Monthly Archives: April 2018

သတင်း

တောင်ကြီးခရီးစဉ်- ၃

21.3.2018 ရက်နေ့ မနက် အရုဏ်ဆွမ်း တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ သီတဂူကျောင်းတိုက်မှာ ဘုဉ်းပေးပါတယ်။ ရွှေတောင်ရပ်ကွက်မှ ဝံသာနုအဖွဲ့ ဝိုင်းတော်သူ ဝိုင်းတော်သားများက စုပေါင်းဆက်ကပ်တာပါ။ ရွှေတောင်ဆရာတော်ကြီးလည်း ကြွရောက်ချီးမြှောက်ပါတယ်။ ဝံသာနုရက္ခိတ ဝိုင်းတော်သားထဲမှာ မန္တလေးသပိတ်စခန်းတုန်းက ဖမ်းခေါ်သွားခံခဲ့ရတဲ့ သပိတ်မယ်တစ်ဦးလည်း ပါဝင်ပါတယ်။ သပိတ်မယ်ရဲ့ အတွေ့အကြုံတွေလည်း နားထောင်ခဲ့ရပါတယ်။ ညီတော်မောင် မြစေတီ အရှင်ဂန္ဓသာရ၊ ဒေါက်တာ အရှင်ဝိမလဝံသ တို့လည်း စာရေးသူနှင့်အတူ ဆွမ်းဘုဉ်းပေးကြပါတယ်။ အရုဏ်ဆွမ်းရော နေ့ဆွမ်းပါ ကပ်လှူကြတာပါ။ စာရေးသူကတော့ သော့ချိတ်လေးတွေ တရားပေါင်းချုပ် စတစ်လေးတွေ စာစောင်လေးတွေ မေတ္တာလက်ဆောင် ပြန်ပေးခဲ့ပါတယ်။   ...
မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာ စာမေးပွဲအောင်စာရင်း

2.4.2018 ရက်နေ့မှာ အောင်ဂေဇက်ထုတ်ခဲ့ပါတယ်။ 31.3.2018 ရက်နေ့မှာ ဖြေဆိုခဲ့တဲ့ စာမေးပွဲအောင်စာရင်းပါ။ အခြေခံအဆင့် ၁၇ဦး အောင်မြင်ကြပါတယ်။ ပ ဒု တ နှင့် နှစ်သိမ့်ဆု (၅)ဆု စုစုပေါင်း (၈)ဆု ပထမအဆင့် အောင်မြင်သူ(၃၁)ဦး။ ပ ဒု တ နှင့် နှစ်သိမ့်ဆု(၅)ဆု စုစုပေါင်း (၈)ဆုကို အထူးဆုအဖြစ် သတ်မှတ်ပေးထားပါတယ်။ ဒီထဲမှာ မန်း မဘသ စာမေးပွဲ တိုင်းအဆင့် ဆက်လက်ဖြေဆိုမည့်သူများကို ဆက်လက် သင်ကြားပို့ချပေးသွားပါမယ်။ ကလေးလေးတွေ အောင်စာရင်းကြည့်ပြီး ပျော်ရွှင်နေတာမြင်ရတော့ မိဘတွေလည်း စိတ်ချမ်းသာကြပါတယ်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (2.4.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း

အစိုးရကိုယ်တိုင် ဘုရားမြေထဲ ကျူးကျော်ခြင်း

NLD အစိုးရ ဗုဒ္ဓဘာသာအပေါ်ထားတဲ့ သဘောထားကို လက်တွေ့ပြဆိုလိုက်တာပါပဲ။ နှစ်ပေါင်းများစွာက ဘုရားမြေ၊ စစ်အစိုးရပေးခဲ့တယ်ဆိုပြီး မီးသတ်စခန်းအကြောင်းပြ ဘုရားမြေ ပြန်လုတဲ့ပွဲပါ။ မြေရှားလို့လည်းမဟုတ်ဘူး။ မြေမရှိလို့လည်း မဟုတ်ဘူး။ ဘုရားမြေကို လိုချင်လို့။ တံတိုင်းလည်းခတ်ထားတယ်။ ဂေါပကလည်းရှိတယ်။ သြဝါဒါစရိယလည်း ရှိတယ်။ ဥပဒေကြောင်းအတိုင်းပဲသွားရမှာ။ အခုတော့ ဂေါပကလည်း ထည့်မတွက်။ သြဝါဒါစရိယလည်း ထည့်မတွက်။ ရွာသူရွာသားတွေကိုလည်း ထည့်မတွက်။ အစိုးရက ဓားပြပုံပေါက်နေပြီး ပြည်သူက ဓားပြအတိုက်ခံရတဲ့ပုံစံမျိုး သက်ရောက်နေတာပါ။ မြို့နယ်ထွေအုပ်ရဲ့နောက်ကွယ်မှာ လက်မည်းကြီးတွေရှိနေလို့သာ ဘုရားဝန်းထဲအထိ ကျူးကျော်ရဲတာပါ။ ဒါမှမဟုတ် နိုင်ငံအုပ်ချုပ် မင်းလုပ်တဲ့သူတွေကိုယ်တိုင်က ဘာသာ သာသနာကို စော်ကားခွင့်ပြုထားလို့ ...
သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၁၄)

(၁) ဒီမိုကရေစီဆိုင်းဘုတ်အောက်မှာ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်ရှိမှ ဒီမိုကရေစီစစ်တာပါ။ ရွေးကောက်တင် မြှောက်ခံထားရတာတစ်ခုတည်းကို ဒီမိုကရေစီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရက တရားဥပဒေကို မလေးစားဘဲ လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး တရားရုံးကို ချုပ်ကိုင်ထားရင် အာဏာရှင်စနစ်ကို ကျင့်သုံးရာရောက်ပါတယ်။ ဒီမိုကရေစီအစိုးရကြီး အာဏာရှင်မဆန်ရလေအောင် မဏ္ဍိုင်သုံးခုကို တစ်ကန့်စီခွဲထားရတာပါ။ သူ့ကဏ္ဍနှင့်သူ အုပ်ချုပ်ရပြီး မဏ္ဍိုင်တစ်ခုနှင့်တစ်ခုဟာ တစ်ခါတရံ သူစိမ်းပြင်ပြင် နေကြရသလို တစ်ခါတရံမှာ အတိုက်အခံသမားလို နေကြရတာပါ။ မဏ္ဍိုင်သုံးရပ်လုံးက ကျရာကဏ္ဍမှ ပြည်သူ့အကျိုးကို သယ်ပိုးနေကြသူ များဖြစ်လို့ မဏ္ဍိုင်တစ်ခုခုက ချွတ်ချော်လွဲမှားခဲ့ရင် ကျန်မဏ္ဍိုင်များက ထိန်းကျောင်းတည့်မတ်ပေးရတဲ့သဘော ...
မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာကလေးငယ်များ စာမေးပွဲဖြေဆိုပွဲ

31.3.2018 မွန်းလွဲ ၁း၀၀ နာရီမှာ ကျင်းပပါတယ်။ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ မဟော်သဓာအမျိုးသားရေးကိုယ်ပိုင် အထက်တန်းကျောင်းတော်ကြီးဝန်းအတွင်းမှာ ကျင်းပတာပါ။ ပထမအကြိမ် သင်တန်းဖြစ်လို့ အခြေခံအဆင့်နှင့် ပထမအဆင့်ပဲ သင်ကြားနိုင်ပါသေးတယ်။ ပထမအဆင့် အောင်မြင်သူများကို မန်း မဘသ တိုင်းအဆင့် ယဉ်ကျေးလိမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန် ဆက်လက်သင်ကြားပေးသွားမှာပါ။ ပုသိမ်ကြီးအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးကြည်ကတော့ ဓမ္မစကူးလ်ဆရာမ ဒေါ်ကြည်ကြည်ဆွေကို စာနှင့်ဆင့်ခေါ်ပြီး ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းဝန်းထဲမှာမဖွင့်ဖို့ ကျောင်းဝန်းထဲမှာ သင်ကြားမပေးဖို့ လက်မှတ်ထိုးခိုင်းပြီး တားမြစ်ထားပါတယ်။ ဆရာမဒေါ်ကြည်ကြည်ဆွေက ကလေးငယ်လေးတွေကို ယဉ်ကျေးလိမ္မာမသင်ပေးရ၊ မစောင့်ရှောက်ရ မပြုစုရတော့လို့ ဝမ်းနည်းပက်လက် မျက်ရည်စက်ဖြင့် ...
သတင်း

စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၁၂)

ဒီနေ့ နှောင်းတန်ခူးလပြည့်ကျော်(၃)ရက်၊ (3.4.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ မုန့်တီသုပ် အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုသည့် အကြီးတန်း သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုသည့် ဘာသာရပ်ကတော့ ဇာတ် ဖြစ်ပါတယ်။ ဓမ္မာစရိယတန်း (၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ဆက်ကပ်မှာပါ။ အရုဏ်ဆွမ်းကုသိုလ်ရှင်များ ၁။ ကိုတင်လင်းအောင် အမှတ်(၇)နယ်ထိန်း ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) ၂။ ဒေါ်မာမာဆွေ (ရန်ကုန်) ၅၀၀၀၀ိ (ငါးသောင်းကျပ်) ၃။ ဦးသောင်းထွဋ်+ဒေါ်မြင့်မြင့်စိုး (ရန်ကုန်) ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပူလောင်းရွာ သာသနာပြုဌာနမှ အလှူငွေ ၂၀၀၀၀(နှစ်သောင်း) ကျပ် လှူဒါန်းပါသည်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...
မန်းမဟော်သဓာသတင်း

မဟော်သဓာကလေးငယ်များအား ပဲနို့တိုက်ကျွေး

29.3.2018 ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာရှိ မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးဝန်းအတွင်းမှာ တိုက်ကျွေးပါတယ်။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းသူ သင်တန်းသားလေးများအား ပဲနို့များ တိုက်ကျွေးတာပါ။ သဘာဝပဲနို့ဖြစ်ပြီး ပဲနို့ကြိတ်စက်ဖြင့် ပဲပိစပ်များကို ကြိတ်ပြီး ပြန်လည်ကြိုချက်ကာ အရသာရှိအောင် ပြင်ဆင်ပြီး တိုက်ကျွေးခြင်းပဲ ဖြစ်ပါတယ်။ ဓာတုဗေဒကင်းစင်ပြီး လတ်လတ်ဆက်ဆက် ပဲနို့အစစ်များသောက်ကြရလို့ မဟော်သဓာကလေးငယ်များ ကံကောင်းကြပါတယ်။ နှစ်ကြိမ်သုံးကြိမ်ထပ်တောင်းသူများ နှစ်ခွက်သုံးခွက်သောက်သူများဖြင့် ပျော်စရာကောင်းပါတယ်။ 31 ရက်နေ့ဆိုရင် စာမေးပွဲကျင်းပပေးမှာပါ။ 31 ရက်နေ့မှာ ကြာဇံဟင်းခါး တိုက်ကျွေးမည့်အလှူရှင်ရှိပါတယ်။ လိမ္မာရေးခြားရှိသည့် မဟော်သဓာကလေးငယ်များ အနာဂတ်အမိမြန်မာပြည်ကို ...
သတင်း

၂၀၁၈ အဋ္ဌမဓမ္မသဘင် (ပြည်ကြီးတံခွန် ဆ/ရပ်ကွက်)

တန်ခူးလဆန်း ၁၂ရက်၊ 28.3.2018 ရက်နေ့ ည ၈း၀၀ နာရီ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံမြို့သစ်၊ ဆ/ရပ်ကွက် ၅၃×၅၄လမ်းကြား အေးမေတ္တာလမ်း၊ အမက ၁၈ ကျောင်းဝင်း ဘောလုံးကွင်းအတွင်းမှာ ကျင်းပပါတယ်။ ငါးရက်တာ တရားပွဲဖြစ်ပြီး 24 ရက်နေ့မှ 28 ရက်နေ့အထိ ဓမ္မကထိကဆရာတော်ငါးပါး ဟောကြားကြတာပါ။ စာရေးသူကတော့ ပထမဦးဆုံး စိတ္တသုခပတ္တမြားကျောင်းမှာ ခဏနားပါတယ်။ တရားပွဲကုသိုလ်ရှင် ကိုနိုင်နိုင်အောင်မိသားစုနှင့် တွေ့ဆုံပါတယ်။ ကြိုဆိုရေးအဖွဲ့တွေကိုလည်း သော့ချိတ်လေးတွေ လက်ဆောင်ပေးပါတယ်။ စိတ္တသုခပတ္တမြားဆရာတော်လေးနှင့် တရားပွဲကုသိုလ်ရှင် ကိုနိုင်နိုင်အောင်တို့ကို စာအုပ် စာစောင်များနှင့် သော့ချိတ်များ လက်ဆောင်ပေးပါတယ်။ ရှစ်နာရီထိုးမှ ...
သတင်း


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ် ပူဇော်ပွဲကို ၁၃၈၀ပြည့်နှစ်၊ ကဆုန်လဆန်း(၁၂)ရက်၊ (၂၆.၄.၂၀၁၈)နေ့တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိလေးထပ်ကျောင်းကြီး၌ နံနက်(၉း၀၀)နာရီအချိန် စတင်ကျင်းပ ပူဇော်ကြမည်ဖြစ်ပါ၍ တပည့်များစုံညီကျင်းပနိုင်ပါရန် ကဆုန်လဆန်း(၁၁)ရက်နေ့ (25.4.2018) ည(၇း၀၀)နာရီအရောက် မစိုးရိမ်တိုက်သစ်သို့ ကြွရောက်ကြပါမည့်အကြောင်း(နီး+ဝေး)တပည့်အပေါင်းတို့အား ပင့်ဖိတ်လျှောက်ထားအပ်ပါသည်ဘုရား။ ပူဇော်ပွဲဖြစ်မြောက်ရေးဦးဆောင်စီမံအဖွဲ့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ ဖုန်း-09.259004300/09.2035013   “၁၅နှစ်ပြည့် အထိမ်းအမှတ်ပူဇာမင်္ဂလာ ပင့်ဖိတ်လွှာ နှင့် မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇ ဆရာတော်ဘုရားကြီးအမည်ရှိ အထူးထုတ်စာစောင်ကြီး” ...
သတင်း

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ စတုတ္ထအကြိမ်မြောက် အားပေးခြင်း

ဒီကနေ့ 2.4.2018 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီမှာ ဦးဝင်းဆွေတို့ ဆရာတပည့်တွေ ရောက်ရှိလာပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီး စွန့်ကြဲလိုက်သော သင်္ကန်းနှင့် လှူဖွယ်များ လာရောက်ဆက်ကပ်ခြင်းပါ။ နှစ်ထပ်သင်္ကန်းကြီးလည်း ပါပါတယ်။ သင်္ကန်းဒွိစုံလည်း ပါပါတယ်။ အခြား ဖိနပ်တို့၊ ခါးပန်းကြိုးတို့၊ တဘက်တို့လည်း ပါပါတယ်။ စာရေးသူဝတ်ဆင်တဲ့ သင်္ကန်းရောင်မျိုး ရွေးချယ်ပြီး စွန့်ကြဲလိုက်တာဖြစ်ကြောင်း လျှောက်ထားကြပါတယ်။ ဦးဝင်းဆွေဆိုတာ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ညီဝမ်းကွဲလည်းဖြစ်၊ တူတော်မောင်လည်းဖြစ်ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီး စာရေးသူကို အခုလို ထောက်ပံ့အားပေးတာ လေးကြိမ်မြောက်ရှိပါပြီ။ စာရေးသူနှင့် တိုက်ရိုက် ကြုံတွေ့ရတာတော့ သုံးကြိမ်မြောက်ပါ။ အခြားတစ်ကြိမ်က စာရေးသူ ခရီးထွက်နေလို့ လှူဖွယ်ဝတ္ထုတွေပဲ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၅

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အင်းလေး သပလောက်ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဦးသြဘာသမှ အလှူငွေ ၃၀၀၀၀(သုံးသောင်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...
သတင်း

“မွန်ပြည်နယ် အစိုးရနှင့် မီးသတ်အုပ်စုက ကျိုက္ခမီမြို့မှ ဘုရားဝတ္တကမြေအား ကျူးကျော်ရဲသော်လည်း ဘီးလင်းမြို့ရှိ တရားမဝင်ဗလီကို အရေးယူမှု မရှိ”

“မွန်ပြည်နယ် အစိုးရနှင့် မီးသတ်အုပ်စုက ကျိုက္ခမီမြို့မှ ဘုရားဝတ္တကမြေအား ကျူးကျော်ရဲသော်လည်း ဘီးလင်းမြို့ရှိ တရားမဝင်ဗလီကို အရေးယူမှု မရှိ”  
သတင်း


20.3.2018 နေ့ ၁၁း၀၀ နာရီ ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေသူဋ္ဌေးကုန်း နယ်မြေ-၈နေ ဦးတင့်လွင်+ဒေါ်လှဆန်းမြင့်တို့ နေအိမ်မှာ ကျင်းပပါတယ်။ သိမ်တောင်ကျောင်းမှ စာချဆရာတော် ဘဒ္ဒန္တပညာသိက္ခာလင်္ကာရာဘိဝံသနှင့် အမျိုးသားရေးဓမ္မကထိက ရဟန်းပျိုလေးများဖြစ်တဲ့ ဒေါက်တာအရှင်ဝိမလဝံသနှင့် အရှင်ဂန္ဓသာရတို့ ကြွရောက်ချီးမြှောက်ကြပါတယ်။ နေ့ဆွမ်းစားအပြီးမှာ အနုမောဒနာပြုပါတယ်။ ကာကွယ်ရေး လက်နက်ငါးပါးတရားတော်ပါ။ ဝါစာရယ်၊ ပညာရယ်၊ အသပြာရယ်၊ အာဏာရယ်၊ ခန္ဓာရယ် ဒီငါးပါးနှင့် ကာကွယ်လို့ရကြောင်း။ ပြည်သူအားလုံး တစ်ဦးချင်းတစ်ယောက်ချင်းစီ သိထားဖို့ အမျိုးသားရေးသမားများမှာ တာဝန်ရှိကြောင်း ဟောကြားခဲ့တာပါ။   “တောင်ကြီးခရီးစဉ်-၂(နေ့ဆွမ်းအနုမောဒနာတရားတော်)” 20.3.2018 နေ့ ၁၁း၀၀ နာရီ ...
သတင်း

၂၀၁၈ သတ္တမ ဓမ္မသဘင်(မင်းကင်းကျောက်တန်းရွာ)”

တန်ခူးလဆန်း(၉)ရက် 25.3.2018 ရက်နေ့ ည ၈း၀၀ နာရီမှာ ဟောကြားပါတယ်။ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာမှာ ဟောကြားတာပါ။ MRTV-4 ဆရာတော် အရှင်ကဉ္စနောဘာသ ဇာတိရွာဖြစ်ပါတယ်။ 23ရက်နေ့မှ 28 ရက်နေ့အထိ ၆ ညတိုင်တိုင် ကျင်းပတဲ့ဓမ္မသဘင်ပါ။ စာရေးသူက သုံးရက်မြောက်မှာ ဟောကြားရတာပါ။ ရွှေရတုတိပိဋကဆရာတော်၊ MRTV-4 ဆရာတော်၊ ဒေါက်တာအရှင်သောပါကဆရာတော်၊ စာရေးသူနဲ့ ဟိတဓရဆရာတော်၊ မြနန်းဆရာတော်တို့ပဲ ဖြစ်ပါတယ်။ ဆရာတော်များ မဟောကြားမီ ဆရာမောင်သွေးချွန်၊ ဆရာဦးအေးပိုင်၊ ဆရာသူရိန်စိုး၊ ဆရာမိုးအောင်လင်းနိုင်၊ ဆရာငြိမ်းချမ်းသာတို့လည်း အမျိုးသားရေးအတွေးအမြင်များ ဟောပြောကြပါတယ်။ နေ့စဉ် ရွာသူရွာသားများအား စတုဒီသာကျွေးမွေးကြပါတယ်။ ရေလမ်းခရီး ဖြစ်သဖြင့် ...
သတင်း

အမေ့နှစ်ပတ်လည် ဆွမ်းကပ်အလှူတော်

28.3.2018 ရက်နေ့ မနက် ၉း၃၀ နာရီမှာ ကျင်းပပါတယ်။ မန္တလေးတိုင်း ကျောက်ဆည်မြို့ မင်းကုန်းမဟာစာသင်တိုက်မှာ ကျင်းပတာပါ။ စာရေးသူရဲ့ ငယ်ဆရာ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဇနိတာဘိဝံသ ရေစက်ချတရား ဟောကြားပါတယ်။ စာရေးသူရဲ့ မိသားစုများနှင့် သံဃာတော်များ သီလရှင်များ ကြွရောက်ကြပါတယ်။ တရားပွဲပြီးတဲ့အခါ နေ့ဆွမ်းကပ်ပါတယ်။ နေ့ဆွမ်းကုသိုလ်ကို စာရေးသူရဲ့ အမ မိသားစုက လှူဒါန်းကြပါတယ်။ စာရေးသူက မင်းကုန်းမဟာစာသင်တိုက် စာချဆရာတော်များနှင့် စာရေးသူ သာသနာ့ဘောင်ဝင်ခဲ့ရာ ရွှေလှံထောင်ကျောင်းတိုက်မှ သံဃာတော်များအား နဝကမ္မ အလှူငွေ တစ်သောင်းကျပ်စီ လှူဒါန်းပါတယ်။ စာရေးသူရဲ့မိခင် ဒေါ်တင်တင်ဦး ကွယ်လွန်ခဲ့တာ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၄

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ဦးသန်းထွန်းလာ+ဒေါ်သန္တာလင်း မိသားစုမှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
သတင်း

စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၁၁)

ဒီနေ့ နှောင်းတန်ခူးလပြည့်ကျော်(၁)ရက်၊ (1.4.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ လက်ဖက်ရည် ပေါင်မုန့်ကြက်ဥကြော် အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုသည့် ငယ် လတ် ကြီး သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုသည့် ဘာသာရပ်ကတော့ အငယ်တန်းမှ ဇာတ်၊ အလတ်တန်း သံဃာတော်များက အကြီးတန်း သံဃာတော်များက ပဋ္ဌာန်း ဖြစ်ပါတယ်။ 2.4.2018 ရက်နေ့မှာတော့ အလတ်တန်း အကြီးတန်း များ ဖြေဆိုကြမှာ ဖြစ်ပါတယ်။ ဓမ္မာစရိယတန်း (၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၃

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် တောင်ကြီးမြို့၊ မြို့မဈေး ဦးမြင့်ဦး+ဒေါ်တင်တင်အေး မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...