မာတိုင်းမှာတော့
အငြိုးတွယ် ကညာခိုင်းလေသမျှ
အကျိုးဖယ် အညာလှိုင်းတွေကြောင့်
အမျိုးငယ် ကြမ္မာရိုင်းရချည့်
ဆရာမှိုင်းရှိရင် ငိုလိမ့်မယ်…။

ရှေးအတီ တွေးရည်ထောက်ပြန်တော့
မနှေးချီ ဆေးမီသလောက်ကိုလ
သွေးနီတောက်ပါလို့ ရဲကြတယ်…။

ဟိုယခင် သဘောက်ကျွန်ရှားပေမယ့်
အပိုထွင် အနောက်မွှန်စကားတွေကြောင့်
လောက်အလွန်များပါတဲ့ ဒီအခါ
ပြည်မြန်မာရယ်တဲ့ ဖြစ်ပုံဆန်း…။

မိုက်လမ်း တယူသန်နှင့်
မူမမှန် အာဏာမက်တွေကြောင့်
ဘူတဂါမ် ဘာသာပျက်ရချည့်
ရတတ်ကြွ ကျောမွဲတွေအဖြစ်ကိုလေ
သခင်တို့ရေ…ထကြည်ကြစမ်း…။

နန်းနတ်နေနွယ်နိုင်