Daily Archives: January 19, 2018

သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင် မဟုတ်ဘူး(၉)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဟင်းတစ်မယ်စကားက ခေတ်စားသွားတယ်။ ကုန်ဈေးနှုံးကြီး မြင့်ခြင်းနဲ့ ပတ်သက်ပြီး မေးတဲ့ပြည်သူတစ်ဦးကို ဆက်ဆံပုံကလည်း ကြောက်စရာ။ အလုပ်ရှင်က အလုပ်သမားကို ဖိဟောက်သလိုမျိုးကြီး။ ဟင်းတစ်မယ်လျှော့စားခိုင်းတာ၊ အလှူမလှူဖို့တားမြစ်တာ၊ အလှူပေးရင်လည်း ဟင်းတွေအများကြီးနဲ့ မကျွေးမွေးဖို့ သတိပေးတာတွေကို နိုင်ငံရေးအယူအဆလွဲမှားမှု ဖြေရှင်းပုံနည်းလမ်းမကျမှုအဖြစ် လက်ခံလို့ရပေမယ့် ပြည်သူတွေကို လှိမ့်ဟောက်တာကြီးကတော့ အတော်အကျည်းတန်လွန်းတယ်ဗျ။ အာဏာရှင်တွေခေတ်တုန်းက ပြည်သူတွေအပေါ် ခပ်ကြမ်းကြမ်းကိုင် တွယ်ခံခဲ့ရလို့ ခံစားနေရတဲ့ ဝေဒနာကို ပြည်သူ့အစိုးရက ကုစားပေးရမည့်အစား အာဏာရှင်တွေလိုပဲ အပေါ်စီးကနေ ဟောက်နေခြောက်နေတာကြီးကတော့ ရေနစ်တဲ့သူ ဝါးမကူဘဲ သဲအိုးစွပ်ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၀၄

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကူမဲမြို့၊ ဘုရားကြီးကျောင်းတိုက် ဦးပဏ္ဍိစ္စမှ အလှူငွေ ၇၀၀၀၀(ခုနစ်သောင်း)ကျပ် လှူဒါန်းစဉ်။ (16.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၂၆,၈၉၀,၅၀၀ိ ...
သတင်း

ပညာပါရမီ ကုသိုလ်ရှင်များအတွက် သတင်းကောင်း

ငါးဘာသာ ဂုဏ်ထူးရှင်လေးပါ။ ဆေးကျောင်းတက်နေပါတယ်။ ဒီလမှ စတက်တာပါ။ ပညာသင်စရိတ် ထောက်ပံ့ကြေး လိုအပ်နေပါတယ်။ ဆရာဝန်ဖြစ်သည်အထိ ထောက်ပံ့နိုင်သူဖြစ်စေ၊ မိမိတတ်နိုင်သလောက် လှူဒါန်းနိုင်သူဖြစ်စေ၊ ဆက်သွယ်နိုင်ပါတယ်။ မိဘနာမည်နှင့် ကျောင်းသားနာမည် ခုံနံပါတ်တို့ကို ထည့်မထားတာက ကျောင်းသားကို စာနာလို့ပါ။ ကူညီထောက်ပံ့လိုသူတွေကို မိသားစုနှင့် ကျောင်းသားနှင့် တိုက်ရိုက် ဆက်သွယ်ပေးပါ့မယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကျောင်းသားတစ်ဦး ပညာရေးစရိတ်အခက်အခဲရှိနေလို့ သတင်းတင်ပေးလိုက်တာ တစ်လ ငါးသောင်းလှူဒါန်းသူနှစ်ဦး ပေါ်ပေါက်ခဲ့ပါတယ်။ ထိုကျောင်းသားလေး ပထမနှစ်အောင်သွားပါပြီ။ အဲဒီလိုပဲ အလှူရှင်ရှာပေးထားတဲ့ဆေးကျောင်းသားတွေလည်း မနည်းပါဘူး။ အားလုံးကြိုးစားကြပါတယ်။ အားလုံးအောင်မြင်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ စာကြိုးစားတဲ့ ကျောင်းသားလေးတစ်ယောက် ယာဉ်မတော်တဆမှုနှင့် ဆုံးပါးသွားခဲ့ပါတယ်။ ဆရာဝန်မဖြစ်ခင် လမ်းခုလတ်မှာ ဆုံးပါးသွားခဲ့ရတာ စိတ်မကောင်းပါဘူး။ တိုင်းပြည်အတွက် အများကြီးနစ်နာပါတယ်။ သူများဆေးကျောင်းတက်ခိုင်းလို့ ဆေးကျောင်းတက်ရတဲ့ ...
သတင်း

ဘုရား၊ ကျောင်း၊ ရဟန်းအမကြီး အမေပြုံး အသက်(၉၂)နှစ် ဈာပန

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်၊ အကွက်(၅၄၆)ရပ်ကွက်နေ ဦးသိန်းဝင်း+ဒေါ်ကြိုင်ကြိုင်၊ ဦးသန်းဝင်း+ဒေါ်တင်တင်အုန်းတို့၏ မိခင်ကြီး အမေပြုံးရဲ့ ဈာပနပါ။ အသက်(၉၂)နှစ်ရှိပါပြီ။ မသေခင်တဖွဖွပြောခဲ့တဲ့ သက်သောင့်သက်သာ ပုံစံနဲ့ပဲ ကွယ်လွန်ခဲ့တာပါ။ သုသာန်ရောက်မှ သရဏဂုံတင်ပေးပါလို့ မှာခဲ့ပါတယ်။ အခြားသော သုသာန်ဝန်းကျင်မှာ ရှိကြတဲ့ မကျွတ်မလွတ်သေးတဲ့ သတ္တဝါတွေလည်း အမျှဝေတဲ့အခါ သာဓုခေါ်လို့ရအောင် ချမ်းသာသုခရအောင် အမျှပေးဝေပြီးသားဖြစ်တာကို ရည်ရွယ်ပြီး သားကြီးဦးသိန်းဝင်း သမီးဒေါ်တင်တင်အုန်းနှင့် မြေးမြစ်တစ်စုကလည်းပဲ မိခင်ကြီးဒေါ်အုန်း မှာခဲ့တဲ့အတိုင်းပဲ တောင်အင်း မြောက်အင်းသုသာန်မှာ သရဏဂုံတင်ပြီး အမျှအတန်း ပေးဝေပါတယ်။ အမေပြုံးတို့မိသားစုဟာ ဘုရားဒကာ ကျောင်းဒကာ ရဟန်းဒကာများဖြစ်သလို အမျိုးဘာသာ သာသနာကို ...
သတင်း

မန်း မဟော်သဓာကျောင်းတော်ကြီး ဖြစ်မြောက်ရေး အစည်းအဝေး ဖိတ်ကြားလွှာ

(မန်း မဘသ ဝိုင်းတော်သားများ၊ မျိုးချစ်သမဂ္ဂ ဝိုင်းတော်သားများ၊ အမျိုးသားရေး အင်အားစုများ၊ မျိုးချစ်ပုဂ္ဂိုလ်များ၊ အမျိုးသားပညာရေးကို စိတ်ဝင်စားတက်ကြွသူများကို ဖိတ်ကြားထားပါသည်။ နယ်ပယ်အသီးသီးမှ ပညာရေးကို စိတ်ဝင်စားသော မည်သူမဆို အစည်းအဝေးတက်ရောက်၍ အကြံဉာဏ်ပေးနိုင်၊ ကာယအား၊ ဉာဏအား ပါဝင်ဆောင်ရွက်နိုင်ကြောင်းပါ။) ======================================================== ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာ တည်ထောင်ဖွင့်လှစ်မည့် မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးကော်မတီ ဖွဲ့စည်းမည် ဖြစ်ပါသဖြင့် ကြွရောက်ချီးမြှောက်တော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေ့ရက်- တပို့တွဲလဆန်း ၅ရက်၊ (21.1.2018)၊ တနင်္ဂနွေနေ့ အချိန်- မွန်းလွဲ(၂း၀၀)နာရီ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၀၃

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်ကျောင်းဆရာတော် ဦးပညာသေဋ္ဌမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (16.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ခားအလှူရှင်များ ...
သတင်းအင်တာဗျူး

ဘယ်အစိုးရမှ အမျိုးသားရေးစိတ်ဓာတ်နဲ့ကင်းပြီး ရပ်တည်လို့မရနိုင်ဘူး(အပိုင်း-၂ နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)   မေး -ခုလုပ်နေတဲ့ နိုင်ငံရေးတွေ၊ အမျိုးသားရေးတွေကို ဘယ်အချိန်လောက်ထိ ဆက်လုပ်ဖြစ်မလဲ။ အဲဒါတွေမလုပ်ဖြစ်တော့ရင်ရော ဘာတွေလုပ်မလဲဘုရား။ ဖြေ – နိုင်ငံရေးဆိုတာကလည်း ၀ါသနာပါလို့ လုပ်နေတာမဟုတ်ဘူးလေ။ အမျိုးသားရေးဆိုတာကလည်း ၀ါသနာပါလို့လုပ်နေတာမဟုတ်ဘူးလေ။ နိုင်ငံရေးစလုပ်ခဲ့စဉ်တုန်းကတော့ ဒီမိုကရေစီပီပီပြင်ပြင်ပေါ်လာစေချင်လို့လုပ်ခဲ့တာပေါ့နော်။ ဒီမိုကရေစိရေးနဲ့ အမျိုးသားရေးကို ဟန်ချက်ညီညီနဲ့သွားစေချင်တာလေ။ ဒါပေမယ့် လက်ရှိအစိုးရသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကြီးက အမျိုးသားရေးကို ဘေးချိတ်ထားတဲ့ လမ်းကြောင်းကြီးဖြစ်နေတော့ ဦးဇင်းတို့က အမျိုးသားရေးကို ဦးစားပေးပြီး လုပ်ကြရတာပေါ့။ အဲတော့ ဒီမိုကရေစီ မပီပြင်သေးသရွေ့ နိုင်ငံရေးမှာ ဦးဇင်းတို့က အမြဲတမ်း ကလောင်နဲ့ တည့်မတ်သင့်တဲ့နေရာ ...