Daily Archives: January 26, 2018

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၁၀

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်  မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်း၊ ၂၉×၃၀လမ်းကြား ဒေါ်မေမြ(သမီး)မကြွယ်ကြွယ်ဦး၊ မနွယ်နီဝင်း၊ မမာလာဝင်း(သား)မောင်ရန်ပိုင်ထွန်း မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (22.1.2018) (1.9.2017 ရက်နေ့တုန်းကလည်း အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းဖူးပါသည်။ ယခုအကြိမ်နဲ့ဆိုလျှင် ဒေါ်မေမြ မိသားစုသည် မန်းမဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းပြီး ဖြစ်ပါသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ ...
သတင်း

ကြိတ်ကြိတ်တိုးတဲ့ တရားပွဲမဟုတ်ပါ တိတ်တိတ်တိုးတဲ့ တရားပွဲသာဖြစ်ပါတယ်

23.1.2018 ရက်နေ့ ညနေပိုင်းမှာ စစ်ကိုင်းတိုင်း မြင်းမူမြို့သို့ ရောက်ရှိပါတယ်။ ရွှေမင်းသားဆရာတော်ကြီး သီတင်းသုံးရာ ရေဝန်မင်းသားကျောင်းတိုက်ကို ရောက်ရှိပါတယ်။ ရွှေမင်းသားဆရာတော်ကြီးကို ဖူးမြော်ပူဇော်ပြီး အမျိုး ဘာသာ သာသနာအရေး သြဝါဒခံယူခဲ့ပါတယ်။ ညနေစောင်းမှာ အလ္လကပ္ပရွာ မိုးကောင်းကျောင်းတိုက်သို့ ရောက်ရှိပါတယ်။ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် မော်မော်ရွှေဆိုင်မိသားစုများဖြစ်တဲ့ ကိုရန်ကြီးအောင်+မတင်တင်မော် တို့ရဲ့ ရဟန်းခံအလှူမင်္ဂလာပွဲပါ။ ရဟန်းလောင်း ရှင်အဂ္ဂဝံသကို ရဟန်းခံပေးမည့်ပွဲဖြစ်ပါတယ်။ ရဟန်းလောင်းကလည်း စိတ်အားထက်သန်၊ ရဟန်းဒါယကာ ဒါယိကာမများကလည်း စာရေးသူရဲ့ ဒကာရင်းများလည်းဖြစ်နေတာကြောင့် တရားပွဲကျင်းပရန် အားခဲထားကြသော်လည်း အတိုင်အတော ထူသော အနီအကြောင်တွေ အခွင့်ကောင်းရသွားမှာစိုးလို့ တရားပွဲလက်မခံလိုက်ပါ။ ရဟန်းခံကြွရုံသက်သက်ကိုပဲ သံဃနာယကအဖွဲ့ကခေါ်လိုက် ...