Daily Archives: September 10, 2017

သတင်း

ကရင်ပြည်နယ် မဘသ သဘောထားကြေညာချက်

ဘားအံမြို့နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဘားအံမြို့ ကရင်ပြည်နယ် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အစွန်းရောက်ခိုးဝင်ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကန့်ကွတ်ရှုတ်ချခြင်း အမျိုး ဘာသာ သာသနာ ဖိနှိပ်ချုပ်ချယ်ခြင်းများ ရပ်တန့်စေရေးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးအတွက် အထူးအသိပေးဟောပြောပွဲ သဘောထားထုတ်ပြန်ချက် ၁။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄(ဂ)ပြဋ္ဌာန်းချက်ပါ အသင်းအဖွဲ့ သို့မဟုတ်အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်နှင့်အညီ နိုင်ငံတော်အစိုးရအဖွဲ့မှ တရားဝင်အသိအမှတ်ပြုပေးရန် အလေးအနက်တောင်းဆိုသည်။ ၂။ အမျိုးသားရေး အသိပညာရေး ဂျာနယ်များဖြစ်သော အောင်ဇေယျတုဂျာနယ်၊ အတုမရှိဂျာနယ်များကို ...
သတင်း

နှောင်းသော်လည်း ကောင်းပါတယ်

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ သဘောထားကြေညာချက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အကြမ်းဖက်ဝါဒကို မည်သည့်အချိန်ကမှ လက်ခံခဲ့ခြင်းမရှိပါ။ လုံးဝဆန့်ကျင်ပါသည်။ အစ္စလာမ့်တရားတော်တွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်နစ်နာစေသည့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်ခြင်း မပြုရန် အတိအလင်း တားမြစ်ထားပါသည်။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သူများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများအားလုံး၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှပင် ဝမ်းနည်းကြေကွဲရပါသည်။ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာနေကြရသူ အပြစ်မဲ့ပြည်သူများအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပါသည်။ ၂။ ...
သတင်း

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၁၄)

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် ၁။ မစိုးရိမ်တိုက်သစ် ဓမ္မဝိမုတ္တိရသကျောင်း စာသင်သားသံဃာတော်များမှ အလှူငွေ ၁၄၄၀၀၀(တစ်သိန်းလေးသောင်းလေးထောင်)ကျပ် လှူဒါန်းပါသည်။(9.9.2017) ၂။ အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ ကိုဖိုးလပြည့်+မတင်မျိုးထက်(ဖိုးလပြည့်မုန့်တိုက်)မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။(9.9.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
သတင်း

သီလပွဲတရားလေးပါ

တော်သလင်းလပြည့် 5.9.2017 မနက် ၉း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် သူရဲကျော်ရပ်ကွက် သူရဲကျော်ဓမ္မာရုံမှာ ဟောကြားပါတယ်။ နှစ်စဉ်နှစ်တိုင်း ပင့်ထားတဲ့ပွဲလေးပါ။ ကိုအောင်အောင်+မနီလာစိုး (သား)မောင်ဆင့်လေးတင်(သမီး)မဟန်နီဦး မိသားစုတို့ရဲ့ သီလပွဲကုသိုလ်ပါ။ အခြားဓမ္မာရုံများသီလပွဲကတော့ မဟနပိတ်ပင်မှုကြောင့် မပင့်ရဲကြတော့ပါဘူး။ တရားပွဲပိတ်ပင်တာက သီလပွဲတွေ ဟောပြောပွဲတွေ သြဝါဒခံယူပွဲတွေနှင့် လုံးဝမဆိုင်ဘူးဆိုတာ မသိကြလို့ ကြောက်တာလဲပါပါတယ်။ သိလျက်နဲ့ ဆိုင်ရာတာဝန်ရှိသူတွေက နှောက်ယှက်ကြလို့ မပင့်ရဲကြတာလည်းပါပါတယ်။ ဒီပွဲမှာတော့ နှောက်ယှက်သူလည်းမရှိ ကြောက်ရွံ့သူလည်းမရှိတဲ့အတွက်ကြောင့် သီလပွဲလေး ဖြစ်မြောက်သွားတာပါ။ ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး ဟောကြားခဲ့ပါတယ်။ ဓမ္မပဒ သဟဿဝဂ် သံကိစ္စသာမဏေဝတ္ထုလာ ဂါထာလေးကို သံပေါက်စီဟောကြားခဲ့ပါတယ်။ ယောစ ဝဿသတံ ဇီဝေ၊ ...
သတင်း

“အကြမ်းဖက်သမားကို ထောက်ခံသူဟာလည်း အကြမ်းဖက်သမားပဲ(၃)” ဝီရသူ(မစိုးရိမ်)

“အကြမ်းဖက်သမားကို ထောက်ခံသူဟာလည်း အကြမ်းဖက်သမားပဲ(၃)” ဝီရသူ(မစိုးရိမ်)