Daily Archives: August 16, 2017

သတင်း

ဇူလိုင်လ ရခိုင်ခရီးစဉ်မှတ်တမ်းနှင့် ရွှေသံစဉ်ဝင်းမော်ရဲ့ လက်စွမ်း

ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ခရီးစဉ်တစ်လျှောက် ကိုဝင်းမော်(ရွှေသံစဉ်) မှတ်တမ်းတင်ထားတာလေးတွေပါ။ ဝီရသူ(မစိုးရိမ်) ရဟတ်ယာဉ်နဲ့သွားသလား၊ ကားနဲ့သွားသလားဆိုတာ ကြည့်လိုက်ပါ။ ရည်ရွယ်ချက်ရှိရှိ သွေးခွဲစကားတွေနဲ့ ရမ်းစော်ကားနေမယ်ဆိုရင်တော့ အကုသိုလ်နှင့်ဆိုးကျိုးကလွဲလို့ ဘာကောင်းကျိုးမှ ရလာမှာမဟုတ်ဘူး။ ရခိုင်ပြည်ရဲ့ အခြေအနေကတော့ ကိုဝင်းမော်(ရွှေသံစဉ်)ပြောသလိုပါပဲ။ ပုံပြင်မဟုတ်ဘူးနော်……….။ ညီနောင်တိုင်းရင်းသားတွေ ကာကွယ်မယ်ဆိုရင်တော့ ရပါသေးတယ်ဗျာ။ ဝီရသူ(မစိုးရိမ်) 16.8.2017 10:06
သတင်း

မဘသနှင့် ပရိယတ္တိသာသနာ

အရှင်ဣန္ဒာစက္ကာဘိဝံသ ဆိုတာ မ.ဘ.သ(ဗဟို)အတွင်းရေးမှူး(၃) ဆရာတော်ပါ။ မန်း မ.ဘ.သ ဦးဆောင်ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်ကြီး နိရုတ္တိနယူပဒေသကျောင်း နာယကတာဝန် ထမ်းဆောင်ရင်း ပရိယတ္တိသာသနာကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူပဲဖြစ်ပါတယ်။ မနက် ကိုးနာရီမှာ စာချတန်းများအား သီလက္ခန်ကျမ်း စာဝါတစ်ကြိမ်၊ မွန်းလွဲ နှစ်နာရီမှာ စာသင်တန်းများအား သဒ္ဒတ္ထဘေဒစိန္တာစာဝါ၊ ညနေ လေးနာရီမှာ အကြီးတန်းများအား သဂြုင်္ိလ်စာဝါ၊ ညနေ ငါးနာရီမှာ အကြီးတန်းများအား ပဋ္ဌာန်းစာဝါ စုစုပေါင်း နေ့စဉ် စာဝါလေးဝါ ပို့ချနေတဲ့ စာချနာယက ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ အမျိုးသားရေးတရားတော်များလည်း ...
သတင်းအင်တာဗျူး

အမျိုးသားရေးကို ဖိနှိပ်လာတဲ့အခါမှာလည်း ဥပဒေဘောင်ထဲကပဲ ဖိနှိပ်မှုကို တွန်းလှန်ကြပါ(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံရေးရှုမြင်ချက်) ဆရာတော်ဦးဝီရသူနဲ့ အောင်ဇေယျတုဂျာနယ်တွေ့ဆုံမေးမြန်းမှုဟာ ၁၁ ပတ်မြောက်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံရေးရှုမြင်ချက်တွေနဲ့အတူ ဘဝဖြတ်သန်းမှုပုံရိပ်တွေကို တင်ဆက်ပေးဖို့ ရည်ရွယ်ပြီး ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုဖြစ် ပေမယ့် လတ်တလော ဖြစ်ပေါ်နေတဲ့ ခေတ်ပြိုင်သမိုင်းထဲက အဖြစ်အပျက်တွေမှာ ဆရာတော်ရဲ့အသံကလည်း အရေးကြီးလှတယ်လို့ ယူဆမိပါတယ်။ အဲဒီအတွက် ဒီတစ်ပတ်မှာတော့ ခုရက်ပိုင်းဖြစ်ပေါ်နေတဲ့ သတင်းတွေအကြောင်းကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ မေး – သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်ဘုရား။ အရှင်ဘုရားက အဲဒီအဖွဲ့ကြီးက နုတ်ထွက်ထားတယ်ဆိုတော့ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၄၆)

မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ကြံခင်းမြို့၊ ပုဂံပြန်ဆရာတော် ဘဒ္ဒန္တစန္ဒိမာနှင့် ဖခင်ကြီးဦးတိုက်စိန်တို့အား ရည်စူး၍ မိခင်ကြီးဒေါ်ပုအားအမှူးထားလျှက် မလဲ့လဲ့မွေးနေ့အလှူတော်အဖြစ် ကိုမြင့်စိုးအောင်+မလဲ့လဲ့ (ငါးသုံးလုံးမုန့်တိုက်)မိသားစုမှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းစဉ်။(14.8.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၅,၃၆၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ကြံခင်းမြို့၊ ပုဂံပြန်ဆရာတော် ဘဒ္ဒန္တစန္ဒိမာနှင့် ဖခင်ကြီးဦးတိုက်စိန်တို့အား ရည်စူး၍ မိခင်ကြီးဒေါ်ပုအားအမှူးထားလျှက် မလဲ့လဲ့မွေးနေ့အလှူတော်အဖြစ် ကိုမြင့်စိုးအောင်+မလဲ့လဲ့ (ငါးသုံးလုံးမုန့်တိုက်)မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။(14.8.2017) အရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် ...
မုဒိတာရပ်ဝန်းသတင်းလောကအလင်းပညာဒါနကျောင်း

မုဒိတာရပ်ဝန်း (လောကအလင်း ပညာရေးအလှူတော်)

ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန ကျူရှင်ကျောင်းအတွက် ကြံခင်းမြို့၊ ပုဂံပြန်ဆရာတော် ဘဒ္ဒန္တစန္ဒိမာနှင့် ဖခင်ကြီးဦးတိုက်စိန်တို့အား ရည်စူး၍ မိခင်ကြီးဒေါ်ပုအား အမှူးထားလျှက် မလဲ့လဲ့မွေးနေ့အလှူတော်အဖြစ် ကိုမြင့်စိုးအောင်+မလဲ့လဲ့ (ငါးသုံးလုံးမုန့်တိုက်)မိသားစုမှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းစဉ်။(14.8.2017) အလှူရှင် သစ္စဝေဒဂူဆရာတော်နှင့်အတူ ဆင်းရဲသူ/သားတို့၏ ပညာရေးကို လိုလားကြကုန်ုသော အနုမောဒနာပြုကြသူ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။ လောကအလင်း ပညာဒါန ကျူရှင်ကျောင်းသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်းနှင့် ...
သတင်း

အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများ စောင့်ရှောက်ရေး အလှူငွေ (၁၀)

အိုးဘိုထောင်တွင် ၅၀၅(ခ)ဖြင့် အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသော သံဃာတော် (၆)ပါးနှင့် ကိုကျော်မျိုးရွှေတို့အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(မဘသ-ဗဟို)မှ အလှူငွေ ၁,၀၀၀,၀၀၀(ဆယ်သိန်းကျပ်)(15.8.2017) ကျောက်ပန်းတောင်မြို့ ဦးသုစိတ္တမှ အလှူငွေ ၃၀၀၀၀(သုံးသောင်း)ကျပ်(15.8.2017) မန်း မဘသ ဒေါ်ခင်သန်းအေးမှ အလှူငွေ ၂၀၀၀၀(နှစ်သောင်း)ကျပ်(15.8.2017) ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာ ဦးခင်မောင်မြင့်+ဒေါ်အေးဝင်း မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်(15.8.2017) လှူဒါန်းပါသည်။  (အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(မဘသ-ဗဟို)က အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများ စောင့်ရှောက်ရေးကော်မတီ(ရန်ကုန်)အားလည်း ၁၀၀၀၀၀၀(ဆယ်သိန်း)ကျပ် လှူဒါန်းပါသည်။) ယခုဆိုလျှင် အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများစောင့်ရှောက်ရေးရန်ပုံငွေ ၆၂၆၅၀၀၀ိ (ခြောက်ဆယ့် ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း သားသားမီးမီးများနှင့်အတူ

ဝါခေါင်လဆုတ် ၈ ရက် 15.8.2017 ည 8:00 နာရီမှာ လောကအလင်း ပညာဒါန ကျူရှင်ကျောင်း ရောက်ရှိခဲ့ပါတယ်။ ညဂိုက်တန်းကို နေ့စဉ်ဖွင့်ထားလျက်ရှိပြီး အသစ်အဟောင်း နှစ်တန်းလုံးမှ ကျောင်းသားကျောင်းသူ တစ်ရာကျော်တက်ရောက်ကြပါတယ်။ ဆရာကြီးဦးဝင်းအောင်(သင်္ချာ)အတန်းမဝင်ခင် သားသားမီးမီးတွေနှင့် စကားပြောဖြစ်ပါတယ်။ စာကျက်သူကကျက်နေပြီး သင်္ချာတွက်သူက တွက်နေကြပါတယ်။ အဓိပတိလေးပါးကို အောင်မြင်ကြောင်းတရားလေးပါး ခေါင်းစဉ်နှင့် သြဝါဒပေးခဲ့ပါတယ်။ ဆန္ဒရယ်၊ ဝီရိယရယ်၊ ဇွဲရယ်၊ နည်းစနစ်ရယ်ပါ။ ငယ်စဉ်စာသင်သားဘဝ ရဟန်းသိက္ခာ နှစ်ဝါအရွယ်မှာ ကိုယ်တိုင်စပ်ဆိုခဲ့တဲ့ ဘာမဆိုအောင်ရမည် ကဗျာလေးကို နှုတ်တိုက်ပို့ချပြီး စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းပေးခဲ့ပါတယ်။ ပါရမီအလင်းရောင် ပရဟိတ လူငယ်မောင်မယ်လေးများက နှာခေါင်းစီးများ ...