Daily Archives: January 15, 2018

သတင်း

အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား(၃)

ဟိုတလောက ဓမ္မရဝေတောရကျောင်းတိုက်မှာ သိမ်ရေစက်ချပွဲ အခမ်းအနား ကျင်းပတာတွေ့ရပါတယ်။ ထူးခြားတာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်တာပါပဲ။ ပိုပြီးထူးခြားတာက စာတတ် ပေတတ် ကျမ်းတတ်အကျော် ဆရာတော် တော်တော်များများ ကြွရောက်ချီးမြှောက်ကြတာပါ။ အစီအစဉ်လေးကလည်း ထူးခြားပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆရာတော်တွေထံ သြဝါဒခံယူ ထေရ်ကြီးဝါကြီးဆရာတော်သံဃာတော်တွေက ကိုယ်စီကိုယ်ငှ အသီးအသီး သြဝါဒတွေပေးကြနဲ့ အတော်ကြည်နူးစရာကောင်းပါတယ်။ စာရေးသူတို့ကလည်း ဒီလိုပဲ အစိုးရနဲ့သံဃာတော်တွေ အမြဲတမ်း ထိတွေ့နေစေချင်တာပါ။ ဒါမှလည်းဘာသာရေးဘက်က ထိန်းကျောင်းလို့ရစရာရှိတာတွေ ထိန်းကျောင်းနိုင်မှာပါ။ ပြုပြင်လို့ရစရာရှိတာတွေ ပြုပြင်နိုင်မှာပါ။ အဲဒီအတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရပါတယ်။ ဘာပဲပြောပြော ဆရာတော် သံဃာတော်တွေထံ သြဝါဒခံယူဖော်ရသေးတယ်ဆိုပြီး အားရ ကျေနပ်ခဲ့ရတာပါ။ ဆက်စပ်ပြီးတွေးမိတာကတော့ ကုသိုလ်လုပ်တာချင်းအတူတူ ...
သတင်း

နောင်ချိုမြို့နယ် သပြေဒိုးရွာ ကျောင်းအပ်ပွဲ

9.1.2018 ပြာသိုလဆုတ်၁၀ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သပြေဒိုးကျေးရွာ ဘုန်းကြီးကျောင်းတိုက်မှာကျင်းပပါတယ်။ ကျောင်းထိုင်ဆရာတော်ဦးကောဝိဒက စာရေးသူရဲ့ နောင်တော်အရွယ်လည်းဖြစ် မစိုးရိမ်တိုက်သစ် သိမ်ကျောင်းမှာအတူနေရစဉ် သကျသီဟစာသင်တန်း စာအတူလုပ်ဘက်လည်းဖြစ်လို့ မစိုးရိမ်တိုက်သစ်သူငယ်ချင်းများ မစိုးရိမ်တိုက်သစ်နာယက ဆရာတော်များ ကြွရောက်အားပေးကြပါတယ်။ သပြေဒိုးရွာ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးမရှိသေးတာကြောင့် ရွာသူရွာသားများက ရပ်ကျေးသံဃနာယက သုံးဆယ်ရွာ မြို့မကျောင်းဆရာတော်ထံ လျှောက်ထားရာ မြို့မကျောင်းဆရာတော် ဦးပညာသာရက စာရေးသူထံ ရွာသူရွာသားများလွှတ်ပြီး ကျောင်းထိုင်ဆရာတော်ရှာခိုင်းတာပါ။ နောင်တော်ကြီးဦးကောဝိဒက ကျောင်းမထိုင်ရသေးဘဲ မန္တလေးကို အလည်ရောက်နေတာနဲ့ကြုံလို့ တစ်ခါတည်း မိတ်ဆက်ပေးလိုက်ပါတယ်။ ရွာသူရွာသားတွေကလည်း နောင်တော်ကြီးဦးကောဝိဒကိုကြည်ညိုလို့ တစ်ပါတည်း ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း သားသားမီးမီးလေးတွေ

လောကအလင်း သားသားမီးမီးလေးတွေ ဒီလိုလေးတွေ စာကျက်ကြတယ်။ 14.1.2018 ရက်နေ့ ညနေ 4:00 အချိန် သင်္ချာဆရာကြီး ဦးမင်းအောင် ခွင့်ယူထားလို့ ဆရာတော်ဦးဝေပုလ္လ Engပြရင်း လေ့ကျင့်ခန်းလုပ်ခိုင်း စာကျက်ခိုင်းနေတာပါ။ အောင်မြင်ကြပါစေသော်—- ဝ်။
သတင်း

မောင်တောမြို့နယ် သက္ကယ်ပြင် ဗလီရေကန်ထဲမှ လက်လုပ် သေနတ် ၃၂ လက် သိမ်းဆည်းရမိ

နိရဉ္စရာ၊ ဇန်န၀ါရီ ၁၄ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သက္ကယ်ပြင် မူဆလင်ကျေးရွာ ဗလီရှေ့ ရေကန်မှ လက်လုပ် သေနတ် ၃၂ လက်ကို ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်က သိမ်းဆည်းရမိသည်ဟု မောင်တော ခရိုင် ရဲမှူုးကြီး ထွန်းမြင့်ထွန်းက အတည်ပြု ပြောကြားသည်။ “ဟုတ်တယ်ဗျာ။ ဖားရှာ၊ ငါးရှာရင်းနဲ့ သက္ကယ်ပြင်ကျေးရွာ ဗလီရှေ့ ရေကန်က တွေ့တာပါ။ စုစုပေါင်း လက်လုပ်သေနတ် ၃၂ လက်ပါ” ဟု နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ...
သတင်း

မတန်ဘူးကွာ

မတန်ဘူးကွာ သင်္ကန်းခြင်းတစ်ခုလက်ခံမိပါတယ်။ ဒေါ်လာသန်းချီဆိုတာတွေ ငွေကျပ်ကားဘယ်နှစ်စီးတိုက်ဆိုတာတွေနဲ့ စွပ်စွဲခံခဲ့ရ။ တကယ်လှူရင်လည်း တော်သေးရဲ့။ မတန်ဘူးကွာ ထောင်ထွက်အချင်းချင်းနှုတ်ဆက်မိတာလေးနဲ့ အခုထိ ဒီပုံတွေပြပြီး အတိုက်ခိုက်ခံနေရတုန်းပဲ။ မတန်ဘူးကွာ ဘုရားရှင်ရဲ့မေတ္တာတရား ဒီလူတွေအပေါ်ထားခဲ့မိတာ။ မဟန်ဘူးကွာ ဒီမိုကရေစီခေတ်မှာ ဒီလူနှစ်ယောက်ကို လက်ခံမိတာ။ မမှန်ဘူးကွာ ဒီမိုကရေစီအရ ဒီလူတွေအပေါ် အာဃာတထားရမယ်ဆိုတာ။ မခံဘူးကွာ ချိတ်ထမီကိုခေါင်းပေါင်းမှ နိုင်ငံတော်ဘုန်းကြီ့းဖစ်နိုင်မယ်ဆိုတာ။ ဝီရသူ( မစိုးရိမ်) 14.1.2018 6:36   ဆက်လက်ဖတ်ရှုရန် Link https://m.facebook.com/story.php…
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၁၉၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဂျိုးထောင်စံပြကျေးရွာ ဓမ္မစကူးလ်အဖွဲ့မှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (10.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ...
သတင်း

ဘာဝနာခန်းမ အလှူရှင်

စာရေးသူ ဘုရားဝတ်တက်ဖို့အတွက် တိုးချဲ့ဆောင် အခန်းလေးတစ်ခန်း သီးသန့်ဆောက်လုပ်ထားပါတယ်။ အဲဒီအခန်းလေးမှာ နေ့စဉ် ဘုရားဝတ်တက်ပါတယ်။ ပဋ္ဌာန်းရွတ်ပါတယ်။ ဂုဏ်တော်ပွားပါတယ်။ မေတ္တာပို့ပါတယ်။ အမျှဝေပါတယ်။ စာရေးသူဟာ စာသင်တိုက် စာချဆရာတော်တစ်ပါးဖြစ်ပေမဲ့ ဘုရားဝတ်တက် အပျက်မခံပါဘူး။ ထို့အတူ အမျိုးသားရေးအလုပ်တွေနဲ့ အမြဲတမ်း အရှုပ်တွေလုပ်လို့ အလုပ်တွေရှုပ်နေသော်လည်း အနိက္ခိတ္တဝတ္တ- ဝတ်မပြတ် ရွတ်ဖတ်မှုကုသိုလ်တွေလည်း မြဲပါတယ်။ မနက်တစ်ချိန်၊ ညနေစောင်းတစ်ချိန်၊ ညတစ်ချိန်၊ ဘုရားဝတ်တက်ရွတ်ဖတ်တာတွေလုပ်ပါတယ်။ အရင်တုန်းကတော့ ဘုရားခန်း ဘုရားကျောင်းဆောင် သီးသန့်မရှိလို့ အိပ်ခန်းနှင့် ရုံးခန်းထဲမှာပဲ ရွတ်ဖတ်ဝတ်တက်ရပါတယ်။ အခုတော့ ဘုရားကျောင်းဆောင်နှင့် ဘာဝနာခန်းလေး သီးသန့် အလှူရှင်ပေါ်ပေါက်လာလို့ ဒီအခန်းလေးမှာပဲ ပုံမှန် ...