Daily Archives: June 28, 2017

သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၅)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် ============================= (စ) လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန်အတွက် အကြုံးဝင်သက်ဆိုင်မှုမရှိ ကြောင်း သုံးသပ်ချက် ၆၄။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းသံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေတို့သည် လူပုဂ္ဂိုလ်များအတွက် ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများမဟုတ်ပါသဖြင့် လူပုဂ္ဂိုလ်များသည် စောင့်ထိန်းလိုက်နာရန် တာဝန်မရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ၆၅။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ အမျိုးဘာသာသာသနာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးပေါက်ရန်အလို့ငှာ ပြင်ဦးလွင်မြို့နေ ဦးသုအောင်ဇော် မိသားစုက အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။(26.6.2017 ) အလှူရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုတရသူများ ဖြစ်ကြပါစေ…သောဝ်။
သတင်း

သွေးပျက်နေရင်လည်း ဘေးထွက်ပြီးတော့ နေလိုက်ပါတော့ ဦးအောင်ကို

ဝန်ကြီးဦးအောင်ကိုကို ပြောချင်ပါတယ်။ သာသနာသန့်ရှင်းရေး လုပ်မယ်ဆိုလို့ ဝမ်းမြောက်ဝမ်းသာ ရှိနေပါတယ်။ သာသနာတော်သန့်ရှင်းရေး တကယ်လုပ်မှာလား? ဝန်ကြီးကိုနှုတ်ထွက်ခိုင်းလို့ ဆန္ဒပြတဲ့သံဃာတော်တွေ သီလရှင်တွေကို န.ဝ.တ ဥပဒေတွေနဲ့ အရေးယူချင်လို့ သာသနာသန့်ရှင်းရေးခေါင်းစဉ်တပ်တာလား? အမှန်တကယ် သာသနာတော်သန့်ရှင်းစေချင်တယ်ဆိုရင် ခေါင်ကစပြီးမိုးလုံမှဖြစ်မှာ။ ခေါင်ကစပြီး အရင်လုံအောင်လုပ်ပေးပါ။ ဝန်ကြီးအမိန့်ကို အကောင်အထည်ဖော်နေတဲ့ ဝန်ကြီးအနားက(……)ပါးဆိုသူတွေထဲမှာ မဟာယာနပုံစံချိုးနေပြီး သားနဲ့ မယားနဲ့ အတူတကွ နေထိုင်သူတွေတောင် ရှိနေပါတယ်။ အဲဒါလေးကို အရင် သန့်ရှင်းပေးပါဦး။ DNA နည်းနဲ့သန့်ရှင်းရင် လွယ်လွယ်လေးပါ။ အဲဒါအပြင် လာဘ်စားပြီး အဂတိလိုက် မတရားဆုံးဖြတ်တဲ့ မဟနဆရာတော်အချို့ရှိပါတယ်။ သူတို့တတွေကိုကော အရင်သန့်ရှင်းဖို့လုပ်ပေးပါဦး။ ဝန်ကြီးအဂတိလိုက်လို့ ဝန်ကြီးမတရားလုပ်လို့ ဝန်ကြီးတရားရေးမှာဝင်စွက်ဖက်လို့ ဝန်ကြီးသာသနာတော်ကို နှိပ်ကွပ်နေလို့ ဝန်ကြီးသံဃာတော်တွေကိုရန်တိုက်ပေးနေလို့ ...
သတင်း

ဦးဝီရသူမွေးနေ့ သွေးလှူပွဲ(ရန်ကုန်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ ၄၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇီဝိတိဒါန သွေးလှူပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ခုတင်၁၀၀၀ တပ်မတော်စစ်ဆေးရုံမှာ ကျင်းပခဲ့ပါတယ်။ ဦးဝီရသူ၏မွေးနေ့ 26.6.2017 ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တာပါ။ ဦးဆောင်သူများက မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)ဖြစ်ပြီး သွေးလှူဒါန်းသူများမှာ အမျိုးသားရေး ညီအစ်ကိုမောင်နှမများဖြစ်ကြပါတယ်။ ရဟန်းတော် ၄၀ လူပုဂ္ဂိုလ် ၁၅၀ တက်ရောက်လှူဒါန်းရာတွင် သွေးအိတ်ပေါင်း ၁၁၁ အိတ် ထမြောက်အောင်မြင်ခဲ့ပါတယ်။ သွေးလှူသူများအား တစ်ကမ္ဘာလုံးနှင့်တစ်ယောက်စာအုပ်တစ်အုပ်စီ ရှပ်အင်္ကျီတစ်ထည်စီ မေတ္တာလက်ဆောင် အဖြစ် ပြန်လည်လှူဒါန်းကြပါတယ်။ နေ့လည်စာကို တပ်မတော်စစ်ဆေးရုံက ဆက်ကပ်ကျွေးမွေးပြီး ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၃)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မိတ္ထီလာမြို့ ဦးမြင့်ဝင်း+ဒေါ်ဝင်းလွင်သန်း (သား) မောင်အောင်မျိုးမြတ် (သမီး)မပန်ဆုပြည့်၊ မနီလာဆုပြည့်၊ မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ မိတ္ထီလာမြို့ ဦးစောဌေး+ဒေါ်ခင်ကြည်မိုး မိသားစုမှ အလှူငွေ ငါးသောင်းကျပ် လှူဒါန်းစဉ်။(17.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...