Daily Archives: June 22, 2017

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မွေးနေ့သွေးလှူဒါန်းပွဲကုသိုလ်တော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူ(မစိုးရိမ်)၏ (၄၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲကျင်းပနိုင်ရန်အတွက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗဟိုရုံးဝန်ထမ်းများဖြစ်သော ဒေါ်ယဉ်ယဉ်အောင်၊ ဒေါ်စပယ်၊ ဒေါ်နောဖောဖောထူး၊ ဒေါ်ခိုင်ခိုင်ထွန်း၊ ဒေါ်စန္ဒီထွန်း တို့မှ အလှူငွေ ၈၀၀၀၀(ရှစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (19.6.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာ အောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲလိုရာဆန္ဒပြည့်ဝကြပါစေ။
သတင်းအင်တာဗျူး

သံမဏိနှင်းဆီ ပြတ်သားလိုက်ပါ (၂)

(ဆရာတော်ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော်ဆည်ဆောက်ရေး ရှုမြင်ချက်) ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။ မေး – ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ပြီးခဲ့တဲ့နှစ်ကဖမ်းမိတဲ့ အကြမ်းဖက်သမားတွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ၇၁၈ ယောက်ရှိတယ်လို့ သိရပါတယ်ဘုရား။ ဒီအရေအတွက်ဟာ ၂ဝ၁၄ကထက် နှစ်ဆရှိပါတယ်ဘုရား။ ဆီးရီးယားအရေးကြောင့် အကြမ်းဖက်သမားတွေဟာ အီးယူနိုင်ငံတွေဆီ ပြန်ဝင်လာမှာကို စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်ဘုရား။ တစ်ဖက်မှာလည်းပဲ အစွန်းရောက် အကြမ်းဖက်အစ္စလာမ်မစ်တွေဟာ အရှေ့တောင်အာရှဒေသကို မျက်စိကျနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိတဲ့အပြင် စင်္ကာပူလိုနိုင်ငံမျိုးမှာတောင် ဇွန်လ ၁၂ ရက်နေ့ကပဲ အကြမ်းဖက်ဝါဒီလို့ ယုံကြည်ရတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းမိတယ်လို့ သိရပြန်ပါတယ်ဘုရား။ အရှေ့တောင်အာရှကို ...