Daily Archives: November 1, 2017

ဂျာနယ်သတင်းအင်တာဗျူး

တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ပါတီကို မုန်းရမယ်ဆိုတဲ့ခံယူချက်ကြီးကလည်း အမျိုးသားရေးအမြင် မဟုတ်ပါဘူး(၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – စဥ့်ကိုင်မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲတစ်ခုမှာ ကိုရင်ကလေးတွေက အောက်ကထိုင်နေရပြီး ဘာသာခြား ဘာသာရေးခေါင်းဆောင်တွေက ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ဓာတ်ပုံကို တွေ့ပါတယ်ဘုရား။ အဲဒီ ဓာတ်ပုံနဲ့ပတ်သက်ပြီး အရှင်ဘုရားရဲ့ သဘောထားကို သိချင်ပါတယ်ဘုရား။ ဖြေ – စလုပ်ကတည်းကိုက ဘာသာရေးကို အကြောင်းပြပြီးနိုင်ငံရေးအသုံးချတာပေါ့။ အဲဒီတော့ စေတနာမမှန်ဘူး။ စေတနာမမှန်တော့ လုပ်ရပ်လည်း မမှန်ဘူးပေါ့။ တကယ်ဆိုရင် ဘယ်သူမှ ရောက်မလာခင်ကတည်းကိုက ကိုရင်လေးငါးဆယ်က အရင်ရောက်နှင့်နေတာလေ။ ကိုရင်တွေက အရင်ရောက်နှင့်နေပါလျက်နဲ့ ကိုရင်တွေကို အဲဒီလို ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (1.11.2017) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း

မန္တလေးတိုင်း NLD အား မန္တလေးတိုင်းသံဃနာယက ခေါ်ယူဆုံးမ

စဥ့်ကိုင်မြို့တွင်ပြုလုပ်သည့် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့်ပတ်သက်၍ တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ပွဲစီစဉ်သူများနှင့် တာဝန်ရှိသူများကို 30.10.2017 ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီအချိန်တွင် မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်ကြီးရှိ တိုင်းသံဃနာယကအဖွဲ့ရုံး၌ ခေါ်ယူဆုံးမသြဝါဒပေးခဲ့ပါသည်။ 24.10.2017 ရက်နေ့က ပြုလုပ်ခဲ့သော စဥ့်ကိုင်မြို့နယ် လွတ်လပ်ရေးကျောက်တိုင်ကွင်း ဘာသာပေါင်းစုံဆုတောင်းပွဲ၌ သံဃာတော်များနှင့် သာမဏေများအား ဘာသာခြားများအောက်၌ နေရာချထားမှုနှင့်ပတ်သက်ပြီး ဆုံးမသြဝါဒပေးခြင်းဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မိုးကောင်းကျောင်းတိုက် ဒိုက်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကာဘိဝံသ ဘုရားကြီးတိုက် အလယ်တိုက်ကြီးဆရာတော် ဘဒ္ဒန္တဝါသဝ၊ ဒီပဲယင်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဓမ္မဓဇနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးလှိုင်ဝင်း၊ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး ...