Monthly Archives: April 2018

သတင်း

စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၁၀)

ဒီနေ့ နှောင်းတန်ခူးလပြည့်၊ (31.3.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ ထမင်းဆီဆမ်း၊ ကြက်သားကြော်၊ ပဲတီချဉ်သုပ်၊ ပုဇွန်ခြောက်ကြော်ဖြင့် အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုသည့် မူလ ငယ် လတ် ကြီး သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုသည့် ဘာသာရပ်ကတော့ မူလတန်း အငယ်တန်း အလတ်တန်း သံဃာတော်များက ညဝါ၊ အကြီးတန်း သံဃာတော်များက ဆန်း ဖြစ်ပါတယ်။ 1.4.2018 ရက်နေ့မှာတော့ ငယ် လတ် ကြီး များ ဖြေဆိုကြမှာ ...